Performance အကောင်းဆုံး Premium Ultrabook ကိုမှ လိုချင်တဲ့သူတွေအတွက် ASUS Zenbook Duo UX481FL နဲ့ Asus Zenbook Pro Duo UX581 GV လေးကို မိတ်ဆက်ပေးလိုက်ပါတယ်။ Asus ကနေပြီးတော့ Zenbook Duo နဲ့ Zenbook Pro Duo တွေဖြစ်တဲ့ UX481FL နဲ့ UX581GV တို့ကို ထုတ်လုပ် ပေးလိုက်ပါတယ်။ ဒီ Zenbook နဲ့ Zenbook Pro Duo လေးတွေရဲ့ အဓိကထူးခြားချက်တွေကတော့ Screen Pad ပါဝင်လာခြင်း၊ Screen Pad Plus ပါဝင်လာခြင်း၊ IR Camera ပါဝင်ခြင်း၊  WiFi 6 (GIG+) နှင့် နောက်ဆုံးပေါ် 9th Gen နဲ့ 10th Gen i7 Processor များကို တပ်ဆင်ပေးထားခြင်းတို့ ဖြစ်ပါတယ်။ နောက်ဆုံး ပေါ်နည်းပညာတွေ အစုံအလင်နဲ့အတူ အကောင်းတကာ့ အကောင်းဆုံး Performance ကိုမှ လိုချင်တဲ့သူတွေ အတွက် Zenbook Pro Duo UX581GV ရှိနေပါတယ်။ Performance အနေနဲ့ 9th Gen Core i9 processor, Memory 32GB, RTX2060 Graphics တို့ပါဝင်တဲ့အတွက် အကောင်းတကာ့ အကောင်းဆုံး စွမ်းဆောင်ရည် ကို ရရှိမှာပါ။ Screen နှစ်ခုလုံး 4K Oled ဖြစ်တဲ့အတွက် အကောင်းဆုံးရုပ်ထွက်ကိုလည်း ရရှိဦးမှာဖြစ်ပါတယ်။ သူ့ရဲ့ 15-inch Full HD (3840 x 2160) four-sided NanoEdge LCD display four-sided NanoEdge နည်းပညာကို အသုံးပြုထားလို့ ကျယ်ပြန့်ကောင်းမွန်တဲ့ ရုပ်ထွက်ကို ခံစားရမှာပါ။ 12.6″ (1920 x 515) touch ScreenPad Plus display ပါဝင်လို့ Windows 3 ခုနဲ့ အသုံးပြုနေရသလို ဖြစ်နေမှာပါ။ အကယ်၍ သင်ဟာ Performance အမိုက်စား Ultrabook လေးတစ်လုံးကို ဘယ်သွားသွား သယ်ဆောင်သွားချင်တယ်၊ အွန်လိုင်း ဂိမ်းလေးဘာလေးလည်း အပျင်းပြေကစားချင်တယ်ဆိုရင်တော့ ဒီ UX581GV လေးကို လုံးဝရွေးချယ်သင့်ပါတယ်။
Price : (Core i7) – USD 3199 /  (Core i9) – USD 3999
Digiware,   Ph : 09-456100811

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Asus Zenbook Duo UX481 FL / Asus Zenbook Pro Duo UX581 GV


