Xiaomiရဲ့ 2019 ခုနှစ်၊ တတိယသုံးလပတ်ဝင်ငွေကဒေါ်လာ 7.63 ဘီလီယမ်အထိရရှိခဲ့ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာကတော့ ယင်းသို့ ဝင်ငွေမြင့်မားလာတာကတော့ Xiaomiရဲ့ အင်တာနက်သုံး Device များနှင့် အိမ်သုံးစမတ်ပစ္စည်းများရောင်းအားကောင်းမှုကြောင့် ဖြစ်ပါတယ်။ အခြားတစ်ဖက်မှာXiaomiရဲ့ စမတ်ဖုန်းရောင်းအားကအနည်းငယ်ကျဆင်းသွားပါတယ်။

Xiaomi ဟာ စမတ်ဖုန်းရောင်းချမှုမှ ဒေါ်လာ 4.59 ဘီလီယမ်အထိရရှိခဲ့တယ်ဆိုပေမယ့် ယမန်နှစ်တုန်းကထက် ဝင်ငွေ 7.8 ရာခိုင်နှုန်းကျဆင်းသွားပါတယ်။ Xiaomi ဟာ စမတ်ဖုန်း 32.1 သန်းသာ ရောင်းချခဲ့ရပါတယ်။

Xiaomi ဟာ အခြားအိမ်သုံးစမတ်ပစ္စည်းများ၊ အင်တာနက်သုံး Device များရောင်းချမှုမှ ဝင်ငွေဒေါ်လာ 2.22 ဘီလီယမ်အထိရရှိခဲ့ပြီး ယမန်နှစ်တုန်းကထက် 44.4 ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။ Xiaomi ဟာ လက်တော့ပ်နဲ့ စမတ်တီဗွီရောင်းချရမှုမှ ဒေါ်လာ 824 သန်းအထိရရှိခဲ့ပြီး ဝင်ငွေ 36.5 ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။

Xiaomi ဟာ ဂလိုဘယ်ဈေးကွက်များသို့ ချဲ့ထွင်မှုနဲ့အတူ နိုင်ငံခြားဈေးကွက်မှ ဝင်ငွေ 17.2 ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။

Xiaomi ဟာ 2019 ခုနှစ် ပထမကိုးလအတွင်းမှာ အမြတ်ငွေဒေါ်လာ 1.3 ဘီလီယမ် ရရှိခဲ့ကာ ယမန်နှစ်တုန်းကထက် 37.1 ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။ Xiaomi ဟာ 2018 ခုနှစ် တစ်နှစ်လုံးမှမှ အမြတ်ငွေဒေါ်လာ 1.3 ဘီလီယမ်ဘဲရရှိခဲ့တာဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Xiaomiရဲ႕ တတိယသုံးလပတ္ဝင္ေငြစံခ်ိန္တင္ရရွိေပမယ့္ စမတ္ဖုန္းေရာင္းအားက်ဆင္း

Xiaomiရဲ႕ 2019 ခုႏွစ္၊ တတိယသုံးလပတ္ဝင္ေငြကေဒၚလာ 7.63 ဘီလီယမ္အထိရရွိခဲ့ပါတယ္။ စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့ ယင္းသို႔ ဝင္ေငြျမင့္မားလာတာကေတာ့ Xiaomiရဲ႕ အင္တာနက္သုံး Device မ်ားႏွင့္ အိမ္သုံးစမတ္ပစၥည္းမ်ားေရာင္းအားေကာင္းမႈေၾကာင့္ ျဖစ္ပါတယ္။ အျခားတစ္ဖက္မွာXiaomiရဲ႕ စမတ္ဖုန္းေရာင္းအားကအနည္းငယ္က်ဆင္းသြားပါတယ္။

Xiaomi ဟာ စမတ္ဖုန္းေရာင္းခ်မႈမွ ေဒၚလာ 4.59 ဘီလီယမ္အထိရရွိခဲ့တယ္ဆိုေပမယ့္ ယမန္ႏွစ္တုန္းကထက္ ဝင္ေငြ 7.8 ရာခိုင္ႏႈန္းက်ဆင္းသြားပါတယ္။ Xiaomi ဟာ စမတ္ဖုန္း 32.1 သန္းသာ ေရာင္းခ်ခဲ့ရပါတယ္။

Xiaomi ဟာ အျခားအိမ္သုံးစမတ္ပစၥည္းမ်ား၊ အင္တာနက္သုံး Device မ်ားေရာင္းခ်မႈမွ ဝင္ေငြေဒၚလာ 2.22 ဘီလီယမ္အထိရရွိခဲ့ၿပီး ယမန္ႏွစ္တုန္းကထက္ 44.4 ရာခိုင္ႏႈန္းအထိ ျမင့္တက္လာခဲ့ပါတယ္။ Xiaomi ဟာ လက္ေတာ့ပ္နဲ႔ စမတ္တီဗြီေရာင္းခ်ရမႈမွ ေဒၚလာ 824 သန္းအထိရရွိခဲ့ၿပီး ဝင္ေငြ 36.5 ရာခိုင္ႏႈန္းအထိ ျမင့္တက္လာခဲ့ပါတယ္။

Xiaomi ဟာ ဂလိုဘယ္ေဈးကြက္မ်ားသို႔ ခ်ဲ႕ထြင္မႈနဲ႔အတူ ႏိုင္ငံျခားေဈးကြက္မွ ဝင္ေငြ 17.2 ရာခိုင္ႏႈန္း ျမင့္တက္လာခဲ့ပါတယ္။

Xiaomi ဟာ 2019 ခုႏွစ္ ပထမကိုးလအတြင္းမွာ အျမတ္ေငြေဒၚလာ 1.3 ဘီလီယမ္ ရရွိခဲ့ကာ ယမန္ႏွစ္တုန္းကထက္ 37.1 ရာခိုင္ႏႈန္းအထိ ျမင့္တက္လာခဲ့ပါတယ္။ Xiaomi ဟာ 2018 ခုႏွစ္ တစ္ႏွစ္လုံးမွမွ အျမတ္ေငြေဒၚလာ 1.3 ဘီလီယမ္ဘဲရရွိခဲ့တာျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)