စပိန်ကာကွယ်ရေးဝန်ကြီးဌာနဟာ Huawei Devices များဖြင့် ဒေတာဆာဗာနှင့် ချိတ်ဆက်နိုင်ခြင်းမရှိအောင် ပိတ်ပင်လိုက်ကြောင်း သိရပါတယ်။ ၎င်းတို့ဟာ ဆာဗာသို့ Huawei Device များဖြင့် ဝင်ရောက်နိုင်ခြင်းမရှိအောင်သာ ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။ Huawei စမတ်ဖုန်းဖြင့် ဒေတာဆာဗာသို့ ဝင်ရောက်ရင် Disconnect ဖြစ်အောင် လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

စပိန်ကာကွယ်ရေးဝန်ကြီးဌာနဟာ ဆာဗာသို့ Huawei ဖုန်းများဖြင့် ဝင်ရောက်ခြင်းမရှိအောင် ပိတ်ပင်ခြင်းမျှသာဖြစ်ပြီး Huawei စမတ်ဖုန်း အသုံးပြုခွင့် ပိတ်ပင်ခြင်း မရှိပါဘူး။ ဒါပေမယ့် ယင်းသို့ Huawei ဖုန်းများဖြင့် ဒေတာဆာဘာသို့ ဝင်ရောက်နိုင်ခြင်း မရှိအောင် ပိတ်ပင်လိုက်မှုကြောင့် ကာကွယ်ရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်သူများအနေဖြင့် Huawei ဖုန်းသုံးနေရင် အခြားစမတ်ဖုန်းကို ပြောင်းသုံးရတော့မှာ ဖြစ်ပါတယ်။

စပိန်ကာကွယ်ရေးဝန်ကြီးဌာနဟာ Huawei ကို ဘာကြောင့် ယင်းသို့ ပိတ်ပင်လိုက်တယ်ဆိုတာကိုတော့ ကြေညာသွားခြင်း မရှိပါဘူး။ အမေရိကန်ဟာ တရုတ်ထိပ်သီး စမတ်ဖုန်းကုမ္ပဏီကို ဒေတာများအား တရုတ်အစိုးရထံသို့ လွှဲပြောင်းပေးတယ်လို့ စွပ်စွဲလာတာ ကြာမြင့်ပါပြီ။ စပိန်ကလည်း အမေရိကန်တို့လိုဘဲ အချက်အလက်များကို တရုတ်အစိုးရက ရယူနေတယ်လို့ ယူဆလို့ ယခုလို ပိတ်ပင်လာတာလို့ ယူဆရပါတယ်။

Huawei ကတော့ ၎င်းတို့ဟာ နိုင်ငံပေါင်း 170 ကျော်တို့မှာ နှစ်ပေါင်း 30 ကျော် အလုပ်လုပ်လာခဲ့ကြောင်းနှင့် ဆိုင်ဘာလုံခြုံရေးကျိုးပေါက်မှု မဖြစ်ခဲ့ဖူးကြောင်း ပြောကြားထားပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

စပိန္ကာကြယ္ေရးဝန္ႀကီးဌာနက ဆာဗာကို Huawei ဖုန္းမ်ားျဖင့္ ခ်ိတ္မရေအာင္ ပိတ္ပင္လိုက္ၿပီ

စပိန္ကာကြယ္ေရးဝန္ႀကီးဌာနဟာ Huawei Devices မ်ားျဖင့္ ေဒတာဆာဗာႏွင့္ ခ်ိတ္ဆက္နိုင္ျခင္းမရွိေအာင္ ပိတ္ပင္လိုက္ေၾကာင္း သိရပါတယ္။ ၎တို႔ဟာ ဆာဗာသို႔ Huawei Device မ်ားျဖင့္ ဝင္ေရာက္နိုင္ျခင္းမရွိေအာင္သာ ပိတ္ပင္လိုက္တာ ျဖစ္ပါတယ္။ Huawei စမတ္ဖုန္းျဖင့္ ေဒတာဆာဗာသို႔ ဝင္ေရာက္ရင္ Disconnect ျဖစ္ေအာင္ လုပ္ေဆာင္ထားတာ ျဖစ္ပါတယ္။

စပိန္ကာကြယ္ေရးဝန္ႀကီးဌာနဟာ ဆာဗာသို႔ Huawei ဖုန္းမ်ားျဖင့္ ဝင္ေရာက္ျခင္းမရွိေအာင္ ပိတ္ပင္ျခင္းမၽွသာျဖစ္ၿပီး Huawei စမတ္ဖုန္း အသုံးျပဳခြင့္ ပိတ္ပင္ျခင္း မရွိပါဘူး။ ဒါေပမယ့္ ယင္းသို႔ Huawei ဖုန္းမ်ားျဖင့္ ေဒတာဆာဘာသို႔ ဝင္ေရာက္နိုင္ျခင္း မရွိေအာင္ ပိတ္ပင္လိုက္မွုေၾကာင့္ ကာကြယ္ေရးဝန္ႀကီးဌာနမွာ တာဝန္ထမ္းေဆာင္သူမ်ားအေနျဖင့္ Huawei ဖုန္းသုံးေနရင္ အျခားစမတ္ဖုန္းကို ေျပာင္းသုံးရေတာ့မွာ ျဖစ္ပါတယ္။

စပိန္ကာကြယ္ေရးဝန္ႀကီးဌာနဟာ Huawei ကို ဘာေၾကာင့္ ယင္းသို႔ ပိတ္ပင္လိုက္တယ္ဆိုတာကိုေတာ့ ေၾကညာသြားျခင္း မရွိပါဘူး။ အေမရိကန္ဟာ တ႐ုတ္ထိပ္သီး စမတ္ဖုန္းကုမၸဏီကို ေဒတာမ်ားအား တ႐ုတ္အစိုးရထံသို႔ လႊဲေျပာင္းေပးတယ္လို႔ စြပ္စြဲလာတာ ၾကာျမင့္ပါၿပီ။ စပိန္ကလည္း အေမရိကန္တို႔လိုဘဲ အခ်က္အလက္မ်ားကို တ႐ုတ္အစိုးရက ရယူေနတယ္လို႔ ယူဆလို႔ ယခုလို ပိတ္ပင္လာတာလို႔ ယူဆရပါတယ္။

Huawei ကေတာ့ ၎တို႔ဟာ နိုင္ငံေပါင္း 170 ေက်ာ္တို႔မွာ ႏွစ္ေပါင္း 30 ေက်ာ္ အလုပ္လုပ္လာခဲ့ေၾကာင္းႏွင့္ ဆိုင္ဘာလုံျခဳံေရးက်ိဳးေပါက္မွု မျဖစ္ခဲ့ဖူးေၾကာင္း ေျပာၾကားထားပါတယ္။

NetGuide Journal (Every Wednesday)