မေး – မင်္ဂလာပါအစ်ကိုရေ။ ကျွန်တော့်ဖုန်းရဲ့ Volume အတိုးအချဲ့ ခလုတ်လေးတွေက ကျွံနေလို့ပါ။ ပြန်ပြုပြင်လို့ ရနိုင်ပါသလား။
ဖြေ – ပြန်ပြုပြင်လို့ ရပါတယ် ညီလေးရေ။ နီးစပ်ရာဖုန်း Service ဆိုင်ကိုသာ သွားပြလိုက်ပါခင်ဗျာ။

မေး – အစ်ကိုရေ ကျွန်တော့်ဖုန်းက Samsung ဖုန်းလေးပါခင်ဗျာ။ Software Update တင်လိုက်ပြီးတော့ Logo ပြန်တက်လာပါတယ်။ ဒါပေမဲ့ Email တွေ တောင်းနေလို့ပါခင်ဗျာ။ ရှေ့ဆက်လို့မရဘူး ဖြစ်နေပါတယ်။ ဘာဖြစ်လို့ပါလဲခင်ဗျာ။
ဖြေ – အဲ့ဒါကတော့ FRP…Google.Acc ကျတာပါခင်ဗျာ။ နီးစပ်ရာဖုန်းဆိုင်တွေမှာ ဖြေလို့ရပါတယ်ခင်ဗျာ။

မေး – ဖုန်းတွေကို Virus မဝင်နိုင်အောင် တားဆီးလို့ရတဲ့ Software ရှိပါသလားခင်ဗျာ။ ဖြေကြားပေးပါဦး အစ်ကိုရေ။
ဖြေ – Virus မဝင်နိုင်အောင်သုံးတဲ့ Software ရယ်လို့တော့ မရှိပါဘူး။ အဲ့ဒီ Software တွေကပဲ Virus ပြန်ဝင်တာ များပါတယ်ခင်ဗျာ။

မေး – အစ်ကိုရေ ကျွန်တော့်ဖုန်းရဲ့ စာလုံး Font တွေက ပုံမှန်မဟုတ်ဘဲ တစ်ခုနဲ့တစ်ခု ထပ်နေလို့်ပါခင်ဗျာ။ ဘာကြောင့်ပါလဲ။
ဖြေ – စာလုံး Font ကြောင့်ဖြစ်တာပါအစ်ကိုရေ။ Font လေးကို ပြန်ပြောင်းပြီး သုံးကြည့်လိုက်ပါခင်ဗျာ။

မေး – ကျွန်တော့်ဖုန်းက Sim Card ထည့်ထားပေမယ့်လည်း လိုင်းမတက်ဘူး ဖြစ်နေလို့ပါ။ ဘာကြောင့်ပါလဲ။ ပြုပြင်လို့ ရနိုင်ပါသလား။
ဖြေ – ပြုပြင်လို့ ရပါတယ် အစ်ကိုရေ။ Sim အထိုင်ကြောင့်လည်း ဖြစ်တတ်ပါတယ်။ ကတ်လွတ်နေသလားဆိုတာကို ပြန်စစ်ကြည့်ပေးပါ။

မေး – အစ်ကိုရေ ကျွန်တော့်ဖုန်းရဲ့ Password ကို မေ့သွားလို့ပါခင်ဗျာ။ ဘယ်လိုလုပ်ရင် အဆင်ပြေနိုင်မလဲ ခင်ဗျာ။
ဖြေ – ဟုတ်ကဲ့။ အစ်ကိုရေ ဖုန်းဆိုင်မှာ သေချာလေးပြကြည့်လိုက်ပါခင်ဗျာ။ Account Lock တွေပါလာရင် ပိုကုန်မှာစိုးလို့ပါခင်ဗျာ။

မေး – မင်္ဂလာပါအစ်ကိုရေ။ ကျွန်တော့်ဖုန်းက Honor ဖုန်းအမျိုးအစားလေးပါခင်ဗျာ။ Game ကစားတဲ့အခါမှာ အပြင်ကို ထွက်ထွက်သွားလို့ပါ။ ဘာဖြစ်လို့ပါသလဲခင်ဗျာ။
ဖြေ – ဂိမ်းအမျိုးအစားပေါ် မူတည်ပြီးတော့ Version အနိမ့်အမြင့်ကြောင့်လည်း ဖြစ်တတ်ပါတယ် ညီလေးရေ။

မေး – အစ်ကိုရေ ကျွန်တော့်ဖုန်းက အားသွင်းရင် အရမ်းကြာနေလို့ပါခင်ဗျာ။ အဲ့ဒါ ဘာဖြစ်လို့ပါသလဲ။
ဖြေ – အားသွင်းကြိုးကို အရင်ပြောင်းသုံးကြည့်လိုက်ပါ။ မရရင်တော့ Battery နှင့် ကျန်တဲ့ဆက်စပ်တာတွေကို ဆိုင်မှာ ပြကြည့်သင့်ပါတယ်။

မေး – iPhone တွေ ပျောက်သွားခဲ့ရင် ပြန်ရှာလို့ရနိုင်ပါသလား။
ဖြေ – iPhone တွေပျောက်ရင် ပြန်ရှာနို်င်ပါသလားဆိုတော့ ရှာလို့ရတဲ့နည်လမ်းတွေတော့ ရှိပါတယ်။ ဒါပေမဲ့ အဲဒီနည်းလမ်းကလည်း တကယ်ပျောက်သွားခဲ့ရင်တော့ လုံးဝပြန်ရှာလို့ မရနိုင်ပါဘူးခင်ဗျာ။ များသောအားဖြင့်တော့ ပြန်မရကြတာ များပါတယ်ခင်ဗျာ။

မေး – အစ်ကိုရေ ကျွန်တော့်ဖုန်းက အားဝင်တာကို နှေးနေလို့ပါခင်ဗျာ။ 1 ရာခိုင်နှုန်းတက်ဖို့ကို တော်တော်ကြာပါတယ်။ အဲ့ဒါက ဘယ်လိုဖြစ်တာပါလဲခင်ဗျာ။
ဖြေ – အဲ့ဒီလိုဖြစ်ရခြင်းရဲ့ ပထမအချက်ကတော့ Battery ဓာတ်ပျယ်လာပြီဆိုရင် ဖြစ်တတ်သလို နောက်တစ်ခုက အားသွင်းကြိုးတွေကြောင့်လည်း များသောအားဖြင့် ဖြစ်တတ်ပါတယ်။ အဲ့ဒါကြောင့် အပေါ်က 2 ချက်ကို အရင်စစ်ဆေးသင့်ပါတယ်။ အဲ့ဒီ 2 ချက်ကတော့ သာမန် User တစ်ယောက်အနေနဲ့ ကိုယ်တိုင်လုပ်လို့ ရပါတယ်ခင်ဗျာ။ အကယ်၍ မရဘူးဆိုရင်တော့ ဖုန်းအထဲက စက်ပစ္စည်းနဲ့ ပတ်သတ်တဲ့ IC တွေကို စစ်ဆေးရမှာ ဖြစ်ပါတယ်။

မေး – ဖုန်းသုံးနေရင်းနဲ့ Application တစ်ခုခုကို ဖွင့်လိုက်တဲ့အခါမှာ Unfortunately Has Stopped ဆိုပြီးတော့ ပေါ်ပေါ်လာလို့ပါ။ ဘယ်လိုပြန်လုပ်ရင် အဆင်ပြေနိုင်မလဲခင်ဗျာ။
ဖြေ – အဲ့ဒီလိုဖြစ်ရခြင်းကတော့ အဓိကအားဖြင့် သူ့ App Version နဲ့ ဖုန်းရဲ့ Version မကိုက်ညီခဲ့လျှင် အများဆုံး ဖြစ်တတ်ပါတယ်ခင်ဗျာ။ အကယ်၍ သုံးချင်တယ်ဆိုရင်တော့ မိမိကိုယ်တိုင် App ကို Down ပြီးတော့ သုံးကြည့်လိုက်ပါခင်ဗျာ။ အဆင်ပြေပါလိမ့်မယ်။

Pyae Sone Mobile Service & Training (တိုက်ကြီးမြို့) ဖုန်း- 09-692203616, 09-263021551 မှ ကူညီပံ့ပိုးပါသည်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

အေမးမ်ားေသာ မိုဘိုင္းဖုန္းဆိုင္ရာျပႆနာမ်ား

ေမး – မဂၤလာပါအစ္ကိုေရ။ ကြၽန္ေတာ့္ဖုန္းရဲ႕ Volume အတိုးအခ်ဲ႕ ခလုတ္ေလးေတြက ကြၽံေနလို႔ပါ။ ျပန္ျပဳျပင္လို႔ ရႏိုင္ပါသလား။
ေျဖ – ျပန္ျပဳျပင္လို႔ ရပါတယ္ ညီေလးေရ။ နီးစပ္ရာဖုန္း Service ဆိုင္ကိုသာ သြားျပလိုက္ပါခင္ဗ်ာ။

ေမး – အစ္ကိုေရ ကြၽန္ေတာ့္ဖုန္းက Samsung ဖုန္းေလးပါခင္ဗ်ာ။ Software Update တင္လိုက္ၿပီးေတာ့ Logo ျပန္တက္လာပါတယ္။ ဒါေပမဲ့ Email ေတြ ေတာင္းေနလို႔ပါခင္ဗ်ာ။ ေရွ႕ဆက္လုိ႔မရဘူး ျဖစ္ေနပါတယ္။ ဘာျဖစ္လို႔ပါလဲခင္ဗ်ာ။
ေျဖ – အဲ့ဒါကေတာ့ FRP…Google.Acc က်တာပါခင္ဗ်ာ။ နီးစပ္ရာဖုန္းဆိုင္ေတြမွာ ေျဖလို႔ရပါတယ္ခင္ဗ်ာ။

ေမး – ဖုန္းေတြကို Virus မဝင္ႏိုင္ေအာင္ တားဆီးလို႔ရတဲ့ Software ရွိပါသလားခင္ဗ်ာ။ ေျဖၾကားေပးပါဦး အစ္ကိုေရ။
ေျဖ – Virus မဝင္ႏိုင္ေအာင္သံုးတဲ့ Software ရယ္လို႔ေတာ့ မရိွပါဘူး။ အဲ့ဒီ Software ေတြကပဲ Virus ျပန္ဝင္တာ မ်ားပါတယ္ခင္ဗ်ာ။

ေမး – အစ္ကိုေရ ကြၽန္ေတာ့္ဖုန္းရဲ႕ စာလံုး Font ေတြက ပံုမွန္မဟုတ္ဘဲ တစ္ခုနဲ႔တစ္ခု ထပ္ေနလို႔္ပါခင္ဗ်ာ။ ဘာေၾကာင့္ပါလဲ။
ေျဖ – စာလံုး Font ေၾကာင့္ျဖစ္တာပါအစ္ကိုေရ။ Font ေလးကို ျပန္ေျပာင္းၿပီး သံုးၾကည့္လုိက္ပါခင္ဗ်ာ။

ေမး – ကြၽန္ေတာ့္ဖုန္းက Sim Card ထည့္ထားေပမယ့္လည္း လိုင္းမတက္ဘူး ျဖစ္ေနလို႔ပါ။ ဘာေၾကာင့္ပါလဲ။ ျပဳျပင္လို႔ ရႏိုင္ပါသလား။
ေျဖ – ျပဳျပင္လို႔ ရပါတယ္ အစ္ကိုေရ။ Sim အထိုင္ေၾကာင့္လည္း ျဖစ္တတ္ပါတယ္။ ကတ္လြတ္ေနသလားဆိုတာကို ျပန္စစ္ၾကည့္ေပးပါ။

ေမး – အစ္ကိုေရ ကြၽန္ေတာ့္ဖုန္းရဲ႕ Password ကို ေမ့သြားလို႔ပါခင္ဗ်ာ။ ဘယ္လိုလုပ္ရင္ အဆင္ေျပႏိုင္မလဲ ခင္ဗ်ာ။
ေျဖ – ဟုတ္ကဲ့။ အစ္ကိုေရ ဖုန္းဆိုင္မွာ ေသခ်ာေလးျပၾကည့္လိုက္ပါခင္ဗ်ာ။ Account Lock ေတြပါလာရင္ ပိုကုန္မွာစိုးလို႔ပါခင္ဗ်ာ။

ေမး – မဂၤလာပါအစ္ကိုေရ။ ကြၽန္ေတာ့္ဖုန္းက Honor ဖုန္းအမ်ိဳးအစားေလးပါခင္ဗ်ာ။ Game ကစားတဲ့အခါမွာ အျပင္ကို ထြက္ထြက္သြားလို႔ပါ။ ဘာျဖစ္လို႔ပါသလဲခင္ဗ်ာ။
ေျဖ – ဂိမ္းအမ်ိဳးအစားေပၚ မူတည္ၿပီးေတာ့ Version အနိမ့္အျမင့္ေၾကာင့္လည္း ျဖစ္တတ္ပါတယ္ ညီေလးေရ။

ေမး – အစ္ကိုေရ ကြၽန္ေတာ့္ဖုန္းက အားသြင္းရင္ အရမ္းၾကာေနလို႔ပါခင္ဗ်ာ။ အဲ့ဒါ ဘာျဖစ္လို႔ပါသလဲ။
ေျဖ – အားသြင္းႀကိဳးကို အရင္ေျပာင္းသံုးၾကည့္လိုက္ပါ။ မရရင္ေတာ့ Battery ႏွင့္ က်န္တဲ့ဆက္စပ္တာေတြကို ဆိုင္မွာ ျပၾကည့္သင့္ပါတယ္။

ေမး – iPhone ေတြ ေပ်ာက္သြားခဲ့ရင္ ျပန္ရွာလို႔ရႏိုင္ပါသလား။
ေျဖ – iPhone ေတြေပ်ာက္ရင္ ျပန္ရွာႏို္င္ပါသလားဆိုေတာ့ ရွာလို႔ရတဲ့နည္လမ္းေတြေတာ့ ရိွပါတယ္။ ဒါေပမဲ့ အဲဒီနည္းလမ္းကလည္း တကယ္ေပ်ာက္သြားခဲ့ရင္ေတာ့ လံုးဝျပန္ရွာလို႔ မရႏိုင္ပါဘူးခင္ဗ်ာ။ မ်ားေသာအားျဖင့္ေတာ့ ျပန္မရၾကတာ မ်ားပါတယ္ခင္ဗ်ာ။

ေမး – အစ္ကိုေရ ကြၽန္ေတာ့္ဖုန္းက အားဝင္တာကို ေႏွးေနလို႔ပါခင္ဗ်ာ။ 1 ရာခုိင္ႏႈန္းတက္ဖို႔ကို ေတာ္ေတာ္ၾကာပါတယ္။ အဲ့ဒါက ဘယ္လိုျဖစ္တာပါလဲခင္ဗ်ာ။
ေျဖ – အဲ့ဒီလိုျဖစ္ရျခင္းရဲ႕ ပထမအခ်က္ကေတာ့ Battery ဓာတ္ပ်ယ္လာၿပီဆိုရင္ ျဖစ္တတ္သလို ေနာက္တစ္ခုက အားသြင္းႀကိဳးေတြေၾကာင့္လည္း မ်ားေသာအားျဖင့္ ျဖစ္တတ္ပါတယ္။ အဲ့ဒါေၾကာင့္ အေပၚက 2 ခ်က္ကို အရင္စစ္ေဆးသင့္ပါတယ္။ အဲ့ဒီ 2 ခ်က္ကေတာ့ သာမန္ User တစ္ေယာက္အေနနဲ႔ ကိုယ္တိုင္လုပ္လို႔ ရပါတယ္ခင္ဗ်ာ။ အကယ္၍ မရဘူးဆိုရင္ေတာ့ ဖုန္းအထဲက စက္ပစၥည္းနဲ႔ ပတ္သတ္တဲ့ IC ေတြကို စစ္ေဆးရမွာ ျဖစ္ပါတယ္။

ေမး – ဖုန္းသံုးေနရင္းနဲ႔ Application တစ္ခုခုကို ဖြင့္လိုက္တဲ့အခါမွာ Unfortunately Has Stopped ဆိုၿပီးေတာ့ ေပၚေပၚလာလို႔ပါ။ ဘယ္လိုျပန္လုပ္ရင္ အဆင္ေျပႏိုင္မလဲခင္ဗ်ာ။
ေျဖ – အဲ့ဒီလိုျဖစ္ရျခင္းကေတာ့ အဓိကအားျဖင့္ သူ႕ App Version နဲ႔ ဖုန္းရဲ႕ Version မကိုက္ညီခဲ့လွ်င္ အမ်ားဆံုး ျဖစ္တတ္ပါတယ္ခင္ဗ်ာ။ အကယ္၍ သံုးခ်င္တယ္ဆိုရင္ေတာ့ မိမိကိုယ္တိုင္ App ကို Down ၿပီးေတာ့ သံုးၾကည့္လိုက္ပါခင္ဗ်ာ။ အဆင္ေျပပါလိမ့္မယ္။

Pyae Sone Mobile Service & Training (တိုက္ႀကီးၿမိဳ႕) ဖုန္း- 09-692203616, 09-263021551 မွ ကူညီပံ့ပိုးပါသည္။

NetGuide Journal (Every Wednesday)