တရုတ်နိုင်ငံမှာ Redmi Note 7 Pro စမတ်ဖုန်း မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ဟီနန်ပြည်နယ်မှ ဆောင်းယူဂျေးအမည်ရှိ လူတစ်ဦးက Redmi Note 7 Pro ဟာ အောက်တိုဘာလ 29 ရက်နေ့တုန်းကပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဖွင့်ဟလာပါတယ်။ သူဟာ ယင်းဖုန်းကို လွန်ခဲ့တဲ့ သုံးလတုန်းက သူ့အဖေအသုံးပြုဖို့အတွက် ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ ယင်းဖုန်းကို Xiaomi Mall မှ ဇူလိုင်လ 24 ရက်နေ့မှာ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

ဖခင်ဖြစ်သူဟာ စမတ်ဖုန်းဖြင့် ဗီဒီယိုကြည့်ပြီးနောက် အိပ်ယာထက်မှာဘဲ ဖုန်းကိုတင်ထားရင်း အိပ်ပျော်သွားခဲ့ပါတယ်။ ဖခင်ဖြစ်သူဟာ မီးလောင်နံ့ရရှိလာပြီးနောက် အိပ်ယာကနိုးလာခဲ့ပြီး စမတ်ဖုန်းဟာ မီးလောင်ပေါက်ကွဲသွားကြောင်း တွေ့ရပါတယ်။ ဖခင်ဖြစ်သူဟာ စမတ်ဖုန်းမီးလောင်မှုကို တားဆီးရန် ကြိုးပမ်းစဉ် အသေးစားဒဏ်ရာရရှိခဲ့ပြီး စမတ်ဖုန်းမှလွဲပြီး အခြားအရာများကို မီးကူးစက်ခဲ့ခြင်းတော့ မရှိပါဘူး။

သူဝယ်ယူထားတဲ့ Redmi Note 7 Pro က အာမခံ 18 လ ရှိပေမယ့် ဖုန်းက ဖုန်းရဲ့အားနည်းချက်ကြောင့် ပေါက်ကွဲတာမျိုး မဟုတ်ဘူးဆိုပြီး Xiaomi က ဖုန်းသစ် အစားထိုးပေးခြင်း မရှိပါဘူး။

မကြာသေးမီတုန်းက အိန္ဒိယနိုင်ငံမှာလည်း Redmi Note 7S စမတ်ဖုန်း ရုံးစားပွဲပေါ်မှာ တင်ထားစဉ်အတွင်း မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသေးတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Redmi Note 7 Pro စမတ္ဖုန္း မီးေလာင္မွုျဖစ္ပြား

တ႐ုတ္နိုင္ငံမွာ Redmi Note 7 Pro စမတ္ဖုန္း မီးေလာင္ေပါက္ကြဲမွု ျဖစ္ပြားခဲ့ပါတယ္။ ဟီနန္ျပည္နယ္မွ ေဆာင္းယူေဂ်းအမည္ရွိ လူတစ္ဦးက Redmi Note 7 Pro ဟာ ေအာက္တိုဘာလ 29 ရက္ေန႔တုန္းကေပါက္ကြဲမွုျဖစ္ပြားခဲ့ေၾကာင္း ဖြင့္ဟလာပါတယ္။ သူဟာ ယင္းဖုန္းကို လြန္ခဲ့တဲ့ သုံးလတုန္းက သူ႔အေဖအသုံးျပဳဖို႔အတြက္ ဝယ္ယူခဲ့တာ ျဖစ္ပါတယ္။ ယင္းဖုန္းကို Xiaomi Mall မွ ဇူလိုင္လ 24 ရက္ေန႔မွာ ဝယ္ယူခဲ့တာ ျဖစ္ပါတယ္။

ဖခင္ျဖစ္သူဟာ စမတ္ဖုန္းျဖင့္ ဗီဒီယိုၾကည့္ၿပီးေနာက္ အိပ္ယာထက္မွာဘဲ ဖုန္းကိုတင္ထားရင္း အိပ္ေပ်ာ္သြားခဲ့ပါတယ္။ ဖခင္ျဖစ္သူဟာ မီးေလာင္နံ့ရရွိလာၿပီးေနာက္ အိပ္ယာကနိုးလာခဲ့ၿပီး စမတ္ဖုန္းဟာ မီးေလာင္ေပါက္ကြဲသြားေၾကာင္း ေတြ႕ရပါတယ္။ ဖခင္ျဖစ္သူဟာ စမတ္ဖုန္းမီးေလာင္မွုကို တားဆီးရန္ ႀကိဳးပမ္းစဥ္ အေသးစားဒဏ္ရာရရွိခဲ့ၿပီး စမတ္ဖုန္းမွလြဲၿပီး အျခားအရာမ်ားကို မီးကူးစက္ခဲ့ျခင္းေတာ့ မရွိပါဘူး။

သူဝယ္ယူထားတဲ့ Redmi Note 7 Pro က အာမခံ 18 လ ရွိေပမယ့္ ဖုန္းက ဖုန္းရဲ့အားနည္းခ်က္ေၾကာင့္ ေပါက္ကြဲတာမ်ိဳး မဟုတ္ဘူးဆိုၿပီး Xiaomi က ဖုန္းသစ္ အစားထိုးေပးျခင္း မရွိပါဘူး။

မၾကာေသးမီတုန္းက အိႏၵိယနိုင္ငံမွာလည္း Redmi Note 7S စမတ္ဖုန္း ႐ုံးစားပြဲေပၚမွာ တင္ထားစဥ္အတြင္း မီးေလာင္ေပါက္ကြဲမွု ျဖစ္ပြားခဲ့ပါေသးတယ္။

NetGuide Journal (Every Wednesday)