Intel ဟာ ဇူလိုင်လတုန်းက5G Modem လုပ်ငန်းကို Apple ကို ဒေါ်လာ 1 ဘီလီယမ်ဖြင့် ရောင်းချခဲ့ပါတယ်။Intel က Apple ထံသို့ ရောင်းချလိုက်တဲ့ ဒေါ်လာ 1 ဘီလီယမ်နှုန်းထားမှာ အလွန်နည်းပါးတဲ့ ပမာဏဖြစ်ကြောင်း၊ ၎င်းတို့မှာ ဒေါ်လာဘီလီယမ်ပေါင်းများစွာ နစ်နာဆုံးရှုံးရကြောင်း ပြောကြားသွားပါတယ်။

Intel က Mobile Modem လုပ်ငန်းမှာ ယှဉ်ပြိုင်နိုင်ခြင်း မရှိဘဲ ရွေးချယ်စမရာမရှိဘဲ ထွက်ခွာရခြင်းမှာ Qualcomm ကြောင့်လို့ ဆိုသွားပါတယ်။ Qualcomm ဟာ စမတ်ဖုန်းကုမ္ပဏီများအား နည်းပညာမူပိုင်ခွင့် မရရှိလျှင် မိမိတို့ Chipset ကိုသာ သုံးရမယ်လို့ ခြိမ်းခြောက်ကို ၎င်းတို့ Chipset ကိုသာ ဝယ်ယူသုံးစွဲရန် ဖိအားပေးခဲ့ပါတယ်။

ဒါကြောင့်လည်း Intel ဟာ Apple အတွက် Modem များကိုသာ ထုတ်လုပ်ရောင်းချခဲ့ရပါတယ်။ ဒါပေမဲ့ ယခုနှစ်မှာ Apple ဟာ Qualcomm နှင့် တရားအပြန်အလှန် စွဲဆိုမှုများ ဖြေရှင်းရေးအတွက် 2020 ခုနှစ်မှ စတင်ကာ Qualcomm Chipset ကိုသာ သုံးမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ Intel ဟာ အဓိကဝယ်လက် Apple ကို ဆုံးရှုံးရမှုနဲ့အတူ ရွေးစရာမရှိတော့ဘဲ Mobile Modem လုပ်ငန်းကို Apple ကို ရောင်းချရပါတယ်။

Intel ဟာ Mobile Modem များ ထုတ်လုပ်ရောင်းချရခြင်းမရှိတော့ပေမယ့် လက်တော့ပ်များအတွက် Modem များ ထုတ်လုပ်နေဆဲ ဖြစ်ကာ MediaTek နှင့် ပူးပေါင်းကာ လက်တော့ပ်အတွက် 5G Modem လုပ်ဆောင်နေပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

5G Modem လုပ္ငန္းကို Apple ထံသို႔ ေရာင္းခ်လိုက္မႈေၾကာင့္ ေဒၚလာ ဘီလီယမ္မ်ားစြာနစ္နာေၾကာင္း Intel ဖြင့္ဟ

Intel ဟာ ဇူလိုင္လတုန္းက5G Modem လုပ္ငန္းကို Apple ကို ေဒၚလာ 1 ဘီလီယမ္ျဖင့္ ေရာင္းခ်ခဲ့ပါတယ္။Intel က Apple ထံသို႔ ေရာင္းခ်လိုက္တဲ့ ေဒၚလာ 1 ဘီလီယမ္ႏႈန္းထားမွာ အလြန္နည္းပါးတဲ့ ပမာဏျဖစ္ေၾကာင္း၊ ၎တို႔မွာ ေဒၚလာဘီလီယမ္ေပါင္းမ်ားစြာ နစ္နာဆုံးရႈံးရေၾကာင္း ေျပာၾကားသြားပါတယ္။

Intel က Mobile Modem လုပ္ငန္းမွာ ယွဥ္ၿပိဳင္ႏိုင္ျခင္း မရွိဘဲ ေ႐ြးခ်ယ္စမရာမရွိဘဲ ထြက္ခြာရျခင္းမွာ Qualcomm ေၾကာင့္လို႔ ဆိုသြားပါတယ္။ Qualcomm ဟာ စမတ္ဖုန္းကုမၸဏီမ်ားအား နည္းပညာမူပိုင္ခြင့္ မရရွိလွ်င္ မိမိတို႔ Chipset ကိုသာ သုံးရမယ္လို႔ ၿခိမ္းေျခာက္ကို ၎တို႔ Chipset ကိုသာ ဝယ္ယူသုံးစြဲရန္ ဖိအားေပးခဲ့ပါတယ္။

ဒါေၾကာင့္လည္း Intel ဟာ Apple အတြက္ Modem မ်ားကိုသာ ထုတ္လုပ္ေရာင္းခ်ခဲ့ရပါတယ္။ ဒါေပမဲ့ ယခုႏွစ္မွာ Apple ဟာ Qualcomm ႏွင့္ တရားအျပန္အလွန္ စြဲဆိုမႈမ်ား ေျဖရွင္းေရးအတြက္ 2020 ခုႏွစ္မွ စတင္ကာ Qualcomm Chipset ကိုသာ သုံးမယ္လို႔ ဆုံးျဖတ္ခဲ့ပါတယ္။ Intel ဟာ အဓိကဝယ္လက္ Apple ကို ဆုံးရႈံးရမႈနဲ႔အတူ ေ႐ြးစရာမရွိေတာ့ဘဲ Mobile Modem လုပ္ငန္းကို Apple ကို ေရာင္းခ်ရပါတယ္။

Intel ဟာ Mobile Modem မ်ား ထုတ္လုပ္ေရာင္းခ်ရျခင္းမရွိေတာ့ေပမယ့္ လက္ေတာ့ပ္မ်ားအတြက္ Modem မ်ား ထုတ္လုပ္ေနဆဲ ျဖစ္ကာ MediaTek ႏွင့္ ပူးေပါင္းကာ လက္ေတာ့ပ္အတြက္ 5G Modem လုပ္ေဆာင္ေနပါတယ္။

NetGuide Journal (Every Wednesday)