Huawei ဟာ ဘရာဇီးဈေးကွက်မှာ အောင်မြင်မှု ရယူနိုင်ရေးအတွက် စမတ်ဖုန်းသစ်များအပြင် အခြားဆက်စပ်ပစ္စည်း များ ဆက်တိုက်ရောင်းချနေပါတယ်။ မကြာသေးမီတုန်းက Huawei ဟာ ဘရာဇီးဈေးကွက်မှာ P30 ၊ P30 Lite တို့အပြင် FreeBuds Lite ကြိုးမဲ့နားကြပ်ကိုလည်း ကြေညာရောင်းချနေပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ Huawei Twitter အကောင့်ကို ပုံမှန် ပစ္စည်းကြေညာတာမျိုး မဟုတ်တော့ဘဲ ဦးတည်ချက် ပြောင်းလာခဲ့ပါတယ်။

Huawei Brazil ရဲ့ Twitter အကောင့်ဟာ အဟက်ခံခဲ့ရပြီးနောက် ပြိုင်ဘက် Apple ကို တိုက်ခိုက်မှု ပြုလုပ်လာတာ ဖြစ်ပါတယ်။ Huawei Brazil ကို ဟက်တဲ့သူများဟာ Huawei သာ အကောင်းဆုံးဖြစ်ကြောင်း၊ ဆင်းရဲသူများမှာ Apple ထုတ် Product များကို ဝယ်ယူနိုင်ခြင်း မရှိကြောင်း တိုက်ခိုက် ရေးသားခဲ့ပါတယ်။

ဒါ့ပေမယ့် ချက်ချင်းဆိုသလိုဘဲ Huawei ဟာ ယင်းသို့ အကောင့်အဟက်ခံရကာ စာများရေးသားသွားခဲ့မှုအတွက် တောင်းပန်မှု ပြလုပ်သွားပြီး ဟက်ကာများကို စုံစမ်းစစ်ဆေးကာ အရေးယူသွားမှာဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Huawei Twitter အေကာင့္ အဟက္ခံခဲ့ရၿပီး Apple ကို လူသိရွင္ၾကား တိုက္ခိုက္

Huawei ဟာ ဘရာဇီးေဈးကြက္မွာ ေအာင္ျမင္မႈ ရယူႏိုင္ေရးအတြက္ စမတ္ဖုန္းသစ္မ်ားအျပင္ အျခားဆက္စပ္ပစၥည္း မ်ား ဆက္တိုက္ေရာင္းခ်ေနပါတယ္။ မၾကာေသးမီတုန္းက Huawei ဟာ ဘရာဇီးေဈးကြက္မွာ P30 ၊ P30 Lite တို႔အျပင္ FreeBuds Lite ႀကိဳးမဲ့နားၾကပ္ကိုလည္း ေၾကညာေရာင္းခ်ေနပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွာေတာ့ Huawei Twitter အေကာင့္ကို ပုံမွန္ ပစၥည္းေၾကညာတာမ်ိဳး မဟုတ္ေတာ့ဘဲ ဦးတည္ခ်က္ ေျပာင္းလာခဲ့ပါတယ္။

Huawei Brazil ရဲ႕ Twitter အေကာင့္ဟာ အဟက္ခံခဲ့ရၿပီးေနာက္ ၿပိဳင္ဘက္ Apple ကို တိုက္ခိုက္မႈ ျပဳလုပ္လာတာ ျဖစ္ပါတယ္။ Huawei Brazil ကို ဟက္တဲ့သူမ်ားဟာ Huawei သာ အေကာင္းဆုံးျဖစ္ေၾကာင္း၊ ဆင္းရဲသူမ်ားမွာ Apple ထုတ္ Product မ်ားကို ဝယ္ယူႏိုင္ျခင္း မရွိေၾကာင္း တိုက္ခိုက္ေရးသားခဲ့ပါတယ္။

ဒါ့ေပမယ့္ ခ်က္ခ်င္းဆိုသလိုဘဲ Huawei ဟာ ယင္းသို႔ အေကာင့္အဟက္ခံရကာ စာမ်ားေရးသားသြားခဲ့မႈအတြက္ ေတာင္းပန္မႈ ျပလုပ္သြားၿပီး ဟက္ကာမ်ားကို စုံစမ္းစစ္ေဆးကာ အေရးယူသြားမွာျဖစ္ေၾကာင္း ေျပာၾကားသြားခဲ့ပါတယ္။

NetGuide Journal (Every Wednesday)