Apple ရဲ့ ဒီဇိုင်း ဂုရုကြီး Jony Ive ဟာ အခုဆိုရင် ကုမ္ပဏီကနေ တရားဝင် ထွက်ခွာသွားပါပြီ။ သူက နွေရာသီကတည်းက Apple ကို နှုတ်ဆက်တော့မယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုရက်မှသာ Apple ရဲ့ အရာရှိ ဝက်ဘ်စာမျက်နှာမှာ သူ့ရဲ့ ပရိုဖိုင်ကို ဖယ်ရှားလိုက်တာဖြစ်ပါတယ်။ ဇွန်လလောက်ထဲက ပြောကြားလိုက်တဲ့ စကားကိုအခု အတည်ပြုလိုက်တာ ဖြစ်ပါတယ်။Image result for Jony Ive
Jony Ive အနေနဲ့ apple ထုတ်ကုန်တွေ အတွက် ဆန်းသစ်တဲ့ဖန်တီးမှုတွေကို ပြုလုပ်ပေးခဲ့ပြီး အိရဲ့ဒီဇိုင်းတွေဆိုရင် ကြိက်နှစ်သက်သူ များပါတယ်။ ပြီးတော့ ကွယ်လွန်သူ စတိဂျော့စ်နဲလည်း ရှည်ကြာတဲ့ ဆက်ဆံရေးရှိသူ တစ်ယောက်လို့ ဆိုရမှာပါ။


ဒီလွမ်းခွဲမှုနဲ့အတူ အနာဂါတ် Apple ပရောဂျက်တွေမှာ အတူတကွအလုပ်လုပ်သွားဦးမှာ ဖြစ်ကြောင်းလဲ Ive ရော Apple ကပါ ပြောထားပါတယ်။ ဒါကြောင့် အိရဲ့လက်ရာတွေကို မြင်တွေ့ရအုံးမှာပါ။ Ive ဟာ ကမ္ဘာပေါ်မှာ လေးစားအားကျမှုအခံရဆုံး ဒီဇိုင်းနာတွေထဲက တစ်ဦး ဖြစ်ပြီး Mac တွေ၊ iPod၊ iPhone၊ iPad၊ Apple Watch တွေအပြင် အခြားထုတ်ကုန်များစွာအတွက် အလုပ်လုပ်ပေးခဲ့သူ ဖြစ်ပါတယ်။

zawgyi

Apple ကေန ထြက္သြားၿပီျဖစ္တဲ့ ဒီဇိုင္းဂုရု Jony Ive
Apple ရဲ႕ ဒီဇိုင္း ဂု႐ုႀကီး Jony Ive ဟာ အခုဆိုရင္ ကုမၸဏီကေန တရားဝင္ ထြက္ခြာသြားပါၿပီ။ သူက ေႏြရာသီကတည္းက Apple ကို ႏႈတ္ဆက္ေတာ့မယ္လို႔ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ အခုရက္မွသာ Apple ရဲ႕ အရာရွိ ဝက္ဘ္စာမ်က္ႏွာမွာ သူ႔ရဲ႕ ပ႐ိုဖိုင္ကို ဖယ္ရွားလိုက္တာျဖစ္ပါတယ္။ ဇြန္လေလာက္ထဲက ေျပာၾကားလိုက္တဲ့ စကားကိုအခု အတည္ျပဳလိုက္တာ ျဖစ္ပါတယ္။
Jony Ive အေနနဲ႔ apple ထုတ္ကုန္ေတြ အတြက္ ဆန္းသစ္တဲ့ဖန္တီးမႈေတြကို ျပဳလုပ္ေပးခဲ့ၿပီး အိရဲ႕ဒီဇုိင္းေတြဆိုရင္ ႀကိက္ႏွစ္သက္သူ မ်ားပါတယ္။ ၿပီးေတာ့ ကြယ္လြန္သူ စတိေဂ်ာ့စ္နဲလည္း ရွည္ၾကာတဲ့ ဆက္ဆံေရးရွိသူ တစ္ေယာက္လုိ႔ ဆိုရမွာပါ။
ဒီလြမ္းခြဲမႈနဲ႔အတူ အနာဂါတ္ Apple ပေရာဂ်က္ေတြမွာ အတူတကြအလုပ္လုပ္သြားဦးမွာ ျဖစ္ေၾကာင္းလဲ Ive ေရာ Apple ကပါ ေျပာထားပါတယ္။ ဒါေၾကာင့္ အိရဲ႕လက္ရာေတြကို ျမင္ေတြ႕ရအုံးမွာပါ။ Ive ဟာ ကမာၻေပၚမွာ ေလးစားအားက်မႈအခံရဆုံး ဒီဇိုင္းနာေတြထဲက တစ္ဦး ျဖစ္ၿပီး Mac ေတြ၊ iPod၊ iPhone၊ iPad၊ Apple Watch ေတြအျပင္ အျခားထုတ္ကုန္မ်ားစြာအတြက္ အလုပ္လုပ္ေပးခဲ့သူ ျဖစ္ပါတယ္။