2019 မှာ သင့်အနေနဲ့ ဘယ်လိုစမတ်ဖုန်းမျိုးကို ရွေးချယ်ဝယ်ယူခဲ့သလဲ။ တန်ဖိုးမြင့်ဖုန်းလား ဒါမှမဟုတ် အလယ်အလတ်အဆင့်ရှိတဲ့ဖုန်းလား တစ်နှစ်ပြီးတစ်နှစ် တိုးတက်လာတဲ့ စမတ်ဖုန်းနည်းပညာတွေဟာ အခုဆိုရင် အတော်ကြီး ရှေ့ရောက်နေပါပြီ။ လာမယ့်နှစ်မှာတော့ ကျွန်တော်တို့ဟာ 5G စမတ်ဖုန်းတွေကို ပေါပေါများများ ကိုင်ဆောင်ခွင့်ရပါတောမယ့်။ နောက်ထပ်ကတော့ AI နည်းပညာပဲ ဖြစ်ပါတယ်။ ဆင့်ကဲတိုးတက်မှုတွေထဲမှာ မဖြစ်မနေ ပါဝင်လာတဲ့ အနာဂတ်နည်းပညာတစ်ခု ရှိနေပါတယ်။ အဲ့ဒါကတော့ ဖုန်းတွေမှာ တပ်ဆင်ထားတဲ့ ကင်မရာနဲ့ ကွေးခေါက်နိုင်တဲ့ဖုန်းတွေ ဖြစ်ပါတယ်။ Apple, Samsung, Huawei, Google နဲ့ အခြားဖုန်းထုတ်လုပ်သူတွေဟာ 2019 စျေးကွက် နှစ်ကုန်ဆုံးပြီဖြစ်တာကြောင့် 2020 စျေးကွက်အတွက် အကောင်းဆုံးဖုန်းတွေကို တင်သွင်းရောင်းချနိုင်ဖို့ ပြင်ဆင်နေပါပြီ။ အချို့ဖုန်းတွေဆိုရင် အချက်အလက် အသေးစိတ်တောင် ထွက်နေပါပြီ။ တချို့ဖုန်းတွေကတော့ ကောလာဟလအဆင့်မှာတင် ရပ်နေပါသေးတယ်။ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် 2020 ရောက်တဲ့အချိန်မှာ အောက်မှာ ဖော်ပြပေးထားတဲ့ ဖုန်းတွေထဲက အများစုသောဖုန်းတွေဟာ မိုဘိုင်းစျေးကွက်ကို တစ်နည်းတစ်ဖုံ ရောက်ရှိလာပါလိမ့်မယ်။ 2020 မှာ ဘယ်လိုစမတ်ဖုန်းတွေ ထွက်လာပြီး ဘယ်လိုလုပ်ဆောင်ချက်တွေ ပါဝင်လာမလဲဆိုတာ တစ်ချက်လေ့လာကြည့်ကြရအောင်။

(1). Samsung Galaxy S11

ဒီစမတ်ဖုန်းနဲ့ ပတ်သက်တဲ့ သတင်းတွေကတော့ နေ့စဉ်လိုလို ထွက်လျက်ရှိနေပါတယ်။ ထွက်သမျှသတင်းတွေမှာလည်း ဖုန်းနဲ့ပတ်သတ်တဲ့ အချက်အလက်တွေကို မြင်တွေ့ရမှာပါ။ fully-bezel-less display နဲ့အတူ အခြားစိတ်ဝင်စား စောင့်ကြည့်ချင်စရာကောင်းတဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းလာမှာပါ။ Galaxy S11 မှာ 6.7 လက်မနဲ့ အရွယ်သေး Galaxy S11e မှာ 6.4 လက်မ မျက်နှာပြင်တွေ ပါလာနိုင်ပါတယ်။ Galaxy S11+ မှာ 6.9 လက်မ မျက်နှာပြင် ထည့်သွင်းထားနိုင်ပါတယ်။ မော်ဒယ် 3 လုံးအတွက် 5G မော်ဒယ်တွေပါ ထုတ်လုပ်ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။ ကင်မရာပိုင်းအနေနဲ့ အနောက်ဘက်မှာ 4 လုံး (သို့) 5 လုံးလောက် ပါလာနိုင်ပါတယ်။ 108MP Main Camera နဲ့ 5x Zoom Lens တွေ ထည့်သွင်းထားနိုင်ပါတယ်။ Dynamic AMOLED Display နဲ့ HDR10+ တွေ ပါလာနိုင်ပါတယ်။ အမြင့်ဆုံးအနေနဲ့ QHD+ နဲ့ 120Hz Refresh Rate ထည့်သွင်းထားနိုင်ပါတယ်။ Galaxy S11e မှာတော့ FHD ပဲပါလာမယ်လို့ သတင်းထွက်နေပါတယ်။ Exynos နဲ့ Snapdragon 865 ထည့်ထားမှာပါ။ နောက်ထပ် ထွက်လာတဲ့ သတင်းမှာတော့ Samsung က Galaxy S11 Series မှာ Laser Autofocus ကို ပထမဆုံးအနေနဲ့ ထည့်သွင်းထားမယ်လို့ သိရပါတယ်။

(2). Apple iPhone XII

ဂုရုကြီး Apple ကတော့ 2020 မှာ ဘာတွေ လုပ်ပြလာဦးမှာလဲ။ ဒါကလည်း စမတ်ဖုန်းကိုင်ဆောင်သူတွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းရင်းတစ်ခုပါ။ Apple အနေနဲ့ နောက်ဆုံးမိတ်ဆက်ထားတဲ့ iPhone XR မှာ LCD screen ကိုသာ သုံးထားပါတယ်။ 2020 မှာတော့ ပြောင်းလဲမှုတွေ ကြုံရမှာပါ။ အသစ်ထွက်လာမယ့် iPhone XII ဖုန်းတွေမှာတော့ OLED screens ကို သုံးလာမယ်လို့ သိရပါတယ်။ ပြီးတော့ မျိုးဆက်သစ်ဖုန်းတွေမှာ 5G ကွန်ရက်ချိတ်ဆက်မှုကို ထည့်သွင်းလာမယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် AI ပိုင်းမှာလည်း ပိုကောင်းလာဖို့ မျှော်လင့်နေကြပါတယ်။ iPhone XII Pro နဲ့ iPhone XII Max ကို 2020 ခုနှစ် စက်တင်ဘာလမှာ ကြေညာမှာဖြစ်ပြီး သူတို့မှာ 6GB RAM ပါလာမယ်လို့ Barclays ရဲ့ လေ့လာဆန်းစစ်သူ Blayne Curtis က ပြောပါတယ်။ ဒါဟာ ကြိုဆိုချင်စရာကောင်းလှတဲ့ ဆင့်ကဲပြောင်းလဲတိုးတက်မှု ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် iPhone 11 Pro နဲ့ iPhone 11 Pro Max တွေမှာ 4GB RAM ပဲ ပါလာတာပါ။ ပုံမှန် iPhone XII မှာတော့ iPhone 11 အတိုင်း 4GB RAM ပဲ ပါလာမယ်လို့ သတင်းထွက်လာပါတယ်။ DigiTimes က 2020 iPhone တွေမှာ 120Hz Screen ပါမယ်လို့ အရင်က သတင်းပေးထားပါတယ်။ iPad Pro တွေရဲ့ Refresh Rate နဲ့ တူသွားမှာပါ။ ဒါပေမယ့် iPad တွေရဲ့ LCD မှာလိုမဟုတ်ဘဲ လာမယ့်နှစ်ထုတ် iPhone တွေရဲ့ OLED Screen မှာ 120Hz Screen တပ်ထားမှာပါ။ ဇူလိုင်ကလည်း Ice Universe က 2020 iPhone များမှာ 120Hz Screen များပါလာနိုင်ပြီး Apple ဟာ Samsung, LG တို့နဲ့လည်း ဆွေးနွေးနေတယ်လို့ တွစ်တာကနေ မျှဝေခဲ့ပါတယ်။

(3). OnePlus 8 

မူလဘူတ flagship killer ကြီးလို့ဆိုရမယ့် OnePlus ကနေ ထွက်လာမယ့် OnePlus 8 ပဲ ဖြစ်ပါတယ်။ CashKaro နဲ့ OnLeaks တို့ရဲ့ ဓါတ်ပုံတွေအရ OnePlus 8 ဟာ လက်ရှိ OnePlus ဖုန်းတွေနဲ့ အရမ်းကို တူပါတယ်။ အဓိကပြောင်းလဲမှုတစ်ခုက Notch နဲ့ Pop-up အစား Punch-hole Camera ပါလာတာ ဖြစ်ပါတယ်။ OnePlus 8 ရဲ့ အနောက်ဘက်မှာ ကင်မရာ 3 လုံး တပ်ဆင်ထားပါတယ်။ OnePlus 7T မှာလို စက်ဝိုင်းပုံသဏ္ဍာန်မဟုတ်ဘဲ ဒေါင်လိုက်ဒီဇိုင်းကို အသုံးပြုထားပါတယ်။ ဒီဖုန်းတွေမှာ ကြိုးမဲ့အားသွင်းနည်းပညာပါလာမယ်လို့ သတင်းထွက်ထားပါတယ်။ OnePlus 8 Pro ရဲ့ ပုံကြမ်းတွေလည်း ပေါက်ကြားထွက်ပေါ်လာပါတယ်။ ဒီဇိုင်းက OnePlus 7 Pro ကို အနည်းငယ်ဆန်းသစ်ထားတဲ့ပုံ ပေါ်ပါတယ်။ ဒါပေမယ့် ကွဲပြားတာကို တွေ့လိုက်ရပါတယ်။ ပုံကြမ်းမှာ အရှေ့ကင်မရာ 1 လုံးပါတဲ့ မော်ဒယ်နဲ့ 2 လုံးပါတဲ့ မော်ဒယ်ကို မြင်ရပါတယ်။ OnePlus 8 Pro မှာ Notch မပါဘဲ Punch-hole Display ကို သုံးထားပါတယ်။ Pro နဲ့ 8 တို့ရဲ့ ဒီဇိုင်းက တော်တော်တူနေပါတယ်။ ဒါပေမယ့် သေချာကြည့်ရင် Pro ရဲ့ အနောက်ဘက်မှာ 3D ToF Sensor အပိုထည့်ထားပါတယ်။ ဒါ့အပြင် Earpiece က ပိုကြီးပါတယ်။ Pro ရဲ့ မျက်နှာပြင်အထက်က ဘောင်က အနည်းငယ် ပိုထူနေပါတယ်။ Pro မှာ 6.65 လက်မ မျက်နှာပြင်ပါလာမှာဖြစ်ပြီး 8 ထက် 0.15 လက်မ ပိုကြီးပါတယ်။ မကြာခင်ကလည်း OnePlus 8 Pro မှာ 120Hz Display ပါမယ်လို့ သတင်းထွက်လာပါတယ်။

(4). Motorola Razr V4

Motorola ရဲ့ Razr clamshell စမတ်ဖုန်းဟာ အရောင်းရဆုံးဆိုတဲ့ စံချိန်ကောင်းတွေ ရရှိထားတဲ့ ဖုန်းတစ်လုံးလို့ ဆိုရမှာပါ။ ဘာကြောင့်လဲဆိုရင် အဲ့ဒီဖုန်းတွေဟာ 4 နှစ်အတွင်း အလုံးရေ သန်း 130 နီးပါး ရောင်းချနိုင်ခဲ့ပါတယ်။ ပြောရမယ်ဆိုရင် world best-selling ဖုန်းလို့တောင် သတ်မှတ်နိုင်မှာပါ။ အခုထပ်လာကတော့ foldable design နဲ့ $1500 စျေးနှုန်းဝန်းကျင်ဖုန်းပဲ ဖြစ်ပါတယ်။ ဖုန်းကို ခေါက်ချိုးထားတဲ့အခါမှာ သိပ်ပြီးမထူအောင် ဒီဇိုင်းထုတ်ထားပါတယ်။ အပြင်ဘက်မှာ Quick View External Touchscreen တပ်ဆင်ထားပြီး Notification တွေကြည့်တာနဲ့ သီချင်းဖွင့်တာမျိုးတွေကို ပြုလုပ်နိုင်ပါတယ်။ ဒီဖုန်းကို ယခုနှစ်အတွင်း ရောင်းချမယ်လို့ သတင်းတွေ ထွက်နေပေမယ့် 2020 အစောပိုင်းကို ပြောင်းလဲရောက်ရှိသွားနိုင်ပါတယ်။ Octa Core Snapdragon 710 10nm သာ သုံးထားတာကတော့ လက်ရှိဖုန်းတွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် အတော်လေးကွာဟမှာပါ။

(5). Nokia 10

စျေးကွက်ထဲကို တစ်ကျော့ပြန်ဝင်လာတယ်။ အချိန်အတိုင်းအတာတစ်ခုအတွင်း အောင်မြင်မှု ပြန်ရတယ်။ အဲ့ဒါကတော့ Nokia ပဲ ဖြစ်ပါတယ်။ Nokia ဘက်ကတော့ 2020 ခုနှစ် ထွက်လာမယ့် ဖုန်းတွေမှာ ကုမ္ပဏီအနေနဲ့ 5G ကွန်ရက်ကို ထည့်ပေးထားမှာ ဖြစ်ပါတယ်။ ကင်မရာပိုင်းအတွက် 48MP lenses 2 ခု ပေါင်းစပ်ပေးမယ်လို့ သိရပါတယ်။ တစ်ခုက wide-angle နဲ့ နောက်ထပ်တစ်ခုက telephoto အတွက် ဖြစ်ပါတယ်။ 4-axis OIS ကို ထောက်ပံ့ပေးမှာပါ။ အရှေ့ဘက်မှာတော့ 16MP ကင်မရာ တပ်ထားမှာဖြစ်ပြီး 1080p နဲ့ 4K videos တွေကို ရိုက်ကူးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ display ကလည်း 6.0 ကနေ 6.5 inches ကြား ရှိမှာပါ။ ဒါ့အပြင် ဘက်ထရီအားသွင်းစနစ်အတွက် quick charge 4+, water-resistant, dust-resistant တို့လိုမျိုးတွေပါ ထောက်ပံ့ပေးနိုင်ပါလိမ့်မယ်။ အဲ့ဒီစမတ်ဖုန်းမှာ in-display fingerprint scanner ပါဝင်လာမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီအချက်အလက်တွေဟာ လက်ရှိအချိန်ထိတော့ ကောလာဟလအဆင့်မှာသာ ရှိပါသေးတယ်။ ဒီထက်ပိုတိကျတဲ့ အချက်အလက်တွေ ထွက်လာနိုင်ပါသေးတယ်။

(6). Xiaomi Mi 10

လက်ရှိအချိန်မှာ ဖွံ့ဖြိုးတိုးတက်မှုအရှိဆုံး စမတ်ဖုန်းထုတ်လုပ်သူတွေထဲမှာ ထိပ်တန်းက ရပ်တည်နေတဲ့ ကုမ္ပဏီလို့တောင် xiaomi ကို သတ်မှတ်နိုင်မှာပါ။ တရုတ်စမတ်ဖုန်းထုတ်လုပ်သူအနေနဲ့ ယခုနှစ်အတွင်းမှာ Mi 9 စီးရီး စမတ်ဖုန်းတွေကို ထုတ်လုပ်ပေးထားပါတယ်။ လာမယ့်နှစ်မှာတော့ Mi 10 ဖုန်းတွေကို စျေးကွက်အတွင်း ဖြန့်ချိမှာပါ။ လက်ရှိထွက်ထားတဲ့ သတင်းတွေအရ 6.5 လက်မ မျက်နှာပြင်နဲ့ လာမှာဖြစ်ပြီး Snapdragon 865 flagship SoC နဲ့ လာမယ့်ဖုန်းပါ။  8GB/10GB RAM options ဖြစ်ပြီး 12GB ဗားရှင်းတောင် ထုတ်ပေးနိုင်ပါတယ်။ 2020 ပထမလေးလပတ်မှာ ထွက်ရှိလာနိုင်ပြီး စျေးသက်သာတဲ့ flagship ဖုန်းတစ်လုံး ဖြစ်လာဦးမှာ မလွဲပါဘဲ။ ပြီးတော့ အဲ့ဒီဖုန်းမှာ 100W Super Charge Turbo  နည်းပညာလည်း ထည့်သွင်းပေးလာဖို့ များပါတယ်။ ဘာကြောင့်လဲဆိုရင် Xiaomi က 100W Super Charge Turbo ကို ဒီနှစ်အစောပိုင်းက ကြေညာခဲ့ပြီး 2020 ခုနှစ်ထုတ် ဖုန်းတွေမှာ ထည့်သွင်းပေးမယ်လို့ အတည်ပြု ပြောကြားထားလို့ ဖြစ်ပါတယ်။ အားသွင်းနည်းပညာဟာ 20V/5A နှုန်းနဲ့ 100W Charger ဖြစ်ပါတယ်။ 17 မိနစ်မှာ Xiaomi ရဲ့ Charger ဟာ 100 ရာခိုင်နှုန်း အားဖြည့်ပေးပါတယ်။

(7). Samsung Galaxy Fold 2

လက်ရှိအချိန် နိုင်ငံတကာနဲ့ တရုတ်စျေးကွက်မှာတော့ Fold ဖုန်းတွေကို ရောင်းချနေပြီ ဖြစ်ပါတယ်။ Fold 2 ဖုန်းကတော့ ဘယ်လိုပုံစံနဲ့ ထွက်လာမှာလဲ။ မူလ Galaxy Fold ထက် ပိုကောင်းတဲ့ စွမ်းဆောင်ချက်တွေ ပါလာနိုင်မလားဆိုတာ စဉ်းစားစရာကိစ္စ ဖြစ်လာပါပြီ။  2020 ရောက်ရင်  foldable devices တွေရဲ့  trend က ပိုမိုအားကောင်းလာမှာ ဖြစ်ပါတယ်။ လက်ရှိထွက်ထားတဲ့ သတင်းတွေအရတော့ Samsung Galaxy Fold 2 ရဲ့ battery capacity အနေနဲ့ 6000 mAh သုံးလာနိုင်ပြီး folding mechanism နဲ့ ထုတ်လာမယ်လို့ သိရပါတယ်။ Fold 2 မှာတော့ Fold 1 ထုတ်စဉ်တုန်းကလို အမှားမျိုးတွေ မကြုံဖို့ မျှော်လင့်ရပါတယ်။

(8). Apple iPhone X Fold

တခြားကုမ္ပဏီတွေကတော့ foldable smartphone  တွေ ထုတ်နေပြီး apple ဆီကနေရော အဲ့လို device မျိုး မျှော်လင့်လို့ မရနိုင်ဘူးလား။ ယခုနှစ်အတွင်း ပြောခဲ့တာကတော့ Apple အနေနဲ့  foldable phone တွေ ထုတ်လာဦးမှာ မဟုတ်ဘူးဆိုတာပါ။ ဒါပေမယ့်လည်း တခြားဘက်ကနေ ကြည့်မယ်ဆိုရင်တော့ Apple အနေနဲ့ foldable phone ဒီဇိုင်းကို မူပိုင်ခွင့် တင်ထားပါတယ်။ သူဟာ Samsung Galaxy Fold လို အတွင်းဘက်ကို ခေါက်ချိုးတဲ့ဒီဇိုင်း ဖြစ်ပါတယ်။ သူ့မှာ Display Layer အပြင် Protective Cover Layer လည်း ပါပါတယ်။ မျက်နှာပြင်ရဲ့အထက်မှ Protective Cover Layer ကို Glass, Sapphire, Zirconia များနဲ့ ပြုလုပ်ထားမယ်လို့ သတင်းထွက်နေပါတယ်။ Apple အနေနဲ့ မူပိုင်ခွင့်မှာ Foldable iPhone နဲ့ ပတ်သတ်ပြီး ဒီဇိုင်းပုံတွေ တင်ထားပေမယ့် အမှန်တကယ် ထုတ်ဖို့ကတော့ မသေချာသေးပါဘူး။ ဒါ့အပြင် Fan Made Render ရဲ့ ပုံတွေမှာတော့ သိပ်တိကျမှု မရှိသေးပါဘူး။

(9). Microsoft Andromeda A Foldable Phone

Microsoft ကလည်း ကမ္ဘာ့အကြီးဆုံး နည်းပညာကုမ္ပဏီတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ သူတို့အနေနဲ့လည်း စမတ်ဖုန်းစျေးကွက်ထဲကို ပြန်ဝင်နိုင်ဖို့ ပြုလုပ်နေပါတယ်။ အရာရာတိုင်းမှာတော့ hero to zero ဖြစ်သွားတဲ့ အခြေအနေတွေ ရှိပါတယ်။ အနီးစပ်ဆုံး ဥပမာပေးရမယ်ဆိုရင် Nokia လိုပေါ့။ မဆိုးပါဘူး။ နီုကီယာအနေနဲ့ လက်ရှိအချိန်မှာ လူကြိုက်များတဲ့ အခြေအနေဖြစ်ဖို့ comeback လုပ်လာနိုင်ပါပြီ။ Microsoft ရဲ့ Foldable phone ကိုတော့  codenamed အနေနဲ့  Andromeda လို့ ပေးထားပါတယ်။ The Verge က လာတဲ့သတင်းတွေအရ လာမယ့်နှစ်မှာ ထုတ်ပေးမယ်လို့ သိရပါတယ်။ ဒီဖုန်းမျိုးတွေအတွက် အဓိကအစီအစဉ် ချရတာကတော့  foldable (သို့) dual-screen devices တွေပေါ်မှာ  in-built apps  တွေ ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ပါဘဲ။ အဲဒီစမတ်ဖုန်းမှာ Windows Phone OS ကို ထည့်သွင်းထားမှာ မဟုတ်ပါဘူး။ သူ့မှာ Windows OS လိုလုပ်ဆောင်ချက်များ ပါလာမှာ ဖြစ်ပါတယ်။ သူ့ကို စမတ်ဖုန်းလိုသာမက တက်ဘလက်လိုပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

(10). Google Pixel 5

လက်ရှိအချိန်မှာ Google Pixel 4 စမတ်ဖုန်းကို အသုံးပြုနေတဲ့သူ ဘယ်လောက်ထိ ရှိနေပြီလို့ ထင်ပါသလဲ။ လာမယ့်နှစ်မှာတော့ Google Pixel 5 ဖုန်းဟာ အမှန်တကယ် ထွက်လာမှာပါ။ ဒါဟာ အတော်လေး စိတ်ဝင်စားစရာကောင်းတဲ့ ကိစ္စလို့တောင် ဆိုရမှာပါ။ အခြားစမတ်ဖုန်းထုတ်လုပ်သူတွေကသာ RAM နဲ့့ ဘက်ထရီပိုင်းတွေမှာ ပြောင်းလဲတိုးမြင့်မှုတွေ လုပ်လာကြပေမယ့် android OS ပိုင်ဆိုင်သူကြီးကတော့ အရမ်းလှုပ်လှုပ်ရှားရှားလုပ်တာ မတွေ့ရပါဘူး။ ဒါပေမယ့် သူ့မှာရှိတဲ့ အားသာချက်က ဖုန်းထဲမှာရှိတဲ့ ပါဝင်ပစ္စည်းတွေနဲ့ အကောင်းဆုံး ထိန်းချုပ်အလုပ်လုပ်နိုင်တာပါ။ စာရွက်ပေါ်က အချက်အလက်တွေ ကြည့်မယ်ဆိုရင်တော့ Pixel ဖုန်းတွေက အခြားဖုန်းတွေနဲ့ ယှဉ်လိုက်ရင် spec ပိုင်း အားနည်းနေတယ်လို့ ထင်ရပေမယ့် လက်တွေ့သုံးကြည့်လိုက်တဲ့အခါမှာ အခြားအဆင့်မြင့် ဖုန်းတွေအတိုင်းပဲ လုပ်ဆောင်ချက်ပိုင်း ကောင်းမွန်တာကို တွေ့ရမှာ ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

10 Most Anticipated Upcoming Smartphones In 2020

2019 မွာ သင့္အေနနဲ႔ ဘယ္လုိစမတ္ဖုန္းမ်ိဳးကို ေရြးခ်ယ္ဝယ္ယူခဲ့သလဲ။ တန္ဖိုးျမင့္ဖုန္းလား ဒါမွမဟုတ္ အလယ္အလတ္အဆင့္ရွိတဲ့ဖုန္းလား တစ္ႏွစ္ၿပီးတစ္ႏွစ္ တိုးတက္လာတဲ့ စမတ္ဖုန္းနည္းပညာေတြဟာ အခုဆိုရင္ အေတာ္ႀကီး ေရွ႕ေရာက္ေနပါၿပီ။ လာမယ့္ႏွစ္မွာေတာ့ ကၽြန္ေတာ္တို႔ဟာ 5G စမတ္ဖုန္းေတြကို ေပါေပါမ်ားမ်ား ကိုင္ေဆာင္ခြင့္ရပါေတာမယ့္။ ေနာက္ထပ္ကေတာ့ AI နည္းပညာပဲ ျဖစ္ပါတယ္။ ဆင့္ကဲတုိးတက္မႈေတြထဲမွာ မျဖစ္မေန ပါဝင္လာတဲ့ အနာဂတ္နည္းပညာတစ္ခု ရွိေနပါတယ္။ အဲ့ဒါကေတာ့ ဖုန္းေတြမွာ တပ္ဆင္ထားတဲ့ ကင္မရာနဲ႔ ေကြးေခါက္ႏိုင္တဲ့ဖုန္းေတြ ျဖစ္ပါတယ္။ Apple, Samsung, Huawei, Google နဲ႔ အျခားဖုန္းထုတ္လုပ္သူေတြဟာ 2019 ေစ်းကြက္ ႏွစ္ကုန္ဆုံးၿပီျဖစ္တာေၾကာင့္ 2020 ေစ်းကြက္အတြက္ အေကာင္းဆုံးဖုန္းေတြကို တင္သြင္းေရာင္းခ်ႏုိင္ဖုိ႔ ျပင္ဆင္ေနပါၿပီ။ အခ်ိဳ႕ဖုန္းေတြဆိုရင္ အခ်က္အလက္ အေသးစိတ္ေတာင္ ထြက္ေနပါၿပီ။ တခ်ိဳ႕ဖုန္းေတြကေတာ့ ေကာလာဟလအဆင့္မွာတင္ ရပ္ေနပါေသးတယ္။ ဘယ္လိုေၾကာင့္ပဲျဖစ္ျဖစ္ 2020 ေရာက္တဲ့အခ်ိန္မွာ ေအာက္မွာ ေဖာ္ျပေပးထားတဲ့ ဖုန္းေတြထဲက အမ်ားစုေသာဖုန္းေတြဟာ မိုဘုိင္းေစ်းကြက္ကို တစ္နည္းတစ္ဖုံ ေရာက္ရွိလာပါလိမ့္မယ္။ 2020 မွာ ဘယ္လိုစမတ္ဖုန္းေတြ ထြက္လာၿပီး ဘယ္လိုလုပ္ေဆာင္ခ်က္ေတြ ပါဝင္လာမလဲဆိုတာ တစ္ခ်က္ေလ့လာၾကည့္ၾကရေအာင္။

(1). Samsung Galaxy S11

ဒီစမတ္ဖုန္းနဲ႔ ပတ္သက္တဲ့ သတင္းေတြကေတာ့ ေန႔စဥ္လိုလို ထြက္လ်က္ရွိေနပါတယ္။ ထြက္သမွ်သတင္းေတြမွာလည္း ဖုန္းနဲ႔ပတ္သတ္တဲ့ အခ်က္အလက္ေတြကို ျမင္ေတြ႕ရမွာပါ။ fully-bezel-less display နဲ႔အတူ အျခားစိတ္ဝင္စား ေစာင့္ၾကည့္ခ်င္စရာေကာင္းတဲ့ လုပ္ေဆာင္ခ်က္ေတြ ထည့္သြင္းလာမွာပါ။ Galaxy S11 မွာ 6.7 လက္မနဲ႔ အရြယ္ေသး Galaxy S11e မွာ 6.4 လက္မ မ်က္ႏွာျပင္ေတြ ပါလာႏိုင္ပါတယ္။ Galaxy S11+ မွာ 6.9 လက္မ မ်က္ႏွာျပင္ ထည့္သြင္းထားႏိုင္ပါတယ္။ ေမာ္ဒယ္ 3 လုံးအတြက္ 5G ေမာ္ဒယ္ေတြပါ ထုတ္လုပ္ေရာင္းခ်မယ္လို႔ သတင္းထြက္ေနပါတယ္။ ကင္မရာပိုင္းအေနနဲ႔ အေနာက္ဘက္မွာ 4 လုံး (သို႔) 5 လုံးေလာက္ ပါလာႏိုင္ပါတယ္။ 108MP Main Camera နဲ႔ 5x Zoom Lens ေတြ ထည့္သြင္းထားႏိုင္ပါတယ္။ Dynamic AMOLED Display နဲ႔ HDR10+ ေတြ ပါလာႏိုင္ပါတယ္။ အျမင့္ဆုံးအေနနဲ႔ QHD+ နဲ႔ 120Hz Refresh Rate ထည့္သြင္းထားႏိုင္ပါတယ္။ Galaxy S11e မွာေတာ့ FHD ပဲပါလာမယ္လို႔ သတင္းထြက္ေနပါတယ္။ Exynos နဲ႔ Snapdragon 865 ထည့္ထားမွာပါ။ ေနာက္ထပ္ ထြက္လာတဲ့ သတင္းမွာေတာ့ Samsung က Galaxy S11 Series မွာ Laser Autofocus ကို ပထမဆုံးအေနနဲ႔ ထည့္သြင္းထားမယ္လို႔ သိရပါတယ္။

(2). Apple iPhone XII

ဂုရုႀကီး Apple ကေတာ့ 2020 မွာ ဘာေတြ လုပ္ျပလာဦးမွာလဲ။ ဒါကလည္း စမတ္ဖုန္းကိုင္ေဆာင္သူေတြအတြက္ စိတ္ဝင္စားစရာေကာင္းတဲ့ အေၾကာင္းရင္းတစ္ခုပါ။ Apple အေနနဲ႔ ေနာက္ဆုံးမိတ္ဆက္ထားတဲ့ iPhone XR မွာ LCD screen ကိုသာ သံုးထားပါတယ္။ 2020 မွာေတာ့ ေျပာင္းလဲမႈေတြ ႀကဳံရမွာပါ။ အသစ္ထြက္လာမယ့္ iPhone XII ဖုန္းေတြမွာေတာ့ OLED screens ကို သုံးလာမယ္လို႔ သိရပါတယ္။ ၿပီးေတာ့ မ်ိဳးဆက္သစ္ဖုန္းေတြမွာ 5G ကြန္ရက္ခ်ိတ္ဆက္မႈကို ထည့္သြင္းလာမယ္လို႔လည္း သိရပါတယ္။ ဒါ့အျပင္ AI ပိုင္းမွာလည္း ပိုေကာင္းလာဖုိ႔ ေမွ်ာ္လင့္ေနၾကပါတယ္။ iPhone XII Pro နဲ႔ iPhone XII Max ကို 2020 ခုႏွစ္ စက္တင္ဘာလမွာ ေၾကညာမွာျဖစ္ၿပီး သူတို႔မွာ 6GB RAM ပါလာမယ္လို႔ Barclays ရဲ႕ ေလ့လာဆန္းစစ္သူ Blayne Curtis က ေျပာပါတယ္။ ဒါဟာ ႀကိဳဆိုခ်င္စရာေကာင္းလွတဲ့ ဆင့္ကဲေျပာင္းလဲတိုးတက္မႈ ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ iPhone 11 Pro နဲ႔ iPhone 11 Pro Max ေတြမွာ 4GB RAM ပဲ ပါလာတာပါ။ ပုံမွန္ iPhone XII မွာေတာ့ iPhone 11 အတိုင္း 4GB RAM ပဲ ပါလာမယ္လို႔ သတင္းထြက္လာပါတယ္။ DigiTimes က 2020 iPhone ေတြမွာ 120Hz Screen ပါမယ္လို႔ အရင္က သတင္းေပးထားပါတယ္။ iPad Pro ေတြရဲ႕ Refresh Rate နဲ႔ တူသြားမွာပါ။ ဒါေပမယ့္ iPad ေတြရဲ႕ LCD မွာလိုမဟုတ္ဘဲ လာမယ့္ႏွစ္ထုတ္ iPhone ေတြရဲ႕ OLED Screen မွာ 120Hz Screen တပ္ထားမွာပါ။ ဇူလိုင္ကလည္း Ice Universe က 2020 iPhone မ်ားမွာ 120Hz Screen မ်ားပါလာႏိုင္ၿပီး Apple ဟာ Samsung, LG တို႔နဲ႔လည္း ေဆြးေႏြးေနတယ္လို႔ တြစ္တာကေန မွ်ေဝခဲ့ပါတယ္။

(3). OnePlus 8 

မူလဘူတ flagship killer ႀကီးလို႔ဆိုရမယ့္ OnePlus ကေန ထြက္လာမယ့္ OnePlus 8 ပဲ ျဖစ္ပါတယ္။ CashKaro နဲ႔ OnLeaks တို႔ရဲ႕ ဓါတ္ပုံေတြအရ OnePlus 8 ဟာ လက္ရွိ OnePlus ဖုန္းေတြနဲ႔ အရမ္းကို တူပါတယ္။ အဓိကေျပာင္းလဲမႈတစ္ခုက Notch နဲ႔ Pop-up အစား Punch-hole Camera ပါလာတာ ျဖစ္ပါတယ္။ OnePlus 8 ရဲ႕ အေနာက္ဘက္မွာ ကင္မရာ 3 လုံး တပ္ဆင္ထားပါတယ္။ OnePlus 7T မွာလို စက္ဝိုင္းပုံသ႑ာန္မဟုတ္ဘဲ ေဒါင္လိုက္ဒီဇိုင္းကို အသုံးျပဳထားပါတယ္။ ဒီဖုန္းေတြမွာ ႀကိဳးမဲ့အားသြင္းနည္းပညာပါလာမယ္လို႔ သတင္းထြက္ထားပါတယ္။ OnePlus 8 Pro ရဲ႕ ပုံၾကမ္းေတြလည္း ေပါက္ၾကားထြက္ေပၚလာပါတယ္။ ဒီဇိုင္းက OnePlus 7 Pro ကို အနည္းငယ္ဆန္းသစ္ထားတဲ့ပုံ ေပၚပါတယ္။ ဒါေပမယ့္ ကြဲျပားတာကို ေတြ႕လိုက္ရပါတယ္။ ပုံၾကမ္းမွာ အေရွ႕ကင္မရာ 1 လုံးပါတဲ့ ေမာ္ဒယ္နဲ႔ 2 လုံးပါတဲ့ ေမာ္ဒယ္ကို ျမင္ရပါတယ္။ OnePlus 8 Pro မွာ Notch မပါဘဲ Punch-hole Display ကို သုံးထားပါတယ္။ Pro နဲ႔ 8 တို႔ရဲ႕ ဒီဇိုင္းက ေတာ္ေတာ္တူေနပါတယ္။ ဒါေပမယ့္ ေသခ်ာၾကည့္ရင္ Pro ရဲ႕ အေနာက္ဘက္မွာ 3D ToF Sensor အပိုထည့္ထားပါတယ္။ ဒါ့အျပင္ Earpiece က ပိုႀကီးပါတယ္။ Pro ရဲ႕ မ်က္ႏွာျပင္အထက္က ေဘာင္က အနည္းငယ္ ပိုထူေနပါတယ္။ Pro မွာ 6.65 လက္မ မ်က္ႏွာျပင္ပါလာမွာျဖစ္ၿပီး 8 ထက္ 0.15 လက္မ ပိုႀကီးပါတယ္။ မၾကာခင္ကလည္း OnePlus 8 Pro မွာ 120Hz Display ပါမယ္လို႔ သတင္းထြက္လာပါတယ္။

(4). Motorola Razr V4

Motorola ရဲ႕ Razr clamshell စမတ္ဖုန္းဟာ အေရာင္းရဆုံးဆုိတဲ့ စံခ်ိန္ေကာင္းေတြ ရရွိထားတဲ့ ဖုန္းတစ္လုံးလို႔ ဆိုရမွာပါ။ ဘာေၾကာင့္လဲဆိုရင္ အဲ့ဒီဖုန္းေတြဟာ 4 ႏွစ္အတြင္း အလံုးေရ သန္း 130 နီးပါး ေရာင္းခ်ႏိုင္ခဲ့ပါတယ္။ ေျပာရမယ္ဆိုရင္ world best-selling ဖုန္းလို႔ေတာင္ သတ္မွတ္ႏုိင္မွာပါ။ အခုထပ္လာကေတာ့ foldable design နဲ႔ $1500 ေစ်းႏႈန္းဝန္းက်င္ဖုန္းပဲ ျဖစ္ပါတယ္။ ဖုန္းကို ေခါက္ခ်ိဳးထားတဲ့အခါမွာ သိပ္ၿပီးမထူေအာင္ ဒီဇိုင္းထုတ္ထားပါတယ္။ အျပင္ဘက္မွာ Quick View External Touchscreen တပ္ဆင္ထားၿပီး Notification ေတြၾကည့္တာနဲ႔ သီခ်င္းဖြင့္တာမ်ိဳးေတြကို ျပဳလုပ္ႏိုင္ပါတယ္။ ဒီဖုန္းကို ယခုႏွစ္အတြင္း ေရာင္းခ်မယ္လို႔ သတင္းေတြ ထြက္ေနေပမယ့္ 2020 အေစာပိုင္းကုိ ေျပာင္းလဲေရာက္ရွိသြားႏိုင္ပါတယ္။ Octa Core Snapdragon 710 10nm သာ သုံးထားတာကေတာ့ လက္ရွိဖုန္းေတြနဲ႔ ယွဥ္လုိက္မယ္ဆိုရင္ အေတာ္ေလးကြာဟမွာပါ။

(5). Nokia 10

ေစ်းကြက္ထဲကို တစ္ေက်ာ့ျပန္ဝင္လာတယ္။ အခ်ိန္အတိုင္းအတာတစ္ခုအတြင္း ေအာင္ျမင္မႈ ျပန္ရတယ္။ အဲ့ဒါကေတာ့ Nokia ပဲ ျဖစ္ပါတယ္။ Nokia ဘက္ကေတာ့ 2020 ခုႏွစ္ ထြက္လာမယ့္ ဖုန္းေတြမွာ ကုမၸဏီအေနနဲ႔ 5G ကြန္ရက္ကို ထည့္ေပးထားမွာ ျဖစ္ပါတယ္။ ကင္မရာပိုင္းအတြက္ 48MP lenses 2 ခု ေပါင္းစပ္ေပးမယ္လို႔ သိရပါတယ္။ တစ္ခုက wide-angle နဲ႔ ေနာက္ထပ္တစ္ခုက telephoto အတြက္ ျဖစ္ပါတယ္။ 4-axis OIS ကို ေထာက္ပံ့ေပးမွာပါ။ အေရွ႕ဘက္မွာေတာ့ 16MP ကင္မရာ တပ္ထားမွာျဖစ္ၿပီး 1080p နဲ႔ 4K videos ေတြကို ႐ိုက္ကူးႏုိင္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ display ကလည္း 6.0 ကေန 6.5 inches ၾကား ရွိမွာပါ။ ဒါ့အျပင္ ဘက္ထရီအားသြင္းစနစ္အတြက္ quick charge 4+, water-resistant, dust-resistant တို႔လိုမ်ိဳးေတြပါ ေထာက္ပံ့ေပးႏိုင္ပါလိမ့္မယ္။ အဲ့ဒီစမတ္ဖုန္းမွာ in-display fingerprint scanner ပါဝင္လာမွာ ျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒီအခ်က္အလက္ေတြဟာ လက္ရွိအခ်ိန္ထိေတာ့ ေကာလာဟလအဆင့္မွာသာ ရွိပါေသးတယ္။ ဒီထက္ပိုတိက်တဲ့ အခ်က္အလက္ေတြ ထြက္လာႏိုင္ပါေသးတယ္။

(6). Xiaomi Mi 10

လက္ရွိအခ်ိန္မွာ ဖြံ႕ၿဖိဳးတိုးတက္မႈအရွိဆံုး စမတ္ဖုန္းထုတ္လုပ္သူေတြထဲမွာ ထိပ္တန္းက ရပ္တည္ေနတဲ့ ကုမၸဏီလို႔ေတာင္ xiaomi ကို သတ္မွတ္ႏိုင္မွာပါ။ တ႐ုတ္စမတ္ဖုန္းထုတ္လုပ္သူအေနနဲ႔ ယခုႏွစ္အတြင္းမွာ Mi 9 စီးရီး စမတ္ဖုန္းေတြကို ထုတ္လုပ္ေပးထားပါတယ္။ လာမယ့္ႏွစ္မွာေတာ့ Mi 10 ဖုန္းေတြကို ေစ်းကြက္အတြင္း ျဖန္႔ခ်ိမွာပါ။ လက္ရွိထြက္ထားတဲ့ သတင္းေတြအရ 6.5 လက္မ မ်က္ႏွာျပင္နဲ႔ လာမွာျဖစ္ၿပီး Snapdragon 865 flagship SoC နဲ႔ လာမယ့္ဖုန္းပါ။  8GB/10GB RAM options ျဖစ္ၿပီး 12GB ဗားရွင္းေတာင္ ထုတ္ေပးႏိုင္ပါတယ္။ 2020 ပထမေလးလပတ္မွာ ထြက္ရွိလာႏုိင္ၿပီး ေစ်းသက္သာတဲ့ flagship ဖုန္းတစ္လုံး ျဖစ္လာဦးမွာ မလြဲပါဘဲ။ ၿပီးေတာ့ အဲ့ဒီဖုန္းမွာ 100W Super Charge Turbo  နည္းပညာလည္း ထည့္သြင္းေပးလာဖို႔ မ်ားပါတယ္။ ဘာေၾကာင့္လဲဆိုရင္ Xiaomi က 100W Super Charge Turbo ကို ဒီႏွစ္အေစာပိုင္းက ေၾကညာခဲ့ၿပီး 2020 ခုႏွစ္ထုတ္ ဖုန္းေတြမွာ ထည့္သြင္းေပးမယ္လို႔ အတည္ျပဳ ေျပာၾကားထားလုိ႔ ျဖစ္ပါတယ္။ အားသြင္းနည္းပညာဟာ 20V/5A ႏႈန္းနဲ႔ 100W Charger ျဖစ္ပါတယ္။ 17 မိနစ္မွာ Xiaomi ရဲ႕ Charger ဟာ 100 ရာခိုင္ႏႈန္း အားျဖည့္ေပးပါတယ္။

(7). Samsung Galaxy Fold 2

လက္ရွိအခ်ိန္ ႏိုင္ငံတကာနဲ႔ တ႐ုတ္ေစ်းကြက္မွာေတာ့ Fold ဖုန္းေတြကို ေရာင္းခ်ေနၿပီ ျဖစ္ပါတယ္။ Fold 2 ဖုန္းကေတာ့ ဘယ္လိုပုံစံနဲ႔ ထြက္လာမွာလဲ။ မူလ Galaxy Fold ထက္ ပိုေကာင္းတဲ့ စြမ္းေဆာင္ခ်က္ေတြ ပါလာႏိုင္မလားဆိုတာ စဥ္းစားစရာကိစၥ ျဖစ္လာပါၿပီ။  2020 ေရာက္ရင္  foldable devices ေတြရဲ႕  trend က ပိုမိုအားေကာင္းလာမွာ ျဖစ္ပါတယ္။ လက္ရွိထြက္ထားတဲ့ သတင္းေတြအရေတာ့ Samsung Galaxy Fold 2 ရဲ႕ battery capacity အေနနဲ႔ 6000 mAh သုံးလာႏုိင္ၿပီး folding mechanism နဲ႔ ထုတ္လာမယ္လို႔ သိရပါတယ္။ Fold 2 မွာေတာ့ Fold 1 ထုတ္စဥ္တုန္းကလို အမွားမ်ိဳးေတြ မႀကဳံဖို႔ ေမွ်ာ္လင့္ရပါတယ္။

(8). Apple iPhone X Fold

တျခားကုမၸဏီေတြကေတာ့ foldable smartphone  ေတြ ထုတ္ေနၿပီး apple ဆီကေနေရာ အဲ့လို device မ်ိဳး ေမွ်ာ္လင့္လို႔ မရႏိုင္ဘူးလား။ ယခုႏွစ္အတြင္း ေျပာခဲ့တာကေတာ့ Apple အေနနဲ႔  foldable phone ေတြ ထုတ္လာဦးမွာ မဟုတ္ဘူးဆိုတာပါ။ ဒါေပမယ့္လည္း တျခားဘက္ကေန ၾကည့္မယ္ဆိုရင္ေတာ့ Apple အေနနဲ႔ foldable phone ဒီဇုိင္းကို မူပိုင္ခြင့္ တင္ထားပါတယ္။ သူဟာ Samsung Galaxy Fold လို အတြင္းဘက္ကို ေခါက္ခ်ိဳးတဲ့ဒီဇိုင္း ျဖစ္ပါတယ္။ သူ႔မွာ Display Layer အျပင္ Protective Cover Layer လည္း ပါပါတယ္။ မ်က္ႏွာျပင္ရဲ႕အထက္မွ Protective Cover Layer ကို Glass, Sapphire, Zirconia မ်ားနဲ႔ ျပဳလုပ္ထားမယ္လို႔ သတင္းထြက္ေနပါတယ္။ Apple အေနနဲ႔ မူပိုင္ခြင့္မွာ Foldable iPhone နဲ႔ ပတ္သတ္ၿပီး ဒီဇိုင္းပုံေတြ တင္ထားေပမယ့္ အမွန္တကယ္ ထုတ္ဖို႔ကေတာ့ မေသခ်ာေသးပါဘူး။ ဒါ့အျပင္ Fan Made Render ရဲ႕ ပုံေတြမွာေတာ့ သိပ္တိက်မႈ မရွိေသးပါဘူး။

(9). Microsoft Andromeda A Foldable Phone

Microsoft ကလည္း ကမာၻ႔အႀကီးဆုံး နည္းပညာကုမၸဏီေတြထဲမွာ တစ္ခုအပါအဝင္ ျဖစ္ပါတယ္။ သူတို႔အေနနဲ႔လည္း စမတ္ဖုန္းေစ်းကြက္ထဲကို ျပန္ဝင္ႏိုင္ဖုိ႔ ျပဳလုပ္ေနပါတယ္။ အရာရာတုိင္းမွာေတာ့ hero to zero ျဖစ္သြားတဲ့ အေျခအေနေတြ ရွိပါတယ္။ အနီးစပ္ဆုံး ဥပမာေပးရမယ္ဆုိရင္ Nokia လိုေပါ့။ မဆိုးပါဘူး။ ႏုီကီယာအေနနဲ႔ လက္ရွိအခ်ိန္မွာ လူႀကိဳက္မ်ားတဲ့ အေျခအေနျဖစ္ဖို႔ comeback လုပ္လာႏုိင္ပါၿပီ။ Microsoft ရဲ႕ Foldable phone ကိုေတာ့  codenamed အေနနဲ႔  Andromeda လုိ႔ ေပးထားပါတယ္။ The Verge က လာတဲ့သတင္းေတြအရ လာမယ့္ႏွစ္မွာ ထုတ္ေပးမယ္လို႔ သိရပါတယ္။ ဒီဖုန္းမ်ိဳးေတြအတြက္ အဓိကအစီအစဥ္ ခ်ရတာကေတာ့  foldable (သို႔) dual-screen devices ေတြေပၚမွာ  in-built apps  ေတြ ေကာင္းေကာင္းအလုပ္လုပ္ႏိုင္ဖုိ႔ပါဘဲ။ အဲဒီစမတ္ဖုန္းမွာ Windows Phone OS ကို ထည့္သြင္းထားမွာ မဟုတ္ပါဘူး။ သူ႔မွာ Windows OS လိုလုပ္ေဆာင္ခ်က္မ်ား ပါလာမွာ ျဖစ္ပါတယ္။ သူ႔ကို စမတ္ဖုန္းလိုသာမက တက္ဘလက္လိုပါ အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။

(10). Google Pixel 5

လက္ရွိအခ်ိန္မွာ Google Pixel 4 စမတ္ဖုန္းကို အသုံးျပဳေနတဲ့သူ ဘယ္ေလာက္ထိ ရွိေနၿပီလု႔ိ ထင္ပါသလဲ။ လာမယ့္ႏွစ္မွာေတာ့ Google Pixel 5 ဖုန္းဟာ အမွန္တကယ္ ထြက္လာမွာပါ။ ဒါဟာ အေတာ္ေလး စိတ္ဝင္စားစရာေကာင္းတဲ့ ကိစၥလို႔ေတာင္ ဆိုရမွာပါ။ အျခားစမတ္ဖုန္းထုတ္လုပ္သူေတြကသာ RAM န႔ဲ႔ ဘက္ထရီပိုင္းေတြမွာ ေျပာင္းလဲတိုးျမင့္မႈေတြ လုပ္လာၾကေပမယ့္ android OS ပိုင္ဆိုင္သူႀကီးကေတာ့ အရမ္းလႈပ္လႈပ္ရွားရွားလုပ္တာ မေတြ႕ရပါဘူး။ ဒါေပမယ့္ သူ႕မွာရွိတဲ့ အားသာခ်က္က ဖုန္းထဲမွာရွိတဲ့ ပါဝင္ပစၥည္းေတြနဲ႔ အေကာင္းဆုံး ထိန္းခ်ဳပ္အလုပ္လုပ္ႏိုင္တာပါ။ စာရြက္ေပၚက အခ်က္အလက္ေတြ ၾကည့္မယ္ဆိုရင္ေတာ့ Pixel ဖုန္းေတြက အျခားဖုန္းေတြနဲ႔ ယွဥ္လိုက္ရင္ spec ပိုင္း အားနည္းေနတယ္လို႔ ထင္ရေပမယ့္ လက္ေတြ႕သုံးၾကည့္လိုက္တဲ့အခါမွာ အျခားအဆင့္ျမင့္ ဖုန္းေတြအတိုင္းပဲ လုပ္ေဆာင္ခ်က္ပိုင္း ေကာင္းမြန္တာကို ေတြ႕ရမွာ ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)