နောက်ပိုင်းမှာ Samsung Galaxy S11 နဲ့ပတ်သက်ပြီးသတင်းတွေဆက်တိုက် ထွက်ပေါ်နေပါတယ်။ ယနေ့မှာလည်း Samsung Galaxy S11 မှာပါဝင်လာမယ့် စနစ်တစ်ခုနဲ့ပတ်သက်ပြီးသိခွင့် ရလာပါတယ်။ Samsung ဟာ European Union Intellectual Property Office (EUIPO) မှာ နည်းပညာမူပိုင်ခွင့် တစ်ခုရယူလာပါတယ်။ ကင်မရာဆင်ဆာနည်းပညာမူပိုင်ခွင့် ရယူလာတာဖြစ်ပြီး အမည်က Bright Night ဖြစ်ပါတယ်။ Samsung ဟာ Bright Night ကိုစမတ်ဖုန်း၊ Tablet တို့မှာသုံးသွားပါမယ်။

Samsung ဟာ Galaxy S10 ၊ Galaxy Note10 တို့မှာ Bright Night Mode ပါဝင်ပါတယ်။ Samsung ဟာ Galaxy S11 နှင့် Galaxy S11+ တို့မှာ Bright Night ကို ဟာ့ဒ်ဝဲလ်ပိုင်းအနေဖြင့်ပါ အသုံးပြုလာတော့မှာဖြစ်ပါတယ်။

Samsung Galaxy S11 မှာ ကျောဘက်ကင်မရာငါးလုံးအထိပါဝင်လာမှာဖြစ်ပြီး ငါးခုမြောက် ကင်မရာဆင်ဆာက Bright Night ဖြစ်ပါတယ်။ ယင်းဖုန်းမှာအဓိကကင်မရာက 108MP ဖြစ်ပြီး 5x Optical Zoom ပါဝင်ပါမယ်။

ဒါ့အပြင် Samsung Galaxy S11 မှာ Laser Autofocus လည်းပါဝင်လာမှာဖြစ်ပြီး ဗီဒီယိုရိုက်ကူးမှုကို 8K ဖြင့် ပြုလုပ်နိုင်ပါမယ်။ ကင်မရာစနစ်များအနေဖြင့် Director’s View ၊ Night Hyperlapse ၊ Single Take Photo နှင့် Vertical Panorama စနစ်တို့ ပါဝင်ပါမယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Samsung Galaxy S11 တြင္ Bright Night Sensor ပါဝင္လာမည္

ေနာက္ပိုင္းမွာ Samsung Galaxy S11 နဲ႔ပတ္သက္ၿပီးသတင္းေတြဆက္တိုက္ ထြက္ေပၚေနပါတယ္။ ယေန႔မွာလည္း Samsung Galaxy S11 မွာပါဝင္လာမယ့္ စနစ္တစ္ခုနဲ႔ပတ္သက္ၿပီးသိခြင့္ ရလာပါတယ္။ Samsung ဟာ European Union Intellectual Property Office (EUIPO) မွာ နည္းပညာမူပိုင္ခြင့္ တစ္ခုရယူလာပါတယ္။ ကင္မရာဆင္ဆာနည္းပညာမူပိုင္ခြင့္ ရယူလာတာျဖစ္ၿပီး အမည္က Bright Night ျဖစ္ပါတယ္။ Samsung ဟာ Bright Night ကိုစမတ္ဖုန္း၊ Tablet တို႔မွာသုံးသြားပါမယ္။

Samsung ဟာ Galaxy S10 ၊ Galaxy Note10 တို႔မွာ Bright Night Mode ပါဝင္ပါတယ္။ Samsung ဟာ Galaxy S11 ႏွင့္ Galaxy S11+ တို႔မွာ Bright Night ကို ဟာ့ဒ္ဝဲလ္ပိုင္းအေနျဖင့္ပါ အသုံးျပဳလာေတာ့မွာျဖစ္ပါတယ္။

Samsung Galaxy S11 မွာ ေက်ာဘက္ကင္မရာငါးလုံးအထိပါဝင္လာမွာျဖစ္ၿပီး ငါးခုေျမာက္ ကင္မရာဆင္ဆာက Bright Night ျဖစ္ပါတယ္။ ယင္းဖုန္းမွာအဓိကကင္မရာက 108MP ျဖစ္ၿပီး 5x Optical Zoom ပါဝင္ပါမယ္။

ဒါ့အျပင္ Samsung Galaxy S11 မွာ Laser Autofocus လည္းပါဝင္လာမွာျဖစ္ၿပီး ဗီဒီယို႐ိုက္ကူးမႈကို 8K ျဖင့္ ျပဳလုပ္ႏိုင္ပါမယ္။ ကင္မရာစနစ္မ်ားအေနျဖင့္ Director’s View ၊ Night Hyperlapse ၊ Single Take Photo ႏွင့္ Vertical Panorama စနစ္တို႔ ပါဝင္ပါမယ္။

NetGuide Journal (Every Wednesday)