ဒီတစ်ပတ်မှာတော့ Huawei ချစ် မိဘပြည်သူတွေအတွက် Huawei Mate Series ဖြစ်တဲ့ Huawei Mate 20 နဲ့ Huawei Mate 20 Pro ရဲ့ လုပ်ဆောင်ချက်တွေ၊ ကင်မရာပိုင်းတွေ ဘာတွေများ ကွာခြားမှုတွေရှိမလဲဆိုတော့ ကြည့်ကြရအောင်။ Huawei Mate Series မှာတော့ Camera ကို ကျောဘက်အလယ်မှာ လေးထောင့်ကွက်လေးထဲမှာ ကင်မရာ 3 လုံးကို ထည့်သွင်းပေးထားတဲ့ ဒီဇိုင်းက ရိုးရှင်းပြီး ကြည့်လို့ကောင်းတာကို တွေ့မြင်ရမှာပါ။ Huawei Mate 20 နဲ့ Mate 20 Pro ကတော့ စမတ်ဖုန်းကောင်းတစ်လုံး ဖြစ်လာခဲ့ပါတယ်။ Android Version အနေနဲ့ကလည်း 9.0 (Pie) ကို ဖုန်းနှစ်ခုစလုံးမှာ သုံးစွဲပေးထားပါတယ်။ Sensor အနေနဲ့ Mate 20 ကို နောက်ကျောဘက် ကင်မရာအောက်မှာ တွေ့မြင်ရမှာဖြစ်ပြီး Mate 20 Pro မှာတော့ Face ID နဲ့ Under Display (Fingerprint) ကို ထည့်သွင်းပေးထားပါတယ်။ ကဲ Huawei ချစ်ပရိသတ်တွေက နှိုင်းယှဉ်ထားတာတွေ ဆက်လက်လေ့လာကြည့်ကြရအောင်။

(1). Design

Huawei Mate 20
Huawei Mate 20 ဟာ 158.2 x 77.2 x 8.3 mm အရွယ်အစားရှိကာ 188g အလေးချိန် ရှိပါတယ်။ အရောင်အနေနဲ့ကတော့ Midnight Blue, Twilight, Black ဆိုပြီး ရရှိနိုင်ပါတယ်။ Fingerprint ကို နောက်ကျောဘက် ကင်မရာလေးထောင့်ကွက် အောက်လေးနားမှာ တွေ့ရမှာပါ။
Huawei Mate 20 Pro
Mate 20 Pro မှာတော့ 157.8 x 72.3 x 8.6 mm အရွယ်အစားရှိကာ 189g အလေးချိန် ရှိပါတယ်။ အရောင်အနေနဲ့ Emerald Green, Midnight Blue, Twilight, Pink Gold, Black ရရှိနိုင်ပြီး Sensor အနေနဲ့ Face ID နဲ့ Fingerprint (Under Display) တို့ ပါ၀င်ပါတယ်။

(2). Processor

Huawei Mate 20
Mate 20 မှာ Processor ပိုင်းအနေနဲ့ HiSilicon Kirin 980 (7nm) ကို သုံးထားပြီး 2.6GHz မြန်နှုန်းရှိ Cortex-A76 Core 2 ခု၊ 1.9GHz မြန်နှုန်းရှိ Cortex-A76 Core 2 ခုနဲ့ 1.8GHz မြန်နှုန်းရှိ Cortex-A55 Core 4 ခု ပါ၀င်ပြီး ဂရပ်ဖစ်ကတော့ Mali-G76 MP10 ဖြစ်ပါတယ်။
Huawei Mate 20 Pro
HiSilicon Kirin 980 (7nm) Octa Core Processor ကို Mate 20 Pro မှာ သုံးထားပြီး 2.6GHz မြန်နှုန်းရှိ Cortex-A76 Core 2 ခု၊ 1.92GHz မြန်နှုန်းရှိ Cortex-A76 Core 2 ခုနဲ့ 1.8GHz မြန်နှုန်းရှိ Cortex-A55 Core 4 ခု ပါ၀င်ပြီး ဂရပ်ဖစ်ကတော့ Mali-G76 MP10 ဖြစ်ပါတယ်။

(3). Display

Huawei Mate 20
Mate 20 မှာ 6.53 လက်မ Display ဟာ 1080 x 2244 pixels resolution ရှိပြီး 18.7:9 ratio ရှိတဲ့ IPS LCD Touchscreen အမျိုးအစား ဖြစ်ပါတယ်။ Screen-to-body အချိုးဟာ 88.0% ရှိပါတယ်။ Pixel Density 381 ppi ရှိပါတယ်။
Huawei Mate 20 Pro
Mate 20 Pro မှာတော့ 6.39 လက်မ Display ဟာ 1440 x 3120 pixels resolution ရှိပြီး 19.5:9 ratio ရှိတဲ့ AMOLED Touchscreen အမျိုးအစား သုံးထားပါတယ်။ Screen-to-body အချိုးဟာ 87.9% ရှိပါတယ်။ Pixel Density 538 ppi ရှိပါတယ်။

(4). Verdict

Huawei Mate 20
စွမ်းဆောင်ရည်အတွက် Mate 20 မှာ RAM အနေနဲ့ 4/6GB RAM ပါ၀င်ပြီး Storage အနေနဲ့ 128GB Version တစ်မျိုးပဲ ရှိပါတယ်။ အဓိကကင်မရာဟာ Triple 12MP + 16MP + 8MP ဖြစ်ပြီး Selfie အတွက်ကတော့ 24MP ကင်မရာ အရှေ့မှာ ပါ၀င်ပါတယ်။ Android Version 9.0 (Pie) ဖြစ်ပြီး Li-Po 4000 mAh ဘက်ထရီကို တပ်ဆင်ထားပါတယ်။
Huawei Mate 20 Pro
Mate 20 Pro မှာ စွမ်းဆောင်ရည်အတွက် 128GB/6GB RAM နဲ့ 256GB/8GB RAM ဆိုပြီး ရွေးချယ်နိုင်ပါတယ်။ အဓိကကင်မရာဟာ Triple 40MP + 20MP + 8MP ဖြစ်ပြီး Selfie အတွက်ကတော့ 24MP ကင်မရာ အရှေ့မှာ ပါ၀င်ပါတယ်။ Android Version 9.0 (Pie) ဖြစ်ပြီး Li-Po 4200 mAh ဘက်ထရီကို တပ်ဆင်ထားပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Huawei Mate 20 VS Huawei Mate 20 Pro


(1). Design

Huawei Mate 20
Huawei Mate 20 Pro

(2). Processor

Huawei Mate 20
Huawei Mate 20 Pro

(3). Display

Huawei Mate 20
Huawei Mate 20 Pro

(4). Verdict

Huawei Mate 20
Huawei Mate 20 Pro
