Huawei ဟာ အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုကြောင့် အခက်အခဲများ ကြုံတွေ့နေရပေမယ့်လည်း Apple ထက် စမတ်ဖုန်း ရောင်းချရကာ Samsung ပြီးရင် ဒုတိယအကြီးမားဆုံး စမတ်ဖုန်းကုမ္ပဏီအဖြစ် ရပ်တည်နေပါတယ်။ Huawei ဟာ အမေရိကန်ရဲ့ ပိတ်ပင်မှုကြောင့် အမေရိကန်နှင့် ဥရောပဈေးကွက်မှာ ရောင်းအား ကျသွားပေမယ့် မိခင်နိုင်ငံ တရုတ်မှာတော့ မျိုးချစ်စိတ်ဖြင့် အကြီးအကျယ် ရောင်းအား ကောင်းနေပါတယ်။

Taiewan Times ရဲ့ ဖော်ပြချက်အရ Huawei ဟာ 5G ကွန်ရက် တရုတ်မှာ အကြီးအကျယ်မြင့်တက်နေမှု ကြောင့် ပိုပြီးတော့ ရောင်းချလာရဖို့ ယုံကြည်နေကြောင်း သိရပါတယ်။

Huawei ဟာ လာမယ့် 2020 ခုနှစ် ဈေးကွက်က တောင်းဆိုတဲ့အတိုင်း 5G စမတ်ဖုန်းများ ရောင်းချနိုင်ရေး အတွက် 5G စမတ်ဖုန်း အလုံးရေ သန်း 50 ကျော် ထုတ်လုပ်ပေးဖို့ စမတ်ဖုန်း ထုတ်လုပ်ရေးကုမ္ပဏီ Foxconn ထံသို့ အော်ဒါမှာထားကြောင်း သိရပါတယ်။

2019 ခုနှစ် တတိယစမတ်ဖုန်း ရောင်းအား မှတ်တမ်းထွက်လာချိန်မှာ စမတ်ဖုန်းကုမ္ပဏီအသီးသီးတို့ ရောင်းအား ကျဆင်းသွားကြပေမယ့်လည်း Huawei ကတော့ ရောင်းအား 27 ရာခိုင်နှုန်းအထိ မြင့်တက်လာပါတယ်။

လက်ရှိအချိန်မှာ 5G ကွန်ရက် အသုံးပြုနိုင်မှုက တရုတ်မှာ မြင့်မားသထက် မြင့်မားနေတယ်ဆိုပေမယ့် 5G စမတ်ဖုန်း သန်း 50 ကျော်အထိ ထုတ်လုပ်ဖို့ လျာထားမှုက ယုံကြည်မြင့်မားလွန်းနေတယ်လို့ ယူဆကောင်း ယူဆလို့ရပါတယ်။ သေချာတာကတော့ Huawei ဟာ ဈေးကွက်အခြေအနေကို များစွာလေ့လာထားပြီးဖြစ်လို့ ယခုလို သန်း 50 ကျော်ထုတ်လုပ်ဖို့ အော်ဒါတင်ထားလို့ ယူဆရပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Huawei 5G စမတ္ဖုန္း သန္း 50 ေက်ာ္ ထုတ္လုပ္ေပးရန္ Foxconn ေအာ္ဒါအမွာ ရရွိထား

Huawei ဟာ အေမရိကန္ရဲ႕ စီးပြားေရး ပိတ္ဆို႔မႈေၾကာင့္ အခက္အခဲမ်ား ႀကဳံေတြ႕ေနရေပမယ့္လည္း Apple ထက္ စမတ္ဖုန္း ေရာင္းခ်ရကာ Samsung ၿပီးရင္ ဒုတိယအႀကီးမားဆုံး စမတ္ဖုန္းကုမၸဏီအျဖစ္ ရပ္တည္ေနပါတယ္။ Huawei ဟာ အေမရိကန္ရဲ႕ ပိတ္ပင္မႈေၾကာင့္ အေမရိကန္ႏွင့္ ဥေရာပေဈးကြက္မွာ ေရာင္းအား က်သြားေပမယ့္ မိခင္ႏိုင္ငံ တ႐ုတ္မွာေတာ့ မ်ိဳးခ်စ္စိတ္ျဖင့္ အႀကီးအက်ယ္ ေရာင္းအား ေကာင္းေနပါတယ္။

Taiewan Times ရဲ႕ ေဖာ္ျပခ်က္အရ Huawei ဟာ 5G ကြန္ရက္ တ႐ုတ္မွာ အႀကီးအက်ယ္ျမင့္တက္ေနမႈ ေၾကာင့္ ပိုၿပီးေတာ့ ေရာင္းခ်လာရဖို႔ ယုံၾကည္ေနေၾကာင္း သိရပါတယ္။

Huawei ဟာ လာမယ့္ 2020 ခုႏွစ္ ေဈးကြက္က ေတာင္းဆိုတဲ့အတိုင္း 5G စမတ္ဖုန္းမ်ား ေရာင္းခ်ႏိုင္ေရး အတြက္ 5G စမတ္ဖုန္း အလုံးေရ သန္း 50 ေက်ာ္ ထုတ္လုပ္ေပးဖို႔ စမတ္ဖုန္း ထုတ္လုပ္ေရးကုမၸဏီ Foxconn ထံသို႔ ေအာ္ဒါမွာထားေၾကာင္း သိရပါတယ္။

2019 ခုႏွစ္ တတိယစမတ္ဖုန္း ေရာင္းအား မွတ္တမ္းထြက္လာခ်ိန္မွာ စမတ္ဖုန္းကုမၸဏီအသီးသီးတို႔ ေရာင္းအား က်ဆင္းသြားၾကေပမယ့္လည္း Huawei ကေတာ့ ေရာင္းအား 27 ရာခိုင္ႏႈန္းအထိ ျမင့္တက္လာပါတယ္။

လက္ရွိအခ်ိန္မွာ 5G ကြန္ရက္ အသုံးျပဳႏိုင္မႈက တ႐ုတ္မွာ ျမင့္မားသထက္ ျမင့္မားေနတယ္ဆိုေပမယ့္ 5G စမတ္ဖုန္း သန္း 50 ေက်ာ္အထိ ထုတ္လုပ္ဖို႔ လ်ာထားမႈက ယုံၾကည္ျမင့္မားလြန္းေနတယ္လို႔ ယူဆေကာင္း ယူဆလို႔ရပါတယ္။ ေသခ်ာတာကေတာ့ Huawei ဟာ ေဈးကြက္အေျခအေနကို မ်ားစြာေလ့လာထားၿပီးျဖစ္လို႔ ယခုလို သန္း 50 ေက်ာ္ထုတ္လုပ္ဖို႔ ေအာ္ဒါတင္ထားလို႔ ယူဆရပါတယ္။

NetGuide Journal (Every Wednesday)