Huawei ဟာ ကြိုးမဲ့နားကြပ်ခေတ်စားလာပြီးနောက် ကြိုးမဲ့နားကြပ်တွေ ထုတ်လုပ်ရောင်းချထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ၎င်းတို့ဟာ Headphone နားကြပ်တော့ ထုတ်လုပ်ရောင်းချထားခြင်း မရှိသေးပါဘူး။ တရုတ်ထိပ်သီး စမတ်ဖုန်းကုမ္ပဏီဟာ လာမယ့် 2020 ခုနှစ်မှာ Headphone ဈေးကွက်သို့လည်း ဝင်ရောက်လာဖို့ ရှိနေပါတယ်။

Huawei ဟာ မကြာသေးမီတုန်းက ကြိုးမဲ့နားကြပ်သစ်အဖြစ် Huawei FreeBuds 3 ကို ကြေညာထားပါတယ်။ Huawei FreeBuds 3 ကို Kirin A1 Chipset ဖြင့် ပါဝါထောက်ပံ့ထားပြီး ကမ္ဘာ့ပထမဆုံး Bluetooth 5.1 ပါဝင်တဲ့ နားကြပ်ဖြစ်ပါတယ်။

FreeBuds 3 မှာ Noise Reduction စနစ်ပါဝင်တဲ့အပြင် သက်တောင့်သက်သာ အသုံးပြုနိုင်အောင်လည်း လုပ်ဆောင်ထားသလို ဈေးကွက်မှာ Review ကောင်းကောင်းရရှိထားတဲ့ နားကြပ်ဖြစ်ပါတယ်။

ယခုအခါ Huawei CEO Yu Chengdong က 2020 ခုနှစ်မှာ Headphone ထုတ်လုပ်လာမှာ ဖြစ်ကြောင်း အတည်ပြုလာပါပြီ။ ဘယ်တော့ Huawei Headphone ကို ကြေညာရောင်းချလာမလဲဆိုတာကိုတော့ ပြောကြားသွားခဲ့ခြင်း မရှိပါဘူး။

ဒါပေမယ့် လက်ရှိအချိန်မှာ Huawei ဟာ Headphone ထုတ်လုပ်ဖို့ လုပ်ဆောင်နေပြီဖြစ်တာကြောင့် လာမယ့်လအနည်းငယ်အတွင်းမှာ ကြေညာဖို့ ရှိပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

လာမယ့္ႏွစ္တြင္ Headphone ထုတ္လုပ္ေရာင္းခ်လာမယ့္ Huawei

Huawei ဟာ ႀကိဳးမဲ့နားၾကပ္ေခတ္စားလာၿပီးေနာက္ ႀကိဳးမဲ့နားၾကပ္ေတြ ထုတ္လုပ္ေရာင္းခ်ထားၿပီး ျဖစ္ပါတယ္။ ဒါေပမယ့္ ၎တို႔ဟာ Headphone နားၾကပ္ေတာ့ ထုတ္လုပ္ေရာင္းခ်ထားျခင္း မရွိေသးပါဘူး။ တ႐ုတ္ထိပ္သီး စမတ္ဖုန္းကုမၸဏီဟာ လာမယ့္ 2020 ခုႏွစ္မွာ Headphone ေဈးကြက္သို႔လည္း ဝင္ေရာက္လာဖို႔ ရွိေနပါတယ္။

Huawei ဟာ မၾကာေသးမီတုန္းက ႀကိဳးမဲ့နားၾကပ္သစ္အျဖစ္ Huawei FreeBuds 3 ကို ေၾကညာထားပါတယ္။ Huawei FreeBuds 3 ကို Kirin A1 Chipset ျဖင့္ ပါဝါေထာက္ပံ့ထားၿပီး ကမာၻ႔ပထမဆုံး Bluetooth 5.1 ပါဝင္တဲ့ နားၾကပ္ျဖစ္ပါတယ္။

FreeBuds 3 မွာ Noise Reduction စနစ္ပါဝင္တဲ့အျပင္ သက္ေတာင့္သက္သာ အသုံးျပဳႏိုင္ေအာင္လည္း လုပ္ေဆာင္ထားသလို ေဈးကြက္မွာ Review ေကာင္းေကာင္းရရွိထားတဲ့ နားၾကပ္ျဖစ္ပါတယ္။

ယခုအခါ Huawei CEO Yu Chengdong က 2020 ခုႏွစ္မွာ Headphone ထုတ္လုပ္လာမွာ ျဖစ္ေၾကာင္း အတည္ျပဳလာပါၿပီ။ ဘယ္ေတာ့ Huawei Headphone ကို ေၾကညာေရာင္းခ်လာမလဲဆိုတာကိုေတာ့ ေျပာၾကားသြားခဲ့ျခင္း မရွိပါဘူး။

ဒါေပမယ့္ လက္ရွိအခ်ိန္မွာ Huawei ဟာ Headphone ထုတ္လုပ္ဖို႔ လုပ္ေဆာင္ေနၿပီျဖစ္တာေၾကာင့္ လာမယ့္လအနည္းငယ္အတြင္းမွာ ေၾကညာဖို႔ ရွိပါတယ္။

NetGuide Journal (Every Wednesday)