တရုတ်စမတ်ဖုန်း ထုတ်လုပ်သူ Vivo အနေနဲ့ သူတို့ရဲ့စမတ်ဖုန်းတွေမှာ ယခင်သုံးစွဲနေတဲ့ funTouchOS အစား JoviOS ကိုပြောင်းသုံးတော့မယ်လို့ သိရပါတယ်။ FunTouchOS Project Manager ဖြစ်သူ Ge Yanan ဒီသတင်းကို လူမှု weibo ကနေ မျှဝေခဲ့တာ ဖြစ်ပြီး နောက်လမှာ ကြေညာမယ့် X30 Series ဟာ JoviOS ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာနိုင်ပါတယ်။

Image result for JoviOS

လက်ရှိမှာ JoviOS ရဲ့ သတင်းအချက်အလက် ၁ ခုထဲကိုပဲ သိရပါသေးတယ်။ အဲဒါက သူ့ရဲ့ Logo ပုံကြမ်း ဖြစ်ပါတယ်။ သူ့ရဲ့ လုပ်ဆောင်ချက်တွေကို မသိရသေးပါ ဘူး။ User Interface Design ကို အရမ်းပြောင်းလဲဆန်းသစ်ထားမယ်လို့ ထင်ပါတယ်။ X30 Series ဖုန်းတွေနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေတော့ အွန်လိုင်းမှာ ပေါက်ကြားထွက်ရှိထားပါတယ်။Image result for JoviOS

Vivo X30 မှာ ၆.၅ လက်မ AMOLED Display ပါပြီး 90Hz Refresh Rate ထောက်ပံ့မယ်လို့ သတင်းထွက်နေပါတယ်။ 8GB RAM , 256GB Storage နဲ့ 4,500mAh Battery ပါမယ်လို့ သိရပါတယ်။ 22.5W or 30W Fast Charging ထည့်ထားမှာပါ။ အရှေ့ဘက်မှာ 32MP Camera နဲ့ အနောက်ဘက်မှာ 64MP+13MP+8MP+2MP Camera တွေ ပါလာနိုင်ပါတယ်။

zawgyi

JoviOS သစ်ကိုပါ ထုတ်ပေးလာအုံးမယ့် Vivo