DigiTimes ရဲ့ ဖော်ပြချက်အရ Apple ဟာ လာမယ့်နှစ် 2020 ခုနှစ် iPhone မော်ဒယ်များရဲ့ ဗူးအတွင်းမှာဘဲ AirPods ကို တပါတည်း ထည့်သွင်းပေးရန် စဉ်းစားနေကြောင်း သိရပါတယ်။ တကယ်တော့ Apple သာမက Samsung ၊ Xiaomi ဟာလည်း လာမယ့်နှစ် အဆင့်မြင့် စမတ်ဖုန်းများမှာ ဗူးအတွင်းမှာ ကြိုးမဲ့နားကြပ်ကိုပါ တပါတည်း ထည့်သွင်းပေးရန် စဉ်းစားနေကြတာပါ။

လက်ရှိအချိန်မှာ Apple ဟာ AirPods များကို အနည်းဆုံး ဒေါ်လာ 150 မှ ဒေါ်လာ 250 အထိ သတ်မှတ်ထားပါတယ်။ ဒါကြောင့် ဈေးနှုန်း ဒေါ်လာ ရာချီတန်တဲ့ နားကြပ်ကို ထည့်သွင်းလာမှာဖြစ်လို့ ဖုန်းဈေးနှုန်းကလည်း ပိုပြီး မြင့်မားလာဖို့ ရှိပါတယ်။ Apple ဟာ AirPods ကို အခမဲ့ပေးလာဖို့တော့ မရှိပါဘူး။

Apple ဟာ AirPods ရောင်းအားမကောင်းလို့ အခုလို AirPods ထည့်သွင်းဖို့ လုပ်ဆောင်နေတာတော့ မဟုတ်ပါဘူး။ Apple AirPods က လက်ရှိ ကြိုးမဲ့နားကြပ်ဈေးကွက်မှာ ရောင်းအား အကောင်းဆုံးအဖြစ် ရပ်တည်နေပါတယ်။

နောက်ဆုံး ကြေညာရောင်းချနေတဲ့ AirPods Pro မှာ Active Noise Cancelling စနစ်ပါဝင်ကာ ဈေးကွက်ရဲ့ အကြီးအကျယ်တောင်းဆိုမှု ခံနေရတာကြောင့် Apple ဟာ တစ်လလျှင် 2 သန်းအထိ တိုးမြှင့်ထုတ်လုပ်ဖို့ လုပ်ဆောင်နေပါတယ်။

လက်ရှိအချိန်မှာ Apple ဟာ iPhone ဗူးအတွင်းမှာ ဒေါ်လာ 30 တန် Lighting Connector ပါ EarPod ဘဲ ထည့်သွင်းလာပါမယ်။

တကယ်လို့များ လာမယ့် 2020 ခုနှစ် iPhone မော်ဒယ်များမှာ ကြိုးမဲ့နားကြပ် ထည့်သွင်းလာမယ်ဆိုရင် AirPods ရောင်းအားကလည်း ကျဆင်းလာနိုင်ပါတယ်။ Apple အနေဖြင့် ဘာတွေလုပ်ဆောင်လာမလဲဆိုတာ စောင့်ကြည့်သွားရပါဦးမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

2020 iPhone ေမာ္ဒယ္မ်ားတြင္ AirPods ပါတပါတည္း ထည့္သြင္းေပးရန္ Apple စဥ္းစားေန

DigiTimes ရဲ့ ေဖာ္ျပခ်က္အရ Apple ဟာ လာမယ့္ႏွစ္ 2020 ခုႏွစ္ iPhone ေမာ္ဒယ္မ်ားရဲ့ ဗူးအတြင္းမွာဘဲ AirPods ကို တပါတည္း ထည့္သြင္းေပးရန္ စဥ္းစားေနေၾကာင္း သိရပါတယ္။ တကယ္ေတာ့ Apple သာမက Samsung ၊ Xiaomi ဟာလည္း လာမယ့္ႏွစ္ အဆင့္ျမင့္ စမတ္ဖုန္းမ်ားမွာ ဗူးအတြင္းမွာ ႀကိဳးမဲ့နားၾကပ္ကိုပါ တပါတည္း ထည့္သြင္းေပးရန္ စဥ္းစားေနၾကတာပါ။

လက္ရွိအခ်ိန္မွာ Apple ဟာ AirPods မ်ားကို အနည္းဆုံး ေဒၚလာ 150 မွ ေဒၚလာ 250 အထိ သတ္မွတ္ထားပါတယ္။ ဒါေၾကာင့္ ေဈးႏွုန္း ေဒၚလာ ရာခ်ီတန္တဲ့ နားၾကပ္ကို ထည့္သြင္းလာမွာျဖစ္လို႔ ဖုန္းေဈးႏွုန္းကလည္း ပိုၿပီး ျမင့္မားလာဖို႔ ရွိပါတယ္။ Apple ဟာ AirPods ကို အခမဲ့ေပးလာဖို႔ေတာ့ မရွိပါဘူး။

Apple ဟာ AirPods ေရာင္းအားမေကာင္းလို႔ အခုလို AirPods ထည့္သြင္းဖို႔ လုပ္ေဆာင္ေနတာေတာ့ မဟုတ္ပါဘူး။ Apple AirPods က လက္ရွိ ႀကိဳးမဲ့နားၾကပ္ေဈးကြက္မွာ ေရာင္းအား အေကာင္းဆုံးအျဖစ္ ရပ္တည္ေနပါတယ္။

ေနာက္ဆုံး ေၾကညာေရာင္းခ်ေနတဲ့ AirPods Pro မွာ Active Noise Cancelling စနစ္ပါဝင္ကာ ေဈးကြက္ရဲ့ အႀကီးအက်ယ္ေတာင္းဆိုမွု ခံေနရတာေၾကာင့္ Apple ဟာ တစ္လလၽွင္ 2 သန္းအထိ တိုးျမႇင့္ထုတ္လုပ္ဖို႔ လုပ္ေဆာင္ေနပါတယ္။

လက္ရွိအခ်ိန္မွာ Apple ဟာ iPhone ဗူးအတြင္းမွာ ေဒၚလာ 30 တန္ Lighting Connector ပါ EarPod ဘဲ ထည့္သြင္းလာပါမယ္။

တကယ္လို႔မ်ား လာမယ့္ 2020 ခုႏွစ္ iPhone ေမာ္ဒယ္မ်ားမွာ ႀကိဳးမဲ့နားၾကပ္ ထည့္သြင္းလာမယ္ဆိုရင္ AirPods ေရာင္းအားကလည္း က်ဆင္းလာနိုင္ပါတယ္။ Apple အေနျဖင့္ ဘာေတြလုပ္ေဆာင္လာမလဲဆိုတာ ေစာင့္ၾကည့္သြားရပါဦးမယ္။

NetGuide Journal (Every Wednesday)