Oilist ကတော့ သင့်ဖုန်းထဲက ပန်းချီပညာရှင်တစ်ဦးလို့ တင်စားပြောနိုင်လောက်အောင် သင့်ဓာတ်ပုံတွေကို အနုပညာလက်ရာမြောက်တဲ့ ပုံတွေအဖြစ် အသွင်ပြောင်းပေးမယ့် app တစ်ခုပါ။ တကယ့်ပန်းချီပညာရှင် တစ်ဦးလိုပဲ သူ့ကို ဓာတ်ပုံတစ်ပုံပေးလိုက်တာနဲ့ ပုံပေါ်မူတည်ပြီး ထူးခြားတဲ့ အနုပညာလက်ရာကို အလိုအလျောက် ဖန်တီးပေးနိုင်ပါတယ်။ ပြီးရင် အဲဒီပုံတွေကို ချက်ချင်း print လုပ်ပေးနိုင်တဲ့အပြင် ပုံအားလုံးကို 4K resolution နဲ့ save လုပ်ပေးပါတယ်။ ဓာတ်ပုံကဲ့သို့ Photo-realist ကနေ အင်ပရက်ရှင်နစ် (impressionist) အထိ အဲဒီကနေ စိတ္တဇပန်းချီအထိ ပန်းချီရေးဟန် 48 မျိုးအထိပါပြီး photo-realist စတိုင်လ်ကလွဲလို့ ကျန်တဲ့ပန်းချီရေးဟန်အားလုံးမှာ မတူညီတဲ့ စိတ်ကူးစိတ်သန်း abstraction level 3 ခုအထိ အသုံးပြုနိုင်မှာပါ။ Oilist ဟာ photo filter တော့ မဟုတ်ပါဘူး။ Filter app အများစုနဲ့မတူတာက ဒီ app မှာ result တစ်ခုကို ဘယ်တော့မှ 2 ကြိမ် မထုတ်ပါဘူး။ Bursh stroke တစ်ခုစီကလည်း ထူးခြားပါတယ်။ iOS 12.0 နဲ့အထက်မှာ အသုံးပြုနိုင်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Oilist

Oilist ကေတာ့ သင့္ဖုန္းထဲက ပန္းခ်ီပညာရွင္တစ္ဦးလုိ႔ တင္စားေျပာႏိုင္ေလာက္ေအာင္ သင့္ဓာတ္ပံုေတြကို အႏုပညာလက္ရာေျမာက္တဲ့ ပံုေတြအျဖစ္ အသြင္ေျပာင္းေပးမယ့္ app တစ္ခုပါ။ တကယ့္ပန္းခ်ီပညာရွင္ တစ္ဦးလုိပဲ သူ႕ကို ဓာတ္ပံုတစ္ပံုေပးလိုက္တာနဲ႔ ပံုေပၚမူတည္ၿပီး ထူးျခားတဲ့ အႏုပညာလက္ရာကို အလိုအေလ်ာက္ ဖန္တီးေပးႏိုင္ပါတယ္။ ၿပီးရင္ အဲဒီပံုေတြကို ခ်က္ခ်င္း print လုပ္ေပးႏိုင္တဲ့အျပင္ ပံုအားလံုးကို 4K resolution နဲ႔ save လုပ္ေပးပါတယ္။ ဓာတ္ပံုကဲ့သို႔ Photo-realist ကေန အင္ပရက္ရွင္နစ္ (impressionist) အထိ အဲဒီကေန စိတၱဇပန္းခ်ီအထိ ပန္းခ်ီေရးဟန္ 48 မ်ဳိးအထိပါၿပီး photo-realist စတိုင္လ္ကလြဲလုိ႔ က်န္တဲ့ပန္းခ်ီေရးဟန္အားလံုးမွာ မတူညီတဲ့ စိတ္ကူးစိတ္သန္း abstraction level 3 ခုအထိ အသံုးျပဳႏိုင္မွာပါ။ Oilist ဟာ photo filter ေတာ့ မဟုတ္ပါဘူး။ Filter app အမ်ားစုနဲ႔မတူတာက ဒီ app မွာ result တစ္ခုကို ဘယ္ေတာ့မွ 2 ႀကိမ္ မထုတ္ပါဘူး။ Bursh stroke တစ္ခုစီကလည္း ထူးျခားပါတယ္။ iOS 12.0 နဲ႔အထက္မွာ အသံုးျပဳႏိုင္ပါတယ္။

NetGuide Journal (Every Wednesday)