Honor ဟာ ယနေ့ကြေညာတဲ့ Product သစ်တွေထဲမှာ နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့ Product သစ်တစ်ခုအနေဖြင့် စမတ်နာရီသစ်တစ်လုံးကိုလည်း ကြေညာလာပါတယ်။ Honor MagicWatch 2 ကို ကြေညာလာတာ ဖြစ်ပါတယ်။

Honor MagicWatch 2 မှာ 14 ရက်ကြာ အသုံးပြုနိုင်တဲ့ ဘက်ထရီပါဝင်သလို ကျန်းမာရေးနှင့်စိတ်ပိုင်းဆိုင်ရာအတွက် အထူးအားစိုက်လုပ်ဆောင်ထားတဲ့ စမတ်နာရီ ဖြစ်ပါတယ်။ 5ATM Water Resistance ရှိတာကြောင့် ရေကူးရာမှာလည်း စိတ်ချလက်ချကူးနိုင်ပါမယ်။ ဒီစမတ်နာရီမှာ စမတ်နာရီအများစုမှာပါဝင်တဲ့ နှလုံးခုန်နှုန်းတိုင်းစနစ်နှင့် အားကစားလှုပ်ရှားမှုစောင့်ကြည့်စနစ်များ ပါဝင်ပါတယ်။ လမ်းလျှောက်၊ ပြေးလွှားတဲ့အခါ အကွာအဝေး ဘယ်လောက်ရောက်တယ်၊ မြန်နှုန်းဘယ်လောက်ရှိတယ်ဆိုတာ ပြသမယ့်အပြင် ကယ်လိုရီ ဘယ်လောက် လောင်ကျွမ်းတယ်ဆိုတာကိုလည်း ပြသပေးပါမယ်။ စိတ်ဝင်စားဖို့ကောင်းတာကတော့ ရေကူးမှုအပိုင်းအတွက် အခြားစမတ်နာရီများထက် ပိုကောင်းအောင် လုပ်ဆေင်ထားပါတယ်။ ရေကူးတဲ့အခါ လက်ခတ်မှုဘယ်လောက်လုပ်တယ်၊ ဘယ်လောက်အထိ လုပ်သင့်တယ်ဆိုတာ ပြသပေးမှာ ဖြစ်ပါတယ်။

Honor MagicWatch 2 ဟာ အသုံးပြုသူရဲ့ နှလုံးခုန်နှုန်းကို အချိန်ပြည့် စောင့်ကြည့်ပေးမယ့်အပြင် နှလုံးခုန်နှုန်းနှေးတဲ့အခါ မြန်တဲ့အခါ သတိပေးပါမယ်။ ဒီအချက်ကတော့ နှလုံးရောဂါရှိသူများအတွက် အသုံးဝင်တဲ့စနစ် ဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုများနေတယ်လို့ စမတ်နာရီက ခံစားရရင် အသုံးပြုသူကို အသက်ရှူလေ့ကျင့်ခန်းပြသပေးဦးမှာ ဖြစ်ပါတယ်။ အိပ်ချိန်ကိုလည်း အသေးစိတ်စောင့်ကြည့်ပေးမယ့်အပြင် အိပ်ချိန်ကောင်းမွန်ရေးအတွက် လုပ်ဆောင်ရမယ့်အရာကိုလည်း အကြံပြုဦးမှာ ဖြစ်ပါတယ်။

ပြေးလွှားမှု၊ လမ်းလျှောက်မှု၊ လှေလှော်မှု၊ စက်ဘီးစီးမှုတို့အပါအဝင် အားကစားလှုပ်ရှားမှု 15 မျိုးအထိ စောင့်ကြည့်ပေးနိုင်ကာ GPS နှင့် GLONASS တို့ ပါဝင်တာကြောင့် တည်နေရာအတိအကျ ပြသပေးပါမယ်။

Honor MagicWatch ရဲ့ ကိုယ်ထည်ကို စတိန်းလက်စ်စတီးဖြင့် ဖန်တီးထားပါတယ်။ ဒီစမတ်နာရီကို 42 မီလီမီတာနဲ့ 46 မီလီမီတာဆိုပြီး ဗားရှင်းနှစ်မျိုးနှင့် ရွေးချယ်နိုင်ပါတယ်။ မျက်နှာပြင်က 1.2 လက်မနှင့် 1.4 လက်မ အသီးသီးရှိပါတယ်။ AMOED သုံးထားကာ အလင်းပေးမှု 326ppi ရှိပါတယ်။

Kirin A1 Chipset နှင့် အထိုင်ချထားပြီး Storage 4GB ပါဝင်ပါတယ်။ အားကစားလုပ်ချိန်မှာ သီချင်းနားထောင်နိုင်ဖို့အတွက် သီချင်း 500 အထိ ထည့်သွင်းထားနိုင်ပါတယ်။ ဖုန်းနဲ့ 150 မီတာအကွာမှ ဖုန်းဖြေဆိုမှု ပြုလုပ်နိုင်ပါတယ်။

14 ရက်ကြာ အသုံးပြုနိုင်တယ်ဆိုတာက GPS သုံးမှုကို တစ်ပတ်လျှင် မိနစ် 90 ဖြင့်သာလည်းကောင်း၊ ဖုန်းပြောဆိုမှုကို မိနစ် 30 ဖြင့်လည်းကောင်း၊ သီချင်းနားထောင်မှုကို မိနစ် 30 ဖြင့်သာလည်းကောင်း ပြုလုပ်ရင်သာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါကလည်း 46 မီလီမီတာဗားရှင်းဘဲ သုံးနိုင်တာပါ။ 42 မီလီမီတာဗားရှင်းက တစ်ပတ်လောက်ဘဲ အသုံးခံပါတယ်။

Honor MagicWatch 2 ကို ဒီဇင်ဘာလ 12 ရက်နေ့မှာ ရောင်းချပါမယ်။ Flax Brown 46mm နှင့် Sakura Gold 42mm မော်ဒယ်ကို ဒေါ်လာ 200 ၊ Agate Black 42mm မော်ဒယ်ကို ဒေါ်လာ 155 နှင့် Charcoal Black 46mm မော်ဒယ်ကို ဒေါ်လာ 170 အသီးသီး သတ်မှတ်ထားပါတယ်။

ဥရောပဈေးကွက်မှာ 42 မီလီမီတာဗားရှင်းကို ယူရို 179 နှင့် 46 မီလီမီတာဗားရှင်းကို ယူရို 189 တို့ဖြင့် အသီးသီး ရောင်းချသွားပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

14 ရက္အထိ အသုံးခံတဲ့ ဘက္ထရီပါဝင္တဲ့ Honor MagicWatch 2

Honor ဟာ ယေန႔ေၾကညာတဲ့ Product သစ္ေတြထဲမွာ ေနာက္ထပ္ စိတ္ဝင္စားဖို႔ေကာင္းတဲ့ Product သစ္တစ္ခုအေနျဖင့္ စမတ္နာရီသစ္တစ္လုံးကိုလည္း ေၾကညာလာပါတယ္။ Honor MagicWatch 2 ကို ေၾကညာလာတာ ျဖစ္ပါတယ္။

Honor MagicWatch 2 မွာ 14 ရက္ၾကာ အသုံးျပဳနိုင္တဲ့ ဘက္ထရီပါဝင္သလို က်န္းမာေရးႏွင့္စိတ္ပိုင္းဆိုင္ရာအတြက္ အထူးအားစိုက္လုပ္ေဆာင္ထားတဲ့ စမတ္နာရီ ျဖစ္ပါတယ္။ 5ATM Water Resistance ရွိတာေၾကာင့္ ေရကူးရာမွာလည္း စိတ္ခ်လက္ခ်ကူးနိုင္ပါမယ္။ ဒီစမတ္နာရီမွာ စမတ္နာရီအမ်ားစုမွာပါဝင္တဲ့ ႏွလုံးခုန္ႏွုန္းတိုင္းစနစ္ႏွင့္ အားကစားလွုပ္ရွားမွုေစာင့္ၾကည့္စနစ္မ်ား ပါဝင္ပါတယ္။ လမ္းေလၽွာက္၊ ေျပးလႊားတဲ့အခါ အကြာအေဝး ဘယ္ေလာက္ေရာက္တယ္၊ ျမန္ႏွုန္းဘယ္ေလာက္ရွိတယ္ဆိုတာ ျပသမယ့္အျပင္ ကယ္လိုရီ ဘယ္ေလာက္ ေလာင္ကၽြမ္းတယ္ဆိုတာကိုလည္း ျပသေပးပါမယ္။ စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့ ေရကူးမွုအပိုင္းအတြက္ အျခားစမတ္နာရီမ်ားထက္ ပိုေကာင္းေအာင္ လုပ္ေဆင္ထားပါတယ္။ ေရကူးတဲ့အခါ လက္ခတ္မွုဘယ္ေလာက္လုပ္တယ္၊ ဘယ္ေလာက္အထိ လုပ္သင့္တယ္ဆိုတာ ျပသေပးမွာ ျဖစ္ပါတယ္။

Honor MagicWatch 2 ဟာ အသုံးျပဳသူရဲ့ ႏွလုံးခုန္ႏွုန္းကို အခ်ိန္ျပည့္ ေစာင့္ၾကည့္ေပးမယ့္အျပင္ ႏွလုံးခုန္ႏွုန္းေႏွးတဲ့အခါ ျမန္တဲ့အခါ သတိေပးပါမယ္။ ဒီအခ်က္ကေတာ့ ႏွလုံးေရာဂါရွိသူမ်ားအတြက္ အသုံးဝင္တဲ့စနစ္ ျဖစ္ပါတယ္။ ဒါ့အျပင္ စိတ္ဖိစီးမွုမ်ားေနတယ္လို႔ စမတ္နာရီက ခံစားရရင္ အသုံးျပဳသူကို အသက္ရွူေလ့က်င့္ခန္းျပသေပးဦးမွာ ျဖစ္ပါတယ္။ အိပ္ခ်ိန္ကိုလည္း အေသးစိတ္ေစာင့္ၾကည့္ေပးမယ့္အျပင္ အိပ္ခ်ိန္ေကာင္းမြန္ေရးအတြက္ လုပ္ေဆာင္ရမယ့္အရာကိုလည္း အႀကံျပဳဦးမွာ ျဖစ္ပါတယ္။

ေျပးလႊားမွု၊ လမ္းေလၽွာက္မွု၊ ေလွေလွာ္မွု၊ စက္ဘီးစီးမွုတို႔အပါအဝင္ အားကစားလွုပ္ရွားမွု 15 မ်ိဳးအထိ ေစာင့္ၾကည့္ေပးနိုင္ကာ GPS ႏွင့္ GLONASS တို႔ ပါဝင္တာေၾကာင့္ တည္ေနရာအတိအက် ျပသေပးပါမယ္။

Honor MagicWatch ရဲ့ ကိုယ္ထည္ကို စတိန္းလက္စ္စတီးျဖင့္ ဖန္တီးထားပါတယ္။ ဒီစမတ္နာရီကို 42 မီလီမီတာနဲ႔ 46 မီလီမီတာဆိုၿပီး ဗားရွင္းႏွစ္မ်ိဳးႏွင့္ ေရြးခ်ယ္နိုင္ပါတယ္။ မ်က္ႏွာျပင္က 1.2 လက္မႏွင့္ 1.4 လက္မ အသီးသီးရွိပါတယ္။ AMOED သုံးထားကာ အလင္းေပးမွု 326ppi ရွိပါတယ္။

Kirin A1 Chipset ႏွင့္ အထိုင္ခ်ထားၿပီး Storage 4GB ပါဝင္ပါတယ္။ အားကစားလုပ္ခ်ိန္မွာ သီခ်င္းနားေထာင္နိုင္ဖို႔အတြက္ သီခ်င္း 500 အထိ ထည့္သြင္းထားနိုင္ပါတယ္။ ဖုန္းနဲ႔ 150 မီတာအကြာမွ ဖုန္းေျဖဆိုမွု ျပဳလုပ္နိုင္ပါတယ္။

14 ရက္ၾကာ အသုံးျပဳနိုင္တယ္ဆိုတာက GPS သုံးမွုကို တစ္ပတ္လၽွင္ မိနစ္ 90 ျဖင့္သာလည္းေကာင္း၊ ဖုန္းေျပာဆိုမွုကို မိနစ္ 30 ျဖင့္လည္းေကာင္း၊ သီခ်င္းနားေထာင္မွုကို မိနစ္ 30 ျဖင့္သာလည္းေကာင္း ျပဳလုပ္ရင္သာ အသုံးျပဳနိုင္မွာ ျဖစ္ပါတယ္။ ဒါကလည္း 46 မီလီမီတာဗားရွင္းဘဲ သုံးနိုင္တာပါ။ 42 မီလီမီတာဗားရွင္းက တစ္ပတ္ေလာက္ဘဲ အသုံးခံပါတယ္။

Honor MagicWatch 2 ကို ဒီဇင္ဘာလ 12 ရက္ေန႔မွာ ေရာင္းခ်ပါမယ္။ Flax Brown 46mm ႏွင့္ Sakura Gold 42mm ေမာ္ဒယ္ကို ေဒၚလာ 200 ၊ Agate Black 42mm ေမာ္ဒယ္ကို ေဒၚလာ 155 ႏွင့္ Charcoal Black 46mm ေမာ္ဒယ္ကို ေဒၚလာ 170 အသီးသီး သတ္မွတ္ထားပါတယ္။

ဥေရာပေဈးကြက္မွာ 42 မီလီမီတာဗားရွင္းကို ယူရို 179 ႏွင့္ 46 မီလီမီတာဗားရွင္းကို ယူရို 189 တို႔ျဖင့္ အသီးသီး ေရာင္းခ်သြားပါမယ္။

NetGuide Journal (Every Wednesday)