Aion : Legions of War ဟာ မဟာဗျူဟာကျကျ ကစားရတဲ့ RPG ဂိမ်းတစ်ခုဖြစ်ပြီး mobile device တွေပေါ်မှာ အလွန်မိုက်တဲ့ gameplay နဲ့ console-quality graphcis ပိုင်းကို တွေ့ကြုံခံစားရမယ့်ဂိမ်းပါ။ ကြီးမားတဲ့ တိုက်ပွဲတွေနဲ့ ပြည့်နှက်နေတဲ့ ခရီးတစ်ခုကို စတင်ကာ စစ်ကြောင့်ပျက်စီးနေတဲ့ AION စကြာပဠာအတွင်းက လျှို့ဝှက်ချက်တွေကို ဖော်ထုတ်သွားရမှာ ဖြစ်ပါတယ်။ အားကြီးတဲ့ ဟီးရိုးအယောက် 100 ကျော်ပါတဲ့ အဖွဲ့တစ်ဖွဲ့ကို စုဆောင်းပြီးတော့ နည်းစနစ်ပိုင်းကို အမှန်ကန်ဆုံးဖြစ်အောင် ပုံဖော်ပေးခြင်းဖြင့် ထိပ်တန်းချန်ပီယံတွေနဲ့ ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့ကို ဖန်တီးကာ တိုက်ပွဲဆင်နွှဲသွားရမှာ ဖြစ်ပါတယ်။ တဖြည်းဖြည်း ခက်ခဲလာတဲ့ တိုက်ပွဲတွေကြောင့် ရှေ့ကိုမတက်နိုင်ဘဲ ကြန့်ကြာလာတဲ့အချိန်မှာ ရန်သူကို အပြင်းအထန် တိုက်ခိုက်ဖို့အတွက် special attack တွေကို အချိန်ကိုက်လွှတ်တာ၊ စွမ်းအားကို ရုတ်တရက်မြှင့်ဖို့အတွက် ဟီးရိုးတွေကို သေချာအကွက်ချစေလွှတ်တာတို့လို အဆင့်မြင့်လှည့်ကွက်တွေ သုံးနိုင်ပါတယ်။ ဂန္တဝင်မြောက် လက်နက်တွေ၊ ချပ်ဝတ်တန်ဆာတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို စုဆောင်းတပ်ဆင်ပေးပြီးတော့လည်း လိုအပ်တဲ့အင်အားကို ရယူနိုင်မှာပါ။ ဗျူဟာတွေ အသုံးပြုရာမှာ ပေါင်းစပ်မှုတွေကို အကန့်အသတ်မရှိ လုပ်နိုင်ပါတယ်။ ဒီဂိမ်းကို ကစားဖို့အတွက် iOS 9.0 နဲ့အထက် လိုအပ်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Aion : Legions of War

Aion : Legions of War ဟာ မဟာဗ်ဴဟာက်က် ကစားရတဲ့ RPG ဂိမ္းတစ္ခုျဖစ္ၿပီး mobile device ေတြေပၚမွာ အလြန္မိုက္တဲ့ gameplay နဲ႔ console-quality graphcis ပိုင္းကို ေတြ႕ႀကံဳခံစားရမယ့္ဂိမ္းပါ။ ႀကီးမားတဲ့ တိုက္ပြဲေတြနဲ႔ ျပည့္ႏွက္ေနတဲ့ ခရီးတစ္ခုကို စတင္ကာ စစ္ေၾကာင့္ပ်က္စီးေနတဲ့ AION စၾကာပဠာအတြင္းက လွ်ိဳ႕ဝွက္ခ်က္ေတြကို ေဖာ္ထုတ္သြားရမွာ ျဖစ္ပါတယ္။ အားႀကီးတဲ့ ဟီး႐ိုးအေယာက္ 100 ေက်ာ္ပါတဲ့ အဖြဲ႕တစ္ဖြဲ႕ကို စုေဆာင္းၿပီးေတာ့ နည္းစနစ္ပိုင္းကို အမွန္ကန္ဆံုးျဖစ္ေအာင္ ပံုေဖာ္ေပးျခင္းျဖင့္ ထိပ္တန္းခ်န္ပီယံေတြနဲ႔ ဖြဲ႕စည္းထားတဲ့ တပ္ဖြဲ႕ကို ဖန္တီးကာ တုိက္ပြဲဆင္ႏႊဲသြားရမွာ ျဖစ္ပါတယ္။ တျဖည္းျဖည္း ခက္ခဲလာတဲ့ တိုက္ပြဲေတြေၾကာင့္ ေရွ႕ကိုမတက္ႏုိင္ဘဲ ၾကန္႔ၾကာလာတဲ့အခ်ိန္မွာ ရန္သူကို အျပင္းအထန္ တိုက္ခုိက္ဖုိ႔အတြက္ special attack ေတြကို အခ်ိန္ကိုက္လႊတ္တာ၊ စြမ္းအားကို ႐ုတ္တရက္ျမႇင့္ဖုိ႔အတြက္ ဟီး႐ိုးေတြကို ေသခ်ာအကြက္ခ်ေစလႊတ္တာတုိ႔လို အဆင့္ျမင့္လွည့္ကြက္ေတြ သံုးႏိုင္ပါတယ္။ ဂႏၲဝင္ေျမာက္ လက္နက္ေတြ၊ ခ်ပ္ဝတ္တန္ဆာေတြနဲ႔ အသံုးအေဆာင္ပစၥည္းေတြကို စုေဆာင္းတပ္ဆင္ေပးၿပီးေတာ့လည္း လိုအပ္တဲ့အင္အားကို ရယူႏိုင္မွာပါ။ ဗ်ဴဟာေတြ အသံုးျပဳရာမွာ ေပါင္းစပ္မႈေတြကို အကန္႔အသတ္မရွိ လုပ္ႏိုင္ပါတယ္။ ဒီဂိမ္းကို ကစားဖုိ႔အတြက္ iOS 9.0 နဲ႔အထက္ လုိအပ္ပါတယ္။

NetGuide Journal (Every Wednesday)