ပြီးခဲ့တဲ့ ဇွန်လလောက်က ထုတ်လုပ်ခဲ့တဲ့ Xiaomi Redmi K20 နဲ့ Xiaomi Redmi K20 Pro ကို အခုတစ်ခါ ထပ်မံအဆင့်မြှင့်တင်ပြီး Xiaomi Redmi K20 Pro Premium ဆိုတဲ့ version အသစ် ထွက်ရှိလာခဲ့ပါပြီ။ Pro version ကိုမှ Premium version ဖြစ်တဲ့အတွက် ပိုမိုသာလွန်ကောင်းမွန်မှုရှိလာပြီး အဓိကအားဖြင့် စက်စွမ်းဆောင်ရည်ပိုင်းနဲ့ Memory ပိုင်းမှာ စွမ်းအားမြင့်မားလာပါတယ်။ Pro အတိုင်း နောက်ဆုံးပေါ် Pop-Up Front Camera ဒီဇိုင်းပုံစံနဲ့ပဲ ထွက်ရှိလာခဲ့ပြီး နောက်ဆုံးပေါ် Specs တွေနဲ့ features တွေကို ထည့်သွင်းပေးထားပါတယ်။ ဖုန်းလုံခြုံရေးပိုင်းအတွက် Under-Display Fingerprint Scanner ကို တပ်ဆင်ထားလို့ အသုံးပြုရတာလည်း စမတ်ကျလှပါတယ်။ ၎င်းကို GSM, HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး Nano Dual SIM စနစ်ပါရှိလို့ Nano SIM card 2 card ကို တစ်ပြိုင်နက်တည်း ထည့်သုံးနိုင်ပါတယ်။

(1). Design & Build

ဒီဇိုင်းပုံစံက တစ်ချက်ကြည့်လိုက်တာနဲ့ နောက်ဆုံးပေါ် စမတ်ဖုန်းတစ်လုံးမှန်း သိသာစေပြီး ကိုယ်ထည်တည်ဆောက်ပုံဒီဇိုင်းက ကျစ်ကျစ်လျစ်လျစ်နဲ့ တောင့်တင်းခိုင်မာပြီး နောက်ဆုံးပေါ် Pop-Up ကင်မရာဒီဇိုင်းကြောင့် ဆန်းသစ်မှုရှိသလို နောက်ကျောဘက်မှာ အစင်းကြောင်းပုံစံဒီဇိုင်းဆန်းလေးနဲ့ ဖန်တီးပေးထားပါတယ်။ ဒါ့အပြင် မျက်နှာပြင်စွမ်းအားကောင်းမွန်ပြီး မျက်နှာပြင်ပြည့်ဒီဇိုင်းပုံစံကြောင့် မြင်ကွင်းကျယ်ကျယ်နဲ့ ရုပ်ရှင်ဗီဒီယိုတွေကို အဆင်ပြေပြေ ကြည့်ရှုနိုင်သလို စာဖတ်တာတွေနဲ့ ဂိမ်းကစားတာတွေလည်း အဆင်ပြေပါတယ်။ နောက်ကျောဘက် အပေါ်အလယ်တည့်တည့်မှာ အနောက်ကင်မရာ 3 လုံးနဲ့ LED Flash မီးလုံးကို ဒေါင်လိုက်တပ်ဆင်ထားပါတယ်။ အရှေ့ကင်မရာကတော့ Pop-up အနေနဲ့ ထည့်သွင်းပေးထားတာကြောင့် ဓာတ်ပုံရိုက်မှသာ ထုတ်ယူရိုက်ကူးနိုင်ပါတယ်။ ဖုန်းအရွယ်အစားက 156.7 x 74.3 x 8.8 mm ရှိပြီး 191g လေးပါတယ်။ ဒါကြောင့် သာမန်ဖုန်းတွေထက် အနည်းငယ်ထူပြီး နည်းနည်းလေး ပိုလေးပါတယ်။ ၎င်းကို ထုတ်လုပ်ပေးထားတဲ့ အရောင်တွေကတော့ လှပခံ့ညားတဲ့ Carbon black, Flame red, Glacier blue, Summer Honey, Pearl White ဆိုတဲ့ အရောင် 5 မျိုးပဲ ဖြစ်ပါတယ်။

(2). Display

မျက်နှာပြင်က 6.39″ အကျယ်ရှိပြီး Super AMOLED capacitive touch screen, 16M colors display နဲ့ ပြုလုပ်ထားပါတယ်။ ၎င်းမျက်နှာပြင်က 19.5:9 ratio မှာ 1080 x 2340 pixels စွမ်းအားရှိတဲ့ မြင်ကွင်းတွေကို ပြသနိုင်ပါတယ်။ ဒါ့အပြင် မျက်နှာပြင်မှာ အကြမ်းခံတဲ့ HDR စနစ်ပါရှိပြီး အပေါ်ကနေ Corning Gorilla Glass 5 နဲ့ ဖုံးအုပ်ပေးထားလို့ အလွန်အကြမ်းခံပါတယ်။

(3). Operating System and Camera

အထဲမှာတော့ Android 10 ကို အခြေခံထားတဲ့ MIUI 11 User Interface ကို run ထားပါတယ်။ အနောက်ကင်မရာက 48 MP, f/1.8, 26mm (wide), 1/2″, 0.8µm, Laser/PDAF + 8 MP, f/2.4, 53mm (telephoto), 1/4″, 1.12µm, Laser/PDAF, 2x optical zoom + 13 MP, f/2.4, 12mm (ultrawide), 1/3″, 1.12µm စွမ်းအားတွေပါရှိပြီး အရှေ့ selfie ကင်မရာကလည်း Motorized pop-up 20 MP, f/2.2, 0.8µm စွမ်းအားတွေ ပါရှိပါတယ်။

(4). Performance

၎င်းမှာ RAM 8/12GB ပါရှိတဲ့ Octa-core (1×2.96 GHz Kryo 485 & 3×2.42 GHz Kryo 485 & 4×1.8 GHz Kryo 485) processor, Qualcomm SDM855 Snapdragon 855+ (7 nm) Chipset နဲ့ Adreno 640 (700 MHz) တို့ကြောင့် အကောင်းဆုံး စွမ်းဆောင်ရည်တွေကို အပြည့်အဝ ထောက်ပံ့ပေးနိုင်ပြီး နောက်ဆုံးပေါ် ဂိမ်းတွေ၊ app တွေ အကုန်လုံးကိုလည်း အကောင်းဆုံး ရုပ်ထွက်မျိုးတွေနဲ့ အဆင်ပြေပြေ အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

(5). Battery

၎င်းမှာ ထည့်သွင်းပေးထားတဲ့ ဘက်ထရီစွမ်းအားကတော့ Non-removable Li-Po 4000mAh battery ဖြစ်ပြီး ၎င်းရဲ့ Fast battery charging 27W (Quick Charge 4+) စနစ်ကြောင့် ဘက်ထရီစွမ်းအားကို လျင်မြန်စွာ ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

(6). Specification

» Display : 6.39 inches, Super AMOLED capacitive touchscreen
» Memory : 512GB, 12GB RAM, (No Card Slot)
» Camera : Triple : 48+8+13 MP / Motorized pop-up 20 MP (Front)
» OS : Android 10; MIUI 11
» Battery : Non-removable Li-Po 4000 mAh battery

» Price : 635,000 Ks

» Phone : 09-785222888 (Win Mobile World)

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Xiaomi Redmi K20 Pro Premium

ၿပီးခဲ့တဲ့ ဇြန္လေလာက္က ထုတ္လုပ္ခဲ့တဲ့ Xiaomi Redmi K20 နဲ႔ Xiaomi Redmi K20 Pro ကို အခုတစ္ခါ ထပ္မံအဆင့္ျမႇင့္တင္ၿပီး Xiaomi Redmi K20 Pro Premium ဆိုတဲ့ version အသစ္ ထြက္ရွိလာခဲ့ပါၿပီ။ Pro version ကိုမွ Premium version ျဖစ္တဲ့အတြက္ ပိုမိုသာလြန္ေကာင္းမြန္မႈရွိလာၿပီး အဓိကအားျဖင့္ စက္စြမ္းေဆာင္ရည္ပိုင္းနဲ႔ Memory ပိုင္းမွာ စြမ္းအားျမင့္မားလာပါတယ္။ Pro အတိုင္း ေနာက္ဆံုးေပၚ Pop-Up Front Camera ဒီဇိုင္းပံုစံနဲ႔ပဲ ထြက္ရွိလာခဲ့ၿပီး ေနာက္ဆံုးေပၚ Specs ေတြနဲ႔ features ေတြကို ထည့္သြင္းေပးထားပါတယ္။ ဖုန္းလံုၿခံဳေရးပိုင္းအတြက္ Under-Display Fingerprint Scanner ကုိ တပ္ဆင္ထားလုိ႔ အသံုးျပဳရတာလည္း စမတ္က်လွပါတယ္။ ၎ကို GSM, HSPA နဲ႔ LTE networks ေတြမွာ အသံုးျပဳႏုိင္ၿပီး Nano Dual SIM စနစ္ပါရွိလုိ႔ Nano SIM card 2 card ကို တစ္ၿပိဳင္နက္တည္း ထည့္သံုးႏုိင္ပါတယ္။

(1). Design & Build

ဒီဇုိင္းပံုစံက တစ္ခ်က္ၾကည့္လုိက္တာနဲ႔ ေနာက္ဆံုးေပၚ စမတ္ဖုန္းတစ္လံုးမွန္း သိသာေစၿပီး ကိုယ္ထည္တည္ေဆာက္ပံုဒီဇုိင္းက က်စ္က်စ္လ်စ္လ်စ္နဲ႔ ေတာင့္တင္းခုိင္မာၿပီး ေနာက္ဆံုးေပၚ Pop-Up ကင္မရာဒီဇုိင္းေၾကာင့္ ဆန္းသစ္မႈရွိသလုိ ေနာက္ေက်ာဘက္မွာ အစင္းေၾကာင္းပံုစံဒီဇိုင္းဆန္းေလးနဲ႔ ဖန္တီးေပးထားပါတယ္။ ဒါ့အျပင္ မ်က္ႏွာျပင္စြမ္းအားေကာင္းမြန္ၿပီး မ်က္ႏွာျပင္ျပည့္ဒီဇုိင္းပံုစံေၾကာင့္ ျမင္ကြင္းက်ယ္က်ယ္နဲ႔ ႐ုပ္ရွင္ဗီဒီယုိေတြကို အဆင္ေျပေျပ ၾကည့္႐ႈႏိုင္သလုိ စာဖတ္တာေတြနဲ႔ ဂိမ္းကစားတာေတြလည္း အဆင္ေျပပါတယ္။ ေနာက္ေက်ာဘက္ အေပၚအလယ္တည့္တည့္မွာ အေနာက္ကင္မရာ 3 လံုးနဲ႔ LED Flash မီးလံုးကို ေဒါင္လိုက္တပ္ဆင္ထားပါတယ္။ အေရွ႕ကင္မရာကေတာ့ Pop-up အေနနဲ႔ ထည့္သြင္းေပးထားတာေၾကာင့္ ဓာတ္ပံု႐ိုက္မွသာ ထုတ္ယူ႐ိုက္ကူးႏုိင္ပါတယ္။ ဖုန္းအရြယ္အစားက 156.7 x 74.3 x 8.8 mm ရွိၿပီး 191g ေလးပါတယ္။ ဒါေၾကာင့္ သာမန္ဖုန္းေတြထက္ အနည္းငယ္ထူၿပီး နည္းနည္းေလး ပိုေလးပါတယ္။ ၎ကို ထုတ္လုပ္ေပးထားတဲ့ အေရာင္ေတြကေတာ့ လွပခံ့ညားတဲ့ Carbon black, Flame red, Glacier blue, Summer Honey, Pearl White ဆိုတဲ့ အေရာင္ 5 မ်ိဳးပဲ ျဖစ္ပါတယ္။

(2). Display

မ်က္ႏွာျပင္က 6.39″ အက်ယ္ရွိၿပီး Super AMOLED capacitive touch screen, 16M colors display နဲ႔ ျပဳလုပ္ထားပါတယ္။ ၎မ်က္ႏွာျပင္က 19.5:9 ratio မွာ 1080 x 2340 pixels စြမ္းအားရွိတဲ့ ျမင္ကြင္းေတြကို ျပသႏုိင္ပါတယ္။ ဒါ့အျပင္ မ်က္ႏွာျပင္မွာ အၾကမ္းခံတဲ့ HDR စနစ္ပါရွိၿပီး အေပၚကေန Corning Gorilla Glass 5 နဲ႔ ဖံုးအုပ္ေပးထားလုိ႔ အလြန္အၾကမ္းခံပါတယ္။

(3). Operating System and Camera

အထဲမွာေတာ့ Android 10 ကို အေျခခံထားတဲ့ MIUI 11 User Interface ကို run ထားပါတယ္။ အေနာက္ကင္မရာက 48 MP, f/1.8, 26mm (wide), 1/2″, 0.8µm, Laser/PDAF + 8 MP, f/2.4, 53mm (telephoto), 1/4″, 1.12µm, Laser/PDAF, 2x optical zoom + 13 MP, f/2.4, 12mm (ultrawide), 1/3″, 1.12µm စြမ္းအားေတြပါရွိၿပီး အေရွ႕ selfie ကင္မရာကလည္း Motorized pop-up 20 MP, f/2.2, 0.8µm စြမ္းအားေတြ ပါရွိပါတယ္။

(4). Performance

၎မွာ RAM 8/12GB ပါရွိတဲ့ Octa-core (1×2.96 GHz Kryo 485 & 3×2.42 GHz Kryo 485 & 4×1.8 GHz Kryo 485) processor, Qualcomm SDM855 Snapdragon 855+ (7 nm) Chipset နဲ႔ Adreno 640 (700 MHz) တို႔ေၾကာင့္ အေကာင္းဆံုး စြမ္းေဆာင္ရည္ေတြကို အျပည့္အဝ ေထာက္ပံ့ေပးႏုိင္ၿပီး ေနာက္ဆံုးေပၚ ဂိမ္းေတြ၊ app ေတြ အကုန္လံုးကိုလည္း အေကာင္းဆံုး ႐ုပ္ထြက္မ်ိဳးေတြနဲ႔ အဆင္ေျပေျပ အသံုးျပဳႏုိင္မွာပဲ ျဖစ္ပါတယ္။

(5). Battery

၎မွာ ထည့္သြင္းေပးထားတဲ့ ဘက္ထရီစြမ္းအားကေတာ့ Non-removable Li-Po 4000mAh battery ျဖစ္ၿပီး ၎ရဲ႕ Fast battery charging 27W (Quick Charge 4+) စနစ္ေၾကာင့္ ဘက္ထရီစြမ္းအားကို လ်င္ျမန္စြာ ျပန္လည္ျဖည့္တင္းေပးႏိုင္ပါတယ္။

(6). Specification

» Display : 6.39 inches, Super AMOLED capacitive touchscreen
» Memory : 512GB, 12GB RAM, (No Card Slot)
» Camera : Triple : 48+8+13 MP / Motorized pop-up 20 MP (Front)
» OS : Android 10; MIUI 11
» Battery : Non-removable Li-Po 4000 mAh battery

» Price : 635,000 Ks

» Phone : 09-785222888 (Win Mobile World)

NetGuide Journal (Every Wednesday)