Panasonic ဟာ Semiconductor Division ကို ထိုင်ဝမ်ကုမ္ပဏီတစ်ခုသို့ ရောင်းချလိုက်ပြီဖ ြစ်ပါတယ်။ Panasonic ဟာ Semiconductor Division က ဆက်တိုက်အရှုံးပေါ်မှုများဖြစ်ပွားပြီးနောက် ယခုကဲ့သို့ ရောင်းချဖို့ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ အခြားတစ်ဖက်မှာ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကလည်း Panasonic ကို ပိုပြီးတော့ ရုန်းကန်ရစေပါတယ်။
Panasonic ဟာ 1952 ခုနှစ်မှာ ဈေးကွက်အတွင်းသို့ ဝင်ရောက်ပြီးနောက် 1980 ခုနှစ်များ၊ 2990 ခုနှစ်များတို့မှာ ထိပ်တန်း Chipset ကုမ္ပဏီအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ယခုအခါမှာတော့ Panasonic ဟာ ဆက်တိုက်အရှုံးပေါ်မှုကို မထိန်းနိုင်မှုနဲ့အတူ ရောင်းချဖို့ ဆုံးဖြတ်လိုက်တာလည်း ဖြစ်ပါတယ်။
Panasonic ရဲ့ Semicoductor လုပ်ငန်းကို Nuvonton က ဝယ်ယူလိုက်တာ ဖြစ်ပါတယ်။ ယင်းကုမ္ပဏီကို ထိုင်ဝမ်မှ Memory Chip ကုမ္ပဏီ Winbond က ပိုင်ဆိုင်ပါတယ်။
Panasonic ဟာ လာမယ့် 2021 ခုနှစ်မှာ LCD လုပ်ငန်းကိုလည်း ရောင်းချသွားဖို့ ရှိနေပါတယ်။
NetGuide Journal (Every Wednesday)
——————————————————————————————————–
(Zawgyi Version)
ဆက်တိုက်အရှုံးပေါ်မှုကြောင့် Chipset လုပ်ငန်းကို Panasonic ရောင်းချ