မကြာသေးမီက ထွက်ရှိခဲ့တဲ့ Xiaomi ရဲ့ အသစ်စက်စက် စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Mi CC9 Pro ဟာ အခုဆိုရင် မြန်မာနိုင်ငံမိုဘိုင်းဖုန်းစျေးကွက်ထဲကို စတင်ရောက်ရှိလာပါပြီ။ ၎င်းဟာ Xiaomi ရဲ့ နောက်ဆုံးပေါ် အဆင့်မြင့် စမတ်ဖုန်းတွေထဲက တစ်လုံးပါဝင်ပြီး ထည့်သွင်းပေးထားတဲ့ Specs တွေနဲ့ features တွေက အံ့မခန်းလောက်အောင် ပြည့်စုံကောင်းမွန်မှု ရှိပါတယ်။ ဒီဇိုင်းပုံစံသေသပ်လှပမှုရှိတဲ့အပြင် ၎င်းရဲ့အားသာချက်တွေထဲမှာ ကင်မရာစွမ်းအား အထူးကောင်းမွန်ခြင်းက ထိပ်ဆုံးက ပါရှိပါတယ်။ အံ့မခန်းလောက်အောင် စွမ်းအားမြင့်မားတဲ့ အနောက်ကင်မရာ 5 လုံးပါရှိပြီး အရှေ့ကင်မရာကလည်း အထူးကောင်းမွန်မှုရှိတာကို တွေ့ရပါတယ်။ ဒါ့အပြင် မျက်နှာပြင် ကြီးမားကျယ်ပြန့်ခြင်း၊ စက်စွမ်းဆောင်ရည်မြင့်မားခြင်း၊ ဘက်ထရီစွမ်းအား ကောင်းမွန်ခြင်း စတဲ့ အဓိကလိုအပ်ချက်တွေမှာလည်း Pro version ဖြစ်တာနဲ့အညီ ပြီးပြည့်စုံမှုလည်း ရှိပါတယ်။
အရှေ့ဘက်မျက်နှာပြင်က မျက်နှာပြင်ပြည့်ဒီဇိုင်းပုံစံရှိပြီး အရှေ့ဘက်မျက်နှာပြင်နဲ့ အလွန်အကြမ်းခံတဲ့ နောက်ဆုံးပေါ် Corning Gorilla Glass 5 နဲ့ ဖုံးအုပ်ထားသလို နောက်ကျောဘက်ကိုလည်း Corning Gorilla Glass 5 နဲ့ပဲ တည်ဆောက်ထားပြီး ဘေးဘောင်တွေက aluminum frame တွေကို သုံးထားတဲ့အတွက် တော်တော်လေးကို တောင့်တင်းခိုင်မာမှု ရှိပါတယ်။ ဒါကြောင့် အကြမ်းခံနိုင်ရည်စွမ်းကလည်း တစ်ခြားဖုန်းတွေထက် သာလွန်ကောင်းမွန်ပါတယ်။ နောက်ကျောဘက်ညာဘက်ထောင့်မှာ အနောက်ကင်မရာ 5 လုံးကို ဒေါင်လိုက်တပ်ဆင်ထားပြီး ဘေးနားမှာတော့ LED Flash မီးလုံးကို ထည့်ပေးထားပါတယ်။ ဖုန်းလုံခြုံရေးပိုင်းအတွက် အဆင့်မြင့် Under Display Fingeprint Sensor ကို သုံးပေးထားလို့ အသုံးပြုရတာ ပိုမိုစမတ်ကျလှပါတယ်။
ဖုန်းအရွယ်အစားက 157.8 x 74.2 x 9.7 mm (6.21 x 2.92 x 0.38 in) ရှိပြီး 208g လေးပါတယ်။ ၎င်းကို GSM, CDMA, HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး Nano SIM card 2 card ကို တစ်ပြိုင်နက်တည်း ထည့်သုံးနိုင်တဲ့ Dual SIM စနစ် ပါရှိပါတယ်။ မျက်နှာပြင်က 6.47-inch အကျယ်ရှိပြီး AMOLED capacitive touchscreen, 16M colors display နဲ့ ပြုလုပ်ထားပါတယ်။ ၎င်းမျက်နှာပြင် 19.5:9 ratio မှာ 1080 x 2340 pixels စွမ်းအားရှိတဲ့ ကြည်လင်ပြတ်သားတဲ့ မြင်ကွင်းတွေကို ပြသနိုင်ပါတယ်။ ဒါကြောင့် စာဖတ်တာတွေနဲ့ ရုပ်ရှင်ကြည့်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်ပါတယ်။ အထဲမှာတော့ နောက်ဆုံးပေါ် Android 9.0 (Pie) ကို အခြေခံထားတဲ့ နောက်ဆုံးပေါ် MIUI 11 User Interface ကို run ပေးထားပါတယ်။
ဖုန်းစွမ်းဆောင်ရည်ပိုင်းအတွက် အဆင့်မြင့်မားတဲ့ Chipset, Processor and Graphics card တို့ကို ပ့ံပိုးပေးထားပါတယ်။ ဒါ့အပြင် ရုပ်ထွက်ပိုင်းအတွက်လည်း အရည်အသွေးကောင်းမွန်တဲ့ GPU ကို သုံးပေးထားတာ တွေ့ရပါတယ်။ ကင်မရာစွမ်းဆောင်ရည်ပိုင်းအတွက်တော့ အနောက်ကင်မရာက 108 MP (8P lens – 256GB GB model), f/1.7, 25mm (wide), 1/1.33″, 0.8µm, PDAF, Laser AF, OIS + 12 MP, f/2.0, 50mm (telephoto), 1/2.55″, 1.4µm, Dual Pixel PDAF, Laser AF, 2x optical zoom + 5 MP (upscaled to 8MP), f/2.0, (telephoto), 1.0µm, PDAF, Laser AF, OIS, 5x optical zoom + 20 MP, f/2.2, 13mm (ultrawide), 1/2.8″, 1.0µm, Laser AF + 2 MP, f/2.4, 1/5″, 1.75µm (dedicated macro camera) ဖြစ်ပြီး Quad-LED dual-tone flash, HDR ဆိုတဲ့ features တွေကို ထည့်သွင်းပေးထားပါတယ်။
အရှေ့ကင်မရာကလည်း 32 MP, f/2.0, 0.8µm စွမ်းအားတွေကို ထောက်ပံ့ပေးထားတာကြောင့် ကင်မရာစွမ်းအား အထူးကောင်းမွန်တဲ့ စမတ်ဖုန်းတစ်လုံးပါပဲ။ ဒါ့အပြင် ၎င်းဖုန်းထဲမှာ သုံးစွဲလို့ကောင်းတဲ့ နောက်ထပ် အဆင့်မြင့် နောက်ဆုံးပေါ် Features တွေလည်း အများကြီး ပါရှိပါတယ်။ ၎င်းကို ထုတ်လုပ်ထားတဲ့ အရောင်တွေကတော့ လှပဆန်းသစ်တဲ့ Aurora Green, Glacier White, Midnight Black ဆိုတဲ့ လှပတဲ့ အရောင် 3 မျိုးပဲ ဖြစ်ပါတယ်။
(1). Design
တည်ဆောက်ပုံဒီဇိုင်းက ကျစ်ကျစ်လျစ်လျစ်နဲ့ တောင့်တင်းခိုင်မာပြီး သစ်လွင်တောက်ပနေတဲ့ နောက်ဆုံးပေါ် ကိုယ်ထည်ဒီဇိုင်းကြောင့် ဆွဲဆောင်မှုလည်း ရှိပါတယ်။ အရှေ့ဘက်မျက်နှာပြင်က ကျယ်ပြန့်ရှင်းလင်းမှုရှိသလို နောက်ကျောဘက်ကလည်း သေသေသပ်သပ်နဲ့ ခေတ်မီဆန်းသစ်မှု ရှိပါတယ်။
(2). Processor
ဖုန်းစွမ်းဆောင်ရည်ပိုင်းအတွက် Qualcomm SDM730 Snapdragon 730G (8 nm) Chipset နဲ့ Octa-core (2×2.2 GHz Kryo 470 Gold & 6×1.8 GHz Kryo 470 Silver) processor ကို ပ့ံပိုးထားပြီး ရုပ်ထွက်ပိုင်းအတွက်လည်း အဆင့်မြင့် Adreno 618 GPU ကို သုံးထားတဲ့အတွက် နောက်ဆုံးပေါ် ဂိမ်းတွေ၊ Apps တွေ အကုန်လုံးကို အသုံးပြုနိုင်ပါတယ်။
(3). Display and Camera
6.47 inches အကျယ်ရှိတဲ့ မျက်နှာပြင်ကို AMOLED capacitive touch-screen, 16M colors display နဲ့ ပြုလုပ်ထားပြီး Full HD မြင်ကွင်းစွမ်းအားတွေကို အပြည့်အဝ ရရှိနိုင်မှာပါ။ ၎င်းမှာ 108MP + 12MP + 5MP + 20MP + 2MP ရှိတဲ့ အနောက်ကင်မရာ 5 လုံးနဲ့ 32 MP ရှိတဲ့ အရှေ့ selfie ကင်မရာတို့ကို တပ်ဆင်ထားပြီး အလွန်အသုံးဝင်တဲ့ features တွေလည်း ပါရှိပါတယ်။
(4). Verdict
Xiaomi Mi CC9 Pro စမတ်ဖုန်းဟာ တကယ့်နောက်ဆုံးပေါ် စမတ်ဖုန်းတွေရဲ့ အင်္ဂါရပ်တွေနဲ့ညီပြီး သူ့စျေးနှုန်းနဲ့သူ သုံးစွဲရတာထိုက်တန်မှုရှိတဲ့ စမတ်ဖုန်းတစ်လုံးလည်းဖြစ်ပြီး Xiaomi ပရိသတ်တွေကတော့ ကြိုက်နှစ်သက်ကြမှာ သေချာပါတယ်။
(5). Battery Life
ဘက်ထရီစွမ်းအားအနေနဲ့တော့ Non-removable Li-Po 5260 mAh battery ကို ထည့်ထားတာကြောင့် တစ်နေ့လုံး အေးအေးဆေးဆေး သုံးစွဲနိုင်သလို ဖုန်းအားသွင်းရတာ မြန်ဆန်တဲ့ Fast battery charging 30W စနစ်လည်း ပါရှိပါတယ်။
(6). Specification
» Network : GSM/CDMA/HSPA/LTE (Dual SIM)
» Weight : 208 g
» Display : 6.47″, AMOLED capacitive touchscreen
» Resolution : 1080 x 2340 pixels, 19.5:9 ratio (~398ppi)
» Dimensions : 157.8 x 74.2 x 9.7 mm
» Memory : 128GB, 8GB RAM
» Camera : Five 108MP, f/1.7, 1/2.33″, 0.8µm, PADF, 12MP, f/2.0, 1/2.55″, 1.4µm, 5MP, f/2.0, 1.0µm, 20MP, f/2.2,1/2.8″, 1.0µm, 2MP, f/2.4, 1.5″, 1.75µm Quad-LED dual-tone flash, HDR, Selfie : 32MP, f/2.0, 0.8µm
» Connectivity : GPS, WLAN, Bluetooth 5.0, Type-C 1.0
» OS : Android 9.0 (Pie) ; MIUI 11
» Chipset : Qualcomm SDM730 Snapdragon 730G
» CPU : Octa-core (2×2.2 GHz Kryo 470 Gold & 6×1.8 GHz Kryo 470)
» GPU : Adreno 618
» Sensor : Fingerprint(under display, optical), accelerometer
» Price : 699,000 Ks
» Contact Phone : 09-785222888 (Win Mobile World)
NetGuide Journal (Every Wednesday)
——————————————————————————————————–
(Zawgyi Version)
Xiaomi Mi CC9 Pro
(1). Design
(2). Processor
ဖုန်းစွမ်းဆောင်ရည်ပိုင်းအတွက် Qualcomm SDM730 Snapdragon 730G (8 nm) Chipset နဲ့ Octa-core (2×2.2 GHz Kryo 470 Gold & 6×1.8 GHz Kryo 470 Silver) processor ကို ပံ့ပိုးထားပြီး ရုပ်ထွက်ပိုင်းအတွက်လည်း အဆင့်မြင့် Adreno 618 GPU ကို သုံးထားတဲ့အတွက် နောက်ဆုံးပေါ် ဂိမ်းတွေ၊ Apps တွေ အကုန်လုံးကို အသုံးပြုနိုင်ပါတယ်။
(3). Display and Camera
(4). Verdict
Xiaomi Mi CC9 Pro စမတ်ဖုန်းဟာ တကယ့်နောက်ဆုံးပေါ် စမတ်ဖုန်းတွေရဲ့ အင်္ဂါရပ်တွေနဲ့ညီပြီး သူ့ဈေးနှုန်းနဲ့သူ သုံးစွဲရတာထိုက်တန်မှုရှိတဲ့ စမတ်ဖုန်းတစ်လုံးလည်းဖြစ်ပြီး Xiaomi ပရိသတ်တွေကတော့ ကြိုက်နှစ်သက်ကြမှာ သေချာပါတယ်။
(5). Battery Life
(6). Specification
» Weight : 208 g
» Memory : 128GB, 8GB RAM
» GPU : Adreno 618
» Price : 699,000 Ks