ဒီတစ်ပတ်မှာတော့ စမတ်ဖုန်းသုံးစွဲသူ မိဘပြည်သူများ လူတန်းစားမရွေး ကြိုက်နှစ်သက်ကြတဲ့ Huawei ဖုန်းအမျိုးအစားတွေထဲကမှ Flagship ဖုန်းတွေဖြစ်ကြတဲ့ P20 Pro နဲ့ P20 Lite လေးပဲ ဖြစ်ပါတယ်။ Huawei P20 Pro မှာ 6.1″ display နဲ့ 1080 x 2240 resolution ပါဝင်ပြီး Huawei P20 Lite ကတော့ 5.84″ display ပါဝင်ခဲ့ကာ 1080 x 2280 resolution ရှိပါတယ်။ ဖုန်းနှစ်ခုစလုံးမှာ Fingerprint Sensor ပါဝင်ပြီး Huawei P20 Pro ကိုတော့ အရှေ့ဘက်မှာ တပ်ဆင်ပေးထားပြီး Huawei P20 Lite ကတော့ နောက်ကျောဘက်မှာ တပ်ဆင်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။ P20 Lite မှာ Dual 16MP+2MP ကင်မရာကို တွေ့နိုင်ပြီး P20 Pro မှာတော့ ကင်မရာ 3 ခုထိ ပါဝင်ခဲ့ကာ 40MP + 20MP + 8MP Sensor တွေ ပါဝင်လာပါတယ်။ အရှေ့ကင်မရာက P20 Lite မှာ 16MP ဖြစ်ပြီး P20 Pro ကတော့ 24MP ဖြစ်ပါတယ်။ ဓာတ်ပုံကောင်းကောင်း ရိုက်ချင်သူတွေအတွက်ကတော့ P20 Pro ကိုပဲ ရွေးချယ်ရမှာ ဖြစ်ပါတယ်။
(1). Design
Huawei P20 Pro
Huawei P20 Pro ဟာ 155 × 73.9 × 7.8 mm အရွယ်အစားရှိကာ 180g လေးပါတယ်။ Fingerprint Sensor ကို အရှေ့ဘက်မှာ တွေ့ရကာ Twilight, Midnight blue, Pink Gold, Black ဆိုပြီး အရောင် 4 မျိုးကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
Huawei P20 Lite
Huawei P20 Lite ဟာ 148.6 x 71.2 x 7.4 mm အရွယ်အစားရှိကာ 145g ပဲ အလေးချိန် ရှိပါတယ်။ Fingerprint Sensro ကို အနောက်ဘက်မှာ တွေ့ရကာ Klein Blue, Sakura Pink, Midnight Black ဆိုပြီး အရောင် 3 မျိုးကိုပဲ ရရှိနိုင်မှာ ဖြစ်ပါတယ်။
(2). Processor
Huawei P20 Pro
HiSilicon Kirin 970 octa-core processor ကိုပဲ Huawei P20 Pro မှာ သုံးပေးထားပြီး 2.4GHz မြန်နှုန်းရှိ Cortex A73 Core 4 ခုနဲ့ 1.8GHz ရှိ Cortex A53 core 4 ခုကို သုံးထားပါတယ်။ ဂရပ်ဖစ်က Mali G72 MP12 ဖြစ်ပါတယ်။
Huawei P20 Lite
HiSilicon Kirin 659 octa-core Processor ကို Huawei P20 Lite မှာ သုံးပေးထားပြီး 2.36GHz မြန်နှုန်းရှိ Cortex A53 core 4 ခုနဲ့ 1.7GHz မြန်နှုန်းရှိ Cortex A53 core 4 ခုကို သုံးထားပါတယ်။ ဂရပ်ဖစ်က Mali T830 MP2 ဖြစ်ပါတယ်။
(3). Display
Huawei P20 Pro
Huawei P20 Pro ဟာ 6.1 လက်မ AMOLED display နဲ့ 1080 × 2240 pixels resolution ရှိပြီး 18.7:9 ratio ရှိပါတယ်။ Screen-to-body အချိုးဟာ 82.0% ရှိပါတယ်။ Pixel Density 408 ppi ရှိပါတယ်။ ပုံရိပ်အရည်အသွေးနဲ့ ပတ်သက်လို့ စိတ်ကျေနပ်မှုအပြည့် ရရှိစေမှာပါ။
Huawei P20 Lite
Huawei P20 Lite က 5.84 လက်မ LTPS IPS LCD Display နဲ့ 1080x 2280 pixels resolution ရှိပြီး 19:9 ratio ရှိပါတယ်။ Screen-to-body အချိုးဟာ 80.5% ရှိပါတယ်။ Pixel Density 432 ppi ရှိပါတယ်။ ကြည်လင်ပြတ်သားတဲ့ ပုံရိပ်အရည်အသွေးကို ရရှိစေမှာ ဖြစ်ပါတယ်။
(4). Verdict
Huawei P20 Pro
Huawei P20 Pro မှာ စွမ်းဆောင်ရည်အတွက် RAM 6GB ပါဝင်ပြီး Storage ကတော့ 128GB ဖြစ်ပါတယ်။ အဓိကကင်မရာဟာ 3 ခုထိ ပါဝင်လာခဲ့ပြီး 40MP + 12MP + 20MP ဖြစ်ပြီး Leica optics တွေဖြစ်ကြကာ Selfie အတွက် 24MP ကင်မရာ အရှေ့မှာ ပါဝင်ပါတယ်။ Android 8.1 Oreo ကို သုံးထားပြီး Li-Po 4000 mAh ဘက်ထရီ ပါဝင်ပါတယ်။
Huawei P20 Lite
Huawei P20 Lite မှာ စွမ်းဆောင်ရည်အတွက် RAM 3GB ပါဝင်ပြီး Storage ကတော့ 32GB/64GB ဖြစ်ပါတယ်။ အဓိကကင်မရာက Dual 16MP + 2MP ဖြစ်ပြီး Selfie အတွက် 16MP ကင်မရာအရှေ့မှာ ပါဝင်ပါတယ်။ Android 8.0 (Oreo) ကို သုံးပေးထားပြီး Li-Po 3000 mAh ဘက်ထရီ ပါဝင်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Huawei P20 Pro VS Huawei P20 Lite


(1). Design

Huawei P20 Pro


Huawei P20 Lite


(2). Processor

Huawei P20 Pro


Huawei P20 Lite


(3). Display

Huawei P20 Pro   


Huawei P20 Lite


(4). Verdict

Huawei P20 Pro


Huawei P20 Lite

