တောင်ကိုရီးယားသတင်းစာတစ်ခုရဲ့ ဖော်ပြမှုအရ Samsung ဟာ Intel ရဲ့ Desktop Microprocessors များကို ထုတ်လုပ်ခွင့် ရရှိသွားကြောင်း သိရပါတယ်။ Intel ဟာ Desktop CPU များအား ဈေးကွက်က တောင်းဆိုမှုအတိုင်း ထုတ်လုပ်နိုင်ခြင်း မရှိခြင်းကြောင့် ရုန်းကန်လာခဲ့ရပါတယ်။ အခြားတစ်ဖက်မှာ Samsung ကလည်း ထုတ်လုပ်မှုအပိုင်း ဈေးကွက်မှ ဝင်ငွေများစွာ ရရှိလာရေးအတွက် အခြား Chipset ကုမ္ပဏီများနှင့် ဆွေးနွေးလာခဲ့တာဖြစ်ပါတယ်။

Intel ဟာ  CPU ထုတ်လုပ်ရေးအတွက် TSMC နှင့် Samsung တို့နှစ်ခုစလုံးနှင့် ဆွေးနွေးမှုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ TSMC မှာလည်း အခြား ကုမ္ပဏီများရဲ့ Chipset များကို ထုတ်လုပ်ပေးနေရတာကြောင့် Intel အတွက် နေရာမပေးနိုင်ပါဘူး။ ဒါကြောင့်လည်း Samsung က Intel ရဲ့ Desktop CPU ထုတ်လုပ်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဧပြီလတုန်းက Samsung Electronics က အခြားကုမ္ပဏီများရဲ့ Chipset ကိုလည်း ထုတ်လုပ်ပေးနိုင်ရေး အတွက် ဒေါ်လာ 116 ဘီလီယမ် ရင်းနှီးမြှပ်နှံမှု ပြုလုပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Desktop CPU ထုတ္လုပ္မႈအတြက္ Samsung ကို Intel အသုံးျပဳသြားမည္

ေတာင္ကိုရီးယားသတင္းစာတစ္ခုရဲ႕ ေဖာ္ျပမႈအရ Samsung ဟာ Intel ရဲ႕ Desktop Microprocessors မ်ားကို ထုတ္လုပ္ခြင့္ ရရွိသြားေၾကာင္း သိရပါတယ္။ Intel ဟာ Desktop CPU မ်ားအား ေဈးကြက္က ေတာင္းဆိုမႈအတိုင္း ထုတ္လုပ္ႏိုင္ျခင္း မရွိျခင္းေၾကာင့္ ႐ုန္းကန္လာခဲ့ရပါတယ္။ အျခားတစ္ဖက္မွာ Samsung ကလည္း ထုတ္လုပ္မႈအပိုင္း ေဈးကြက္မွ ဝင္ေငြမ်ားစြာ ရရွိလာေရးအတြက္ အျခား Chipset ကုမၸဏီမ်ားႏွင့္ ေဆြးေႏြးလာခဲ့တာျဖစ္ပါတယ္။

Intel ဟာ CPU ထုတ္လုပ္ေရးအတြက္ TSMC ႏွင့္ Samsung တို႔ႏွစ္ခုစလုံးႏွင့္ ေဆြးေႏြးမႈျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ TSMC မွာလည္း အျခား ကုမၸဏီမ်ားရဲ႕ Chipset မ်ားကို ထုတ္လုပ္ေပးေနရတာေၾကာင့္ Intel အတြက္ ေနရာမေပးႏိုင္ပါဘူး။ ဒါေၾကာင့္လည္း Samsung က Intel ရဲ႕ Desktop CPU ထုတ္လုပ္ခြင့္ ရရွိခဲ့တာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ဧၿပီလတုန္းက Samsung Electronics က အျခားကုမၸဏီမ်ားရဲ႕ Chipset ကိုလည္း ထုတ္လုပ္ေပးႏိုင္ေရး အတြက္ ေဒၚလာ 116 ဘီလီယမ္ ရင္းႏွီးျမႇပ္ႏွံမႈ ျပဳလုပ္သြားမယ္လို႔ ေၾကညာခဲ့ပါတယ္။

NetGuide Journal (Every Wednesday)