ယခုဆိုရင် Motorola Razrကို ကြေညာလာခဲ့တာ နှစ်ပတ်နီးပါး ရှိနေပြီ ဖြစ်ပါတယ်။ Motorola ဟာ 2019 ခုနှစ် နှစ်မကုန်ခင်မှာ နောက်ထပ် စမတ်ဖုန်းသစ်တစ်လုံးကို ကြေညာလာဦးမှာ ဖြစ်ပါတယ်။ Motorola ဟာ လာမယ့် ဒီဇင်ဘာလ 3 ရက်နေ့မှာ ဘရာဇီးမှာ စမတ်ဖုန်းသစ်တစ်လုံးကို ကြေညာသွားမှာ ဖြစ်ပါတယ်။ Motorola One Hyper ကို ကြေညာလာမှာ ဖြစ်ပါတယ်။

Motorola One Hyper က Motorola စမတ်ဖုန်းတွေထဲမှာ ပထမဆုံး Pop-Up Selfie Camera ပါဝင်တဲ့ စမတ်ဖုန်း ဖြစ်လာပါမယ်။ ပြီးခဲ့တဲ့လတုန်းက ပေါက်ကြားထားတဲ့ သတင်းအရ ဒီဖုန်းမှာ 32MP Pop-Up Selfie Camera ပါဝင်လာမယ်လို့ သိရပါတယ်။ ဒါ့အပြင် ကျောဘက်ကင်မရာနှစ်လုံး ပါဝင်လာမှာဖြစ်ပြီး 64MP+8MP ပါဝင်ပါမယ်။ ဒါကြောင့် ဒီဖုန်းက 64MP ကင်မရာပါဝင်တဲ့ ပထမဆုံး Motorola စမတ်ဖုန်းလည်း ဖြစ်လာပါမယ်။

Motorola One Hyper မှာ 4K@30fps ၊ 1080p@120fps Slow-Motion ဗီဒီယိုရိုက်ကူးမှု ပြုလုပ်နိုင်ပါမယ်။

ဒီဖုန်းမှာ သုံးထားတဲ့ အခြားစနစ်တွေကတော့ မျက်နှာပြင် 6.39 လက်မ IPS LCD FHD+ ၊ Snapdragon 675 Processor ၊ RAM4GB ၊ 128GB Storage ၊ NFC ၊ Bluetooth 5.0 နှင့် နားကြပ်ပေါက်တို့ ပါဝင်ပါမယ်။ ဘက်ထရီ 3600 mAh ပါဝင်မှာဖြစ်ပြီး 15W TurboCharge နှင့် အားသွင်းနိုင်ပါမယ်။ Android 9 Pie ပါဝင်ပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

ဒီဇင္ဘာလ 3 ရက္တြင္ Motorola One Hyper ကို ေၾကညာလာမည္

ယခုဆိုရင္ Motorola Razrကို ေၾကညာလာခဲ့တာ ႏွစ္ပတ္နီးပါး ရွိေနၿပီ ျဖစ္ပါတယ္။ Motorola ဟာ 2019 ခုႏွစ္ ႏွစ္မကုန္ခင္မွာ ေနာက္ထပ္ စမတ္ဖုန္းသစ္တစ္လုံးကို ေၾကညာလာဦးမွာ ျဖစ္ပါတယ္။ Motorola ဟာ လာမယ့္ ဒီဇင္ဘာလ 3 ရက္ေန႔မွာ ဘရာဇီးမွာ စမတ္ဖုန္းသစ္တစ္လုံးကို ေၾကညာသြားမွာ ျဖစ္ပါတယ္။ Motorola One Hyper ကို ေၾကညာလာမွာ ျဖစ္ပါတယ္။

Motorola One Hyper က Motorola စမတ္ဖုန္းေတြထဲမွာ ပထမဆုံး Pop-Up Selfie Camera ပါဝင္တဲ့ စမတ္ဖုန္း ျဖစ္လာပါမယ္။ ၿပီးခဲ့တဲ့လတုန္းက ေပါက္ၾကားထားတဲ့ သတင္းအရ ဒီဖုန္းမွာ 32MP Pop-Up Selfie Camera ပါဝင္လာမယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ေက်ာဘက္ကင္မရာႏွစ္လုံး ပါဝင္လာမွာျဖစ္ၿပီး 64MP+8MP ပါဝင္ပါမယ္။ ဒါေၾကာင့္ ဒီဖုန္းက 64MP ကင္မရာပါဝင္တဲ့ ပထမဆုံး Motorola စမတ္ဖုန္းလည္း ျဖစ္လာပါမယ္။

Motorola One Hyper မွာ 4K@30fps ၊ 1080p@120fps Slow-Motion ဗီဒီယိုရိုက္ကူးမွု ျပဳလုပ္နိုင္ပါမယ္။

ဒီဖုန္းမွာ သုံးထားတဲ့ အျခားစနစ္ေတြကေတာ့ မ်က္ႏွာျပင္ 6.39 လက္မ IPS LCD FHD+ ၊ Snapdragon 675 Processor ၊ RAM4GB ၊ 128GB Storage ၊ NFC ၊ Bluetooth 5.0 ႏွင့္ နားၾကပ္ေပါက္တို႔ ပါဝင္ပါမယ္။ ဘက္ထရီ 3600 mAh ပါဝင္မွာျဖစ္ၿပီး 15W TurboCharge ႏွင့္ အားသြင္းနိုင္ပါမယ္။ Android 9 Pie ပါဝင္ပါမယ္။

NetGuide Journal (Every Wednesday)