2019 နည်းပညာနှစ်အတွင်းမှာစမတ်ဖုန်းများစွာထွက်ရှိခဲ့ပါတယ်။ ထွက်ရှိခဲ့တဲ့ဖုန်းတွေကလည်း တကယ်ကောင်းပေ့ဆိုတဲ့ ဖုန်းတွေကြီးပါဘဲ။ စမတ်ဖုန်းထုတ်လုပ်တဲ့ကုမ္ပဏီတွေဟာ အကောင်းဆုံးဒီဇိုင်းအပြင်၊ နောက်ဆုံးပေါ်ပရိုဆက်ဆာတွေကို သုံးပြီးထုတ်လုပ်ပေးလာကြပါတယ်။ အဓိကအားဖြင့် ယခုနှစ်အတွင်းမှာအပြောင်းလဲလာဆုံးကဖုန်းတွေတပ်ဆင်လာတဲ့ ကင်မရာတွေပါ။ နောက်ထပ်တခုကတော့ ဒီဇိုင်းပုံစံပါ။ ဈေးနှုန်းကတော့ သက်ဆိုင်ရာကုမ္ပဏီအလိုက် သုံးစွဲသူအဆင်ပြေတဲ့ ရောင်းနေပါတယ်။ အခု 2019 အတွက် gsmarena ကနေ ရွေးချယ်ထားတဲ့အကောင်းဆုံးစမတ်ဖုန်းတွေရှိနေပါတယ်။ ဖုန်းတွေဟာ သက်ဆိုင်ရာအနေအထားနယ်ပယ်အလိုက် အကောင်းဆုံးဆိုတဲ့အနေအထားမှာရှိနေပါတယ်။ ဘယ်စမတ်ဖုန်း တွေက အကောင်းဆုံးအနေနဲ့ ရပ်တည်နေတယ်ဆိုတာ တချက်လေ့လာကြည့်လိုက်ရအောင် . . .
Samsung Galaxy Note10+ (Flagship Phones)
တန်ဘိုးမြင့် စမတ်ဖုန်းဖြစ်တဲ့အပြင် ဈေးနှုန်းနဲ့ build-quality ပိုင်းထပ်တူကျတဲ့ဖုန်းလို့ ဆိုရမှာပါ။ လုံခြုံရေးကောင်းမွန်တဲ့ မျက်နှာပြင်အောက် လက်ဗွေရာကိရိယာပါပါတယ်။ S Pen မှာ Air Gestures ပါလာပြီး Gestures တွေကို Customize လုပ်နိုင်ပါတယ်။ S Pen မှာ တစ်ခါအားသွင်းထားရင် 10 နာရီအသုံးခံတဲ့ဘက်ထရီပါပါတယ်။ Note10+ ရဲ့ ကင်မရာပိုင်းမှာတော့ ပုံမှန်ကင်မရာ 3 မျိုးမှာToF Camera တစ်လုံးအပိုပါပြီး အရာဝတ္ထုတွေကို Scan လုပ်ပြီး 3D Photo အဖြစ် ဖန်တီးပေးနိုင်ပါတယ်။ ကင်မရာ 3 လုံးရဲ့စွမ်းရည်တွေက 12MP Dual Pixel ၊ 45°FoV, f/2.4 aperture နဲ့ 12MP Telephoto lens ၊ 123° Ultra Wide sensor ပါတဲ့ 16MP ကင်မရာတွေပဲ ဖြစ်ပါတယ်။ အရှေ့ဘက်မှာတော့ 80° wide-angle lens, f/2.2 aperture ပါတဲ့ 10MP Dual Pixel ကင်မရာကို တပ်ပေးထားပါတယ်။ 12MP Dual Pixel ကင်မရာဟာ f/1.5/f/2.4 variable aperture အမျိုးအစားပါ။ သူရဲ့မျက်နှာပြင်က 6.8-inch Quad HD+ (3040 × 1440 pixels) တောင်ရှိပြီး Curved Dynamic AMOLED Infinity-O display ကိုသုံထားပါတယ်။ Note10+ မှာတော့ ပုံမှန် Note နဲ့ကွဲပြားမှုတွေ ရှိနေပြီး 12GB RAM အမြင့်စားနဲ့သုံးနိုင်မှာပါ။ ပရိုဆက်ဆာပိုင်းမှာတော့ Note 10 နဲ့တူတူပဲလို့ဆိုနိုင်ပြီး Global အလုံးမှာတော့ 7nm Mobile Platform ဖြစ်တဲ့ Octa-Core Samsung Exynos 9 Series 9825 ကိုသုံးထားပြီး၊ အမေရိကန်ဗားရှင်းဖုန်းမှာတော့ Snapdragon 855 7nm Mobile Platform နဲ့ဖြစ်ပါတယ်။ Android 9.0 (Pie) ကိုသုံးနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီ 4,300mAh မှာ 45W fast wired charging ထောက်ပံ့မှာပါ။
Realme X2 Pro (Flagship Killers)
Realmeရဲ့ပထမဆုံးစွမ်းဆောင်ရည်မြင့်ဖုန်းလို့ဆိုရမယ့် Realme X2 Pro ဖုန်းမှာ 6.5-inch (2400 x 1080 pixels) Full HD+ သုံးထားပြီး ခပ်သေးသေး notch ဒီဇိုင်းနဲ့ဖြစ်ပါတယ်။ ပြီးတော့ display ကလည်း 90Hz refresh rate ဖြစ်ပြီး HDR10+, 100% DCI -P3 color gamut မှာ Gorilla Glass 5 တောင်သုံးထားပါသေးတယ်။ ပရိုဆက်ဆာပိုင်းအတွက် Octa-Core Snapdragon 855 Plus ကိုသုံးထားပြီး 12GB RAM နဲ့ 256GB သိုလှောင်မှုအထိ ရွေးချယ်နိုင်ပါလိမ့်မယ်။ Android 9.0 (Pie) အခြေပြုColorOSသုံးနိုင်မှာပါ။ Liquid Cooling နည်းပညာသုံးထားတာကြောင့်အပူလွန်ကဲတာမျိုးတွေ ဖြစ်စေမှာမဟုတ်ပါဘူး။ နောက်ကျောဘက်မှာ ကင်မရာ 4 လုံးတပ်ဆင်ထားပြီး 64MP ( Samsung GW1 sensor) ၊ 13MP Telephoto lens (20x hybrid zoom )၊ 8MP 115° 1/3.13″ ultra-wide angle lens နဲ့အတူ 2MP depth sensor တို့ကို သုံးနိုင်မှာဖြစ်ပါတယ်။ အရှေ့ဘက်မှာတော့ 16MP ( Sony IMX471 sensor, f/2.0 aperture) ကို ထည့်ပေးထားပါတယ်။ ပြီးတော့ ဒီဖုန်းဟာ In-display fingerprint sensor သုံးထားတဲ့ဖုန်းလည်းဖြစ်ပါတယ်။ ဘက်ထရီ 4000mAh စွမ်းအားနဲ့ဖြစ်ပြီး 50W (10W/5A) SuperVOOC fast charging ထောက်ပံ့ပါတယ်။
XiaomiMi Note 10 (Camera Phone )
ဒီဖုန်းကိုကင်မရာဖုန်းလို့ ပိုမှန်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် သူ့မှာ ကြီးမားတဲ့ ဆင်ဆာသုံးပြီးထွက်လာလို့ပါ။ စမတ်ဖုန်းဟာ 108MP camera ဆိုတာနဲ့ သုံးစွဲသူတွေကိုဆွဲဆောင်လိုက်တာ ဖြစ်ပါတယ်။ ကင်မရာဆင်ဆာဟာ Quad Bayer unit ဖြစ်ပြီး 27MP photos အရည်အသွေးကို outputs ထုတ်ပေးမှာပါ။ ကင်မရာတွေရဲ့ တည်ဆောက်မှုပုံစံဟာ အရှည်လိုက်ပုံစံနဲ့ဖြစ်ပါတယ်။ telephoto cameras 2 ခုနဲ့ဖြစ်ပြီး တမျိုးက 2x zoom နဲ့နောက်တမျိုးကတော့ 5x optical zoom သုံးနိုင်မှာပါ။ နောက်ထပ် ကင်မရာတွေကတော့ autofocus ပါဝင်တဲ့ 20MP ultrawideကင်မရာနဲ့ 2MP macro shooter တွေပဲဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းအနေနဲ့ အကြမ်းမျဉ်းကြည့်လိုက်မယ်ဆိုရင် 3D curved screen ကို သုံးထားပါတယ်။ မျက်နှာပြင်ကတော့ 6.47″ AMOLED panel ပါ။ ဂိမ်းပိုင်းကိုဦးစားပေးကစားနိုင်စေဖို့အတွက် Snapdragon 730G ပရိုဆက်ဆာကို သုံးပေးထားပါတယ်။ ဖုန်းသစ်မှာ Android 9 အခြေပြုနောက်ဆုံးပေါ် MIUI 11 ကို တပါတည်း ထည့်ပေးထားပါတယ်။ Battery ပိုင်းမှာတော့ 5260mAh Li-Ion Battery ကို ထည့်သွင်းအသုံးပြုထားတာဖြစ်ပြီး 30W fast charging ဖြစ်ပြီး 0-100% ကဖို့အတွက် 65min မိနစ်မှာကြာမှာပါ။
Asus ROG Phone II ZS660KL ( Gaming phones)
ဈေးကွက်ထဲမှာ gaming-centric smartphone လို့ဆိုလိုက်တာနဲ့ Asus ROG ကို ပြောရမှာပါ။ ROG Phone II ZS660KL မှာလည်းသူမတူတဲ့စွမ်းဆောင်ချက်တွေထည့်သွင်းပေးထားပါတယ်။သူ့မှာ၆.၅၉လက်မ AMOLED Screen ထည့်သွင်းထား ပြီး 120Hz Refresh Rate အထိထောက်ပံ့ပါတယ်။ ဘက်ထရီသက်သာစေဖို့ 60Hz နဲ့ 90Hz များကိုလည်း ပြောင်းသုံးနိုင်ပါတယ်။ 24MP Front Camera ကို Landscape သုံးရင်ကောင်းမွန်အောင် ပြုလုပ်ထားပါတယ်။ အနောက်ဘက်မှာ 48MP Quad Bayer Main Camera, 13MP Ultra Wide-angle Camera များပါပါတယ်။ Snapdragon 855+ Chipset အသစ်ထည့်ထားပါတယ်။ အရွယ်ကြီး 6000mAh Battery ပါတဲ့အတွက် ဂိမ်းများကိုအကြာကြီး ကစားနိုင်မှာပါ။ 12GB RAM ပါပြီး 512GB Storage အထိရွေးချယ်နိုင်ပါတယ်။ 30W ROG HyperCharge နဲ့ လျှင်မြန်စွာအားသွင်းနိုင်ပါတယ်။ Quick Charge 4.0 လည်းပါပါတယ်။ အပူလျှော့ချပေးတဲ့နည်းပညာပါပါတယ်။ ဒုတိယမျိုးဆက် AeroActive Cooler II ထည့်ထားပါတယ်။ Cooler ကို Kickstand လိုလည်း သုံးနိုင်ပါတယ်။ သူ့အတွက်အကောင်းဆုံး Accessory က ROG Kunai Gamepad ပါ။ ဖုန်းကိုအလျားလိုက်ထားပြီး ဘေးတစ်ဖက် တစ်ချက်မှာ Gamepad ကိုတပ်ဆင်ကစားရမှာပါ။
XiaomiMi 9 SE (Compact Phone)
ဘက်ထရီစွမ်းရည်နဲ့ display ကောင်းမွန်ပြီးကင်မရာပိုင်းမှာလည်း မခေတာကို တွေ့ရမှာဖြစ်ပါတယ်။ Mi 9 SE ဟာ Snapdragon 712 Chipset အသစ်သုံးထားတဲ့ပထမဆုံးဖုန်းဖြစ်ပါတယ်။ ဒီဖုန်းဟာ Mi 9 ရဲ့Compact ဗားရှင်းလို့ ဆိုရမှာပါ။ ကင်မရာအတွက် Sony IMX586 sensor သုံး 48-megapixel နဲ့ကျောကင်မရာသုံးလုံးဖြစ်ပြီး မျက်နှာပြင်အောက် လက်ဗွေရာဖတ်စနစ်လည်း ပါဝင်ပါသေးတယ်။ Display ကMi 9 ထက် အနည်းငယ်သေးသွားပြီး၊ 5.97 လက်မ သုံးထားပါတယ်။ Snapdragon 712 Chipset ကို 6GB RAM နဲ့ထုတ်ပေးထားပြီး၊ Storage ကိုတော့ 64GB နဲ့ 128GB တွေ ရွေးချယ်နိုင်မှာပါ။ Snapdragon 712 ဟာ Snapdragon 710 ထက် CPU အနည်းငယ်ပိုမြန်လာတာကလွဲရင် သိသိသာသာကွာခြားမှုမရှိပါဘူး။ ကျောကင်မရာသုံးလုံးမှာ 48MP main sensor, 123 ဒီဂရီ မြင်ကွင်းကျယ်ရိုက်ကူးနိုင်မယ့် Super Wide 13MP sensor နဲ့ 8MP Telephoto sensor တို့ပါရှိပါတယ်။ USB Type-C, NFC, IR Blaster စတာတွေလည်း Mi 9 နည်းတူပါရှိမှာပါ။ ဘက်ထရီကတော့ 3,070mAh ဖြစ်သွားပြီး၊ 18W အားအမြန်သွင်းစနစ်နဲ့ ဖြစ်သွားပါတယ်။ ဒါ့အပြင် 3.5mm Audio Jack လည်း မပါလာတော့ပါဘူး။
Asus Zenfone 6 ZS630KL (Battery Life )
Zenfone တွေထဲမှာတော့ ကြီးမားတဲ့ 5,000mAh စွမ်းအားကိုသုံးထားပါတယ်။ ပြီးတော့ QuickCharge 4.0 fast charging ထောက်ပံ့ပါသေးတယ်။ သူ့မှာ 6.46 လက်မ FullHD+ Display ပါပါတယ်။ Notch မပါပါဘူး။ Screen-to-body Ratio မှာ 92 ရာခိုင်နှုန်းပါ။ အနောက်ဘက်ကို 3D Corning Gorilla Glass နဲ့ကာကွယ်ထားပါတယ်။ 6000-Series Aluminium Frame နဲ့တည်ဆောက်ထားပါတယ်။Snapdragon 855 မောင်းနှင်ထားပြီး 8GB RAM အထိ ရွေးချယ်နိုင်ပါတယ်။ Android 9.0 Pie အခြေပြုZenUI 6 ပါပါတယ်။ သူ့ရဲ့ထူးခြားချက်က အနောက်ကင်မရာများကို အရှေ့ကင်မရာလိုပါသုံးနိုင်တာပါ။ Flip လုပ်ပြီးသုံးရတာပါ။ 48MP Main Camera နဲ့ 13MP 125 Degree Ultra-wide Camera များထည့်ထားပါတယ်။ ဖုန်းကို တစ်ခုခုအပေါ်တင်လိုက်တာနဲ့ကင်မရာက ပုံမှန်အနေအထားကိုအလိုလို ပြန်သိမ်းပေးမှာပါ။ အကြိမ်ပေါင်း 100000 အထိ ကင်မရာကို Flip လုပ်တာတောင်အိုကေတယ်လို့ ကုမ္ပဏီကပြောပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာကိရိယာ မြှပ်နှံထားပါတယ်။
OnePlus 7T (Premium all-rounders)
OnePlus 7T ဖုန်းကလည်း အကောင်းဆုံးဆိုတဲ့ဖုန်းတွေထဲမှာ အဆင့်တခုအနေနဲ့ရှိနေပါသေးတယ်။ 90Hz Refresh Rate ကို သုံးထားပြီး HDR10+ က အရောင်အသွေးပိုစုံလင်စေပါတယ်။ အပူလျှော့ချပေးတဲ့နည်းပညာလည်းပါပါတယ်။ အနောက်ကင်မရာ 3 လုံးပါလာပြီး 48MP Main Camera နဲ့အတူ မြင်ကွင်းကျယ်နဲ့အနီးကပ်ဓါတ်ပုံတွေကို ရိုက်ကူးပေးနိုင်တဲ့ 16MP Camera ပါပါတယ်။ ဒါ့အပြင် 2x Optical Zoom ပါတဲ့ 12MP Telephoto Camera ထည့်ထားပါတယ်။ Nightscape Mode က အလင်းရောင်နည်းပါးတဲ့အခြေအနေတွေမှာ ပြည့်စုံတဲ့ဓါတ်ပုံတွေဖမ်းယူပေးပါတယ်။ အရှေ့နဲ့အနောက်ကို 3D Gorilla Glass နဲ့ကာကွယ်ထားတဲ့အတွက်အကြမ်းခံပါတယ်။ လက်ဗွေရာကိရိယာကိုမျက်နှာပြင်အောက်မှာ မြှပ်နှံ ထားပါတယ်။ Warp Charge 30T က နာရီဝက်အတွင်းမှာ 3,800mAh Battery ကို 70 ရာခိုင်နှုန်းအားသွင်းပေးပါတယ်။ ပရိုဆက်ဆာကတော့ Octa-Core Snapdragon 855 Plus နဲ့ဖြစ်ပါတယ်။
XiaomiMi 9T (Midrange all-rounders)
XiaomiMi 9T ဖုန်းကတော့ Redmi K20 ရဲ့ Global Version အဖြစ်ထုတ်ပေးထားတာ ဖြစ်ပါတယ်။ အရောင် အလိုက်မတူညီတဲ့ Pattern များကို အနောက်မှာရေးထွင်းထားပါတယ်။ သူ့မှာ Qualcomm Snapdragon 730 SoC မောင်းနှင်ထားပါတယ်။ 6.39 လက်မ FHD+ Notch-less AMOLED Display ထည့်သွင်းထားပါတယ်။ AMOLED အမျိုးအစားဖြစ်ပြီး အရည်အသွေးမှာ 2340x1080p ဖြစ်ပါတယ်။ မျက်နှာပြင်အောက်လက်ဗွေရာကိရိယာ ထည့်ထားပါတယ်။ အနောက်ဘက်မှာကင်မရာသုံးလုံးပါပါတယ်။ 20MP Pop-up Selfie ကင်မရာထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 48MP Main , 8MP Telephoto , 13MP Ultrawide Camera များပါပါတယ်။ 4000mAh Battery ပါပြီး 18W Fast Charging ကို ထောက်ပံ့ထားပါတယ်။ Android Pie အခြေပြု MIUI 10 ပါပါတယ်။ 6/64GB ကို ယူရို 329 နဲ့ 6/128GB ကို ယူရို 369 သတ်မှတ်ထားပါတယ်။ အနက်၊ အပြာ၊ အနီရောင်များ ထုတ်လုပ်ထားပါတယ်။
Realme 3i (Entry-Level Phone Asia Markets)
ဈေးသက်သာတဲ့စွမ်းဆောင်ရည်သင့်ဖုန်းတွေထဲမှာတော့ Realme 3i က ပြည့်စုံတယ်လို့ သတ်မှတ်နိုင်မှာပါ။ သူ့မှာ 6.2 လက်မ HD+ 19:9 Display ပါပါတယ်။ စွမ်းဆောင်ရည်ပိုင်းအတွက် MediaTekHelio P60 12nm Processor မောင်းနှင်ထားပါတယ်။ 4GB RAM အထိရွေးချယ်နိုင်ပါတယ်။ Android 9.0 Pie အခြေပြု ColorOS 6.0 ပါပါတယ်။ အနောက်ဘက်မှာ ကင်မရာ 2 လုံးပါပါတယ်။ AI ကိုသုံးပြီး ဓါတ်ပုံများမှအရောင်များကို ပိုကောင်းအောင်လုပ်ပေးတဲ့ Chroma Boost နဲ့ Low-light Phone အလန်းစားများရိုက်ကူးပေးမယ့် Nightscape များပါပါတယ်။ အရှေ့ကင်မရာမှာ AI Beautify ပါပြီး Beauty Effects များစွာပါပါတယ်။ အနောက်ဘက်ကို စိန်ပုံသဏ္ဍာန်များဖြင့် ပုံဖော်ထားပြီး အရောင်ပြောင်းဒီဇိုင်း ဖြစ်ပါတယ်။ ကင်မရာတွေအနေနဲ့ နောက်ကျောဘက်မှာ 13MP နဲ့ 2MP ဖြစ်ပြီး၊ အရှေ့ဘက်မှာတော့ 13MP တပ်ဆင်ထားပါတယ်။ ဘက်ထရီကတော့ 4230mAh စွမ်းအားဖြစ်တာကြောင့်ကြီးမားတယ်လို့ သတ်မှတ်နိုင်မှာပါ။
Samsung Galaxy M30s (Midrange all-rounders) Up to $269
ဘက်ထရီခပ်ကြီးကြီးနဲ့ဖုန်းကိုသုံးမယ်ဆိုတဲ့သူတွေအတွက် အကြိုက်တွေ့နိုင်စေမယ့်ဖုန်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် သူ့မှာ 6,000mAh ဘက်ထရီကိုတပါတည်း ထည့်ပေးထားလိုပါ။ 6.4 လက်မ Super AMOLED Display တပ်ဆင် ထားပါတယ်။ ဖုန်းရဲ့ အရှေ့ဘက်မှာတော့ 24MP Selfie ကင်မရာကို ထည့်ပေးထားပြီး၊ အနောက်ဘက်မှာတော့ 48+8+5MP ဆိုပြီး ကင်မရာတွေကိုတွေပါပါတယ်။ 10nm Exynos 9611 SoC မောင်းနှင်ထားပါတယ်။ Android 9.0 Pie အခြေပြု One UI 1.5 တွေပါပါတယ်။ အနက်၊ အပြာနဲ့ ပုလဲဖြူအရောင်တွေ ရွေးချယ်နိုင်ပါတယ်။Samsung Galaxy A20e (Entry-Level Phone western Markets)
Galaxy ဖုန်းတွေထဲမှာ အတော်လေးဈေးသက်သာတဲ့ဖုန်းလေးရှိနေပါတယ်။ သူကတော့ Galaxy A20e ဖြစ်ပြီး entry-level smartphone လို့ သတ်မှတ်နိုင်မှာပါ။ fingerprint reader တောင်ဖုန်းရဲ့နောက်ဘက်မှာ ထည့်ပေးထားပါတယ်။ 5.8 လက်မ LCD 720x1560p Display ထည့်သွင်းထားပါတယ်။ Infinity V Notch မှာ 8MP Selfie Camera မြှပ်နှံထားပါတယ်။ အနောက်ဘက်မှာ 13MP Main Camera နဲ့ 5MP Ultra-wide Camera များပါပါတယ်။ သူ့ကို Octa-core Exynos 7884 Chipset မောင်းနှင်ထားပါတယ်။ 3GB RAM , 32GB Storage များပါပါတယ်။ 512GB microSD Card စိုက်နိုင်ပါတယ်။ Android Go မဟုတ်ဘဲ Full Android မောင်းနှင်ထားပါတယ်။ အရွယ်သေးစမတ်ဖုန်းဖြစ်တဲ့အတွက် အရွယ်သေး 3000mAh Battery သာ ထည့်ထားပါတယ်။ 15W Fast Charge ပါတဲ့အတွက် အားသွင်းမြန်ပါတယ်။ Samsung Galaxy A20e အတွက် အနက်နဲ့အဖြူရောင်များ ထုတ်လုပ်ထားပါတယ်။NetGuide Journal (Every Wednesday)
—————————————————————————————
  • (Zawgyi Version)
Best smartphones of 2019 : Find the best phone for you