BMC Psychiatry Journal Study မှာ ဖော်ပြမှုအရ လူငယ်အားလုံးရဲ့ 23 ရာခိုင်နှုန်းမှာ စမတ်ဖုန်းအပေါ်တွင် များစွာအားကိုးအားထားပြုနေကြောင်း သိရပါတယ်။ ပြောရမယ်ဆိုရင် လူငယ်အများစုဟာ စမတ်ဖုန်းစွဲရောဂါဖြစ်နေကြတာလည်း ဖြစ်ပါတယ်။

King’s College London ရဲ့ စစ်တမ်းအရ လူတွေဟာ စမတ်ဖုန်းသုံးခွင့်မရှိတော့ဘူး၊ သုံးမရတော့ဘူးဆိုရင် စိတ်ပျက်ခြင်း၊ ထိတ်လန့်တုန်လှုပ်ခြင်းတို့ ဖြစ်ကြပါတယ်။ အထူးသဖြင့် လူငယ်များဟာ စမတ်ဖုန်းသုံးမှု အချိန်များစွာ ကုန်ဆုံးနေမှုနဲ့ပတ်သက်ပြီး ထိန်းချုပ်မှု လုံးဝ မရှိကြပါဘူး။ ဒါကြောင့် စမတ်ဖုန်းစွဲခြင်းက စိတ်ရောဂါဝေဒနာထဲက တစ်ခုအပါအဝင်ဖြစ်နေပါတယ်။

BMC Psychiatry ဟာ လူငယ်ပေါင်း 42000 တို့ကို စစ်တမ်းပြုစုခဲ့တာဖြစ်ပြီး စစ်တမ်းပြုစုမှုပေါင်း 41 မျိုးအထိ စစ်တမ်းပြုစုခဲ့တာ ဖြစ်ပါတယ်။ ယင်းအထဲမှာ 23 ရာခိုင်နှုန်းတို့က စမတ်ဖုန်းစွဲပြဿနာကြုံနေကြတာ ဖြစ်ပါတယ်။

၎င်းတို့ရဲ့ စစ်တမ်းအရ စမတ်ဖုန်းစွဲလန်းသူများဟာ စိတ်ဖိစီးမှုများခြင်း၊ ရွှင်ပြမှုမရှိခြင်း၊ အိပ်ချိန်နည်းခြင်း၊ ကျောင်းပညာရေးအားနည်းခြင်းစတဲ့ ပြဿနာများပါ ကြုံရကြောင်း တွေ့ရပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

လူငယ္အမ်ားစုမွာ စမတ္ဖုန္းစြဲျပႆနာၾကဳံေနၾက

BMC Psychiatry Journal Study မွာ ေဖာ္ျပမွုအရ လူငယ္အားလုံးရဲ့ 23 ရာခိုင္ႏွုန္းမွာ စမတ္ဖုန္းအေပၚတြင္ မ်ားစြာအားကိုးအားထားျပဳေနေၾကာင္း သိရပါတယ္။ ေျပာရမယ္ဆိုရင္ လူငယ္အမ်ားစုဟာ စမတ္ဖုန္းစြဲေရာဂါျဖစ္ေနၾကတာလည္း ျဖစ္ပါတယ္။

King’s College London ရဲ့ စစ္တမ္းအရ လူေတြဟာ စမတ္ဖုန္းသုံးခြင့္မရွိေတာ့ဘူး၊ သုံးမရေတာ့ဘူးဆိုရင္ စိတ္ပ်က္ျခင္း၊ ထိတ္လန႔္တုန္လွုပ္ျခင္းတို႔ ျဖစ္ၾကပါတယ္။ အထူးသျဖင့္ လူငယ္မ်ားဟာ စမတ္ဖုန္းသုံးမွု အခ်ိန္မ်ားစြာ ကုန္ဆုံးေနမွုနဲ႔ပတ္သက္ၿပီး ထိန္းခ်ဳပ္မွု လုံးဝ မရွိၾကပါဘူး။ ဒါေၾကာင့္ စမတ္ဖုန္းစြဲျခင္းက စိတ္ေရာဂါေဝဒနာထဲက တစ္ခုအပါအဝင္ျဖစ္ေနပါတယ္။

BMC Psychiatry ဟာ လူငယ္ေပါင္း 42000 တို႔ကို စစ္တမ္းျပဳစုခဲ့တာျဖစ္ၿပီး စစ္တမ္းျပဳစုမွုေပါင္း 41 မ်ိဳးအထိ စစ္တမ္းျပဳစုခဲ့တာ ျဖစ္ပါတယ္။ ယင္းအထဲမွာ 23 ရာခိုင္ႏွုန္းတို႔က စမတ္ဖုန္းစြဲျပႆနာၾကဳံေနၾကတာ ျဖစ္ပါတယ္။

၎တို႔ရဲ့ စစ္တမ္းအရ စမတ္ဖုန္းစြဲလန္းသူမ်ားဟာ စိတ္ဖိစီးမွုမ်ားျခင္း၊ ရႊင္ျပမွုမရွိျခင္း၊ အိပ္ခ်ိန္နည္းျခင္း၊ ေက်ာင္းပညာေရးအားနည္းျခင္းစတဲ့ ျပႆနာမ်ားပါ ၾကဳံရေၾကာင္း ေတြ႕ရပါတယ္။

NetGuide Journal (Every Wednesday)