Redmi K30 မှာ Resolution အမြင့်ဆုံး Image Sensor ပါမယ်လို့ အတည်ပြု ပြောကြားလိုက်ပြီ ဖြစ်ပါတယ်။ Redmi ရဲ့ အထွေထွေ မန်နေဂျာ ဖြစ်သူ Lu Weibing က အတည်ပြုလိုက်တာပါ။ အသစ်ထည့်သွင်းပေးမယ့် ဆင်ဆာနဲ့ပတ်သတ်ပြီး အခြားအချက်တွေ မသိရသေးပေမယ့် Sony IMX686 60MP ဖြစ်နိုင်ပါတယ်။Image result for Redmi K30

Redmi အနေနဲ့ K30 Series တွေကို ယခု ၁၀ ရက်နေ့မှာ တရုတ်မှာ ကြေညာမယ်လို့ အတည်ပြုထားပါတယ်။ မိတ်ဆက်ပွဲ ဖိတ်စာမှာ Dual Selfies Cameras အတွက် Punch-hole Display ပါမယ်လို့ ဖော်ပြထားပါတယ်။ သတင်းတွေအရ K30 မှာ MIUI 11 မောင်းနှင်ထားပြီး Android 10 အခြေပြုလားဆိုတာတော့ မသိရသေးပါဘူး။ 30W Charger ပါလာမှာဖြစ်ပြီး 4800mAh ဘက်ထရီကို အားသွင်းရမှာပါ။Image result for Redmi K30

“5G Digital Mobile Phone” လို့ ဖော်ပြထားတဲ့ အတွက် 5G ပါလာမှာလည်း သေချာသွားပါပြီ။
120Hz Display ပါမယ်လို့ သတင်းထွက်နေပြီး အဲဒီအတွက် ဂိမ်းကစားရင် ဖလန်းဖလန်းထနေမှာပါ။ လက်ဗွေရာ အာရုံခံ ကိရိယာကို ဘေးဘက်မှာ ထည့်သွင်းထားမယ်လို့ သိရပါတယ်။ သူ့မှာ Adreno 618 GPU ပါလာမှာ ဖြစ်တဲ့ အတွက် Snapdragon 730 Chipset မောင်းနှင်ထားမှာပါ။

zawgyif


