Apple ဟာ ဈေးကွက်တောင်းဆိုမှုအလွန်မြင့်မားနေမှုကြောင့် AirPods Pro ထုတ်လုပ်မှုကို နှစ်ဆအထိ မြှင့်တင်နိုင်ဖို့အတွက် တရုတ်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းတော့မှာဖြစ်ကြောင်း သိရပါတယ်။ အမေရိကန်ထိပ်သီးနည်းပညာကုမ္ပဏီဟာ တရုတ်-အမေရိကန်ကုန်သွယ်ရေးစစ်ပွဲကြောင့် တရုတ်ကုမ္ပဏီနှင့် မပူးပေါင်းလိုပေမယ့်လည်း ထုတ်လုပ်မှုမြှင့်တင်နိုင်ဖို့အတွက် ရွေးချယ်စရာလမ်းစရှိတော့တာကြောင့်လည်း ဖြစ်ပါတယ်။

ယခုကဲ့သို့ Apple အနေဖြင့် AirPods Pro ထုတ်လုပ်မှုကို တရုတ်ကုမ္ပဏီတစ်ခုသို့ ပေးလိုက်မှုကြောင့် တစ်လထုတ်လုပ်မှုမှာ အခုရေ 2 သန်းအထိ မြင့်တက်လာမှာဖြစ်ပါတယ်။ Apple ဟာ ဗီယက်နမ်မှာ စက်ရုံများ ဖွင့်လှစ်ထားတဲ့ တရုတ်အခြေစိုက် ကုမ္ပဏီ GoerTekကို AirPods Pro ထုတ်လုပ်ရေးအတွက် ဆွေးနွေးမှု ပြုလုပ်နေပါတယ်။

Apple ဟာ လက်ရှိအချိန်မှာ ကြိုးမဲ့နားကြပ်ဈေးကွက်ရဲ့ 45 ရာခိုင်နှုန်းအထိ လွှမ်းမိုးရယူထားတဲ့ ကုမ္ပဏီ ဖြစ်ပြီး လက်ရှိအချိန်မှာAirPods Pro ကို တစ်လလျှင် တစ်သန်းသာလျှင်ထုတ်လုပ်နိုင်ပါတယ်။ အထူးသဖြင့် မကြာမီကာလအတွင်းမှာ ခရစ္စမတ်ကာလသို့ ရောက်လာတော့မှာဖြစ်လို့ ယခုကဲ့သို့ ထုတ်လုပ်မှုပိုင်းကို ပိုမြှင့်ရန် လုပ်ဆောင်လာရခြင်းလည်း ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

AirPodsPro ထုတ္လုပ္မႈ ႏွစ္ဆျမႇင့္တင္ႏိုင္ရန္အတြက္ တ႐ုတ္ကုမၸဏီႏွင့္ ပူးေပါင္းရေတာ့မယ့္ Apple

Apple ဟာ ေဈးကြက္ေတာင္းဆိုမႈအလြန္ျမင့္မားေနမႈေၾကာင့္ AirPods Pro ထုတ္လုပ္မႈကို ႏွစ္ဆအထိ ျမႇင့္တင္ႏိုင္ဖို႔အတြက္ တ႐ုတ္ထုတ္လုပ္ေရးကုမၸဏီတစ္ခုႏွင့္ ပူးေပါင္းေတာ့မွာျဖစ္ေၾကာင္း သိရပါတယ္။ အေမရိကန္ထိပ္သီးနည္းပညာကုမၸဏီဟာ တ႐ုတ္-အေမရိကန္ကုန္သြယ္ေရးစစ္ပြဲေၾကာင့္ တ႐ုတ္ကုမၸဏီႏွင့္ မပူးေပါင္းလိုေပမယ့္လည္း ထုတ္လုပ္မႈျမႇင့္တင္ႏိုင္ဖို႔အတြက္ ေ႐ြးခ်ယ္စရာလမ္းစရွိေတာ့တာေၾကာင့္လည္း ျဖစ္ပါတယ္။

ယခုကဲ့သို႔ Apple အေနျဖင့္ AirPods Pro ထုတ္လုပ္မႈကို တ႐ုတ္ကုမၸဏီတစ္ခုသို႔ ေပးလိုက္မႈေၾကာင့္ တစ္လထုတ္လုပ္မႈမွာ အခုေရ 2 သန္းအထိ ျမင့္တက္လာမွာျဖစ္ပါတယ္။ Apple ဟာ ဗီယက္နမ္မွာ စက္႐ုံမ်ား ဖြင့္လွစ္ထားတဲ့ တ႐ုတ္အေျခစိုက္ ကုမၸဏီ GoerTekကို AirPods Pro ထုတ္လုပ္ေရးအတြက္ ေဆြးေႏြးမႈ ျပဳလုပ္ေနပါတယ္။

Apple ဟာ လက္ရွိအခ်ိန္မွာ ႀကိဳးမဲ့နားၾကပ္ေဈးကြက္ရဲ႕ 45 ရာခိုင္ႏႈန္းအထိ လႊမ္းမိုးရယူထားတဲ့ ကုမၸဏီျဖစ္ၿပီး လက္ရွိအခ်ိန္မွာAirPods Pro ကို တစ္လလွ်င္ တစ္သန္းသာလွ်င္ထုတ္လုပ္ႏိုင္ပါတယ္။ အထူးသျဖင့္ မၾကာမီကာလအတြင္းမွာ ခရစၥမတ္ကာလသို႔ ေရာက္လာေတာ့မွာျဖစ္လို႔ ယခုကဲ့သို႔ ထုတ္လုပ္မႈပိုင္းကို ပိုျမႇင့္ရန္ လုပ္ေဆာင္လာရျခင္းလည္း ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)