Websites

welldone.im/

https://welldone.im ဟာ စီးပွားရေးလုပ်ငန်းတွေနဲ့ freelancer တွေကို ချိတ်ဆက်ပေးမယ့် Freelance Platform တစ်ခု ဖြစ်ပါတယ်။ freelancer တွေအတွက်လည်း ကိုယ်ကျွမ်းကျင်တဲ့ပညာကို အားလပ်ချိန်အတွင်းမှာ အကျိုးရှိစွာ အသုံးချနိုင်အောင် ဝင်ရောက်လေ့လာသင့်ပါတယ်။ Freelancer အဖြစ် လျှောက်မယ့်သူတွေအတွက် welldone account ဖွဲ့ပြီး login ဝင်ကာ လျှောက်ထားနိုင်ပါတယ်။ Graphic Design, Programming & Tech, Photo and Video, Writing & Translation, Sale & Marketing, Business, Consultation ဆိုတဲ့ ကဏ္ဍတွေ ရှိပါတယ်။

www.thihathetraveller.com/blog/

www.thihathetraveller.com/blog ဟာ ခရီးသွားအကြောင်းအရာတွေ ဖတ်ရှုရမယ့်နေရာတစ်ခုဖြစ်ပြီး ဒေသတစ်ခုကို ကိုယ်တိုင်ရောက်ရှိသွားရသလို ခံစားရစေတဲ့ အရေးအသားကို တွေ့ရမှာ ဖြစ်ပါတယ်။ မတူညီတဲ့ ရသနဲ့ လက်တွေ့အသုံးတည့်မယ့် အချက်အလက်တွေကို ဝေမျှပေးနေတာဖြစ်လို့ ခရီးသွားလာရေးနဲ့ ပတ်သက်လို့ ဗဟုသုတရအောင် ဝင်ရောက်လေ့လာသင့်ပါတယ်။ ပြည်တွင်းပြည်ပခရီးစဉ်တွေ အကြောင်းကိုပါ ဖတ်ရှုနိုင်ပြီး Hotel Review တွေနဲ့အတူ Food Tour အစီအစဉ်ကိုပါ သိရမှာပါ။

www.joox.com.mm/

www.joox.com.mm ဟာ သီချင်းချစ်သူတွေအတွက် အွန်လိုင်းပေါ်မှာ သီချင်းတွေ နားဆင်နိုင်ဖို့အတွက် အသုံးပြုနိုင်တဲ့ ဝက်ဘ်ဆိုက်တစ်ခုပါ။ သင့်အကြိုက်အနုပညာရှင်တွေ၊ သီချင်းတွေ၊ အယ်လ်ဘမ်တွေနဲ့ playlist တွေကို နားဆင်ရမှာဖြစ်ပြီး တစ်ပတ်တာ Myanmar Top 100 Chart မှာ လူကြိုက်အများဆုံးနဲ့ hot အဖြစ်ဆုံးသီချင်းတွေကို နားဆင်ရမှာပါ။ နေ့စဉ်သီချင်းအသစ်တွေနဲ့အတူ Online Radio ကဏ္ဍလည်းပါပြီး ရေဒီယိုအသံလွှင့်ဌာနပေါင်းများစွာကို အခမဲ့ဆက်တိုက် နားဆင်ရမှာ ဖြစ်ပါတယ်။

Facebook

www.facebook.com/MSMKC/

Myanmar Social Media Knowledge Center ဟာ Social Media နဲ့ Mobile အသိပညာပေးနဲ့ ဗဟုသုတဆိုင်ရာ Post တွေကို အစဉ်မပြတ်ဖတ်ရှုရဖို့အတွက် like လုပ်ထားသင့်တဲ့ page တစ်ခု ဖြစ်ပါတယ်။ ပြည်သူတွေကြား မီဒီယာနဲ့ သတင်းအချက်အလက် သိနားလည်မှုဆိုင်ရာ အသိပညာတွေကို ဒီ page ကနေ ဖြန့်ဝေပေးနေတာဖြစ်လို့ လူမှုမီဒီယာကို ချင့်ချင့်ချိန်ချိန်နဲ့ စိစစ်စဉ်းစားပြီး အကျိုးအပြစ်ချိန်ဆသုံးစွဲတတ်အောင် ဗဟုသုတတွေ လေ့လာနိုင်မှာ ဖြစ်ပါတယ်။

www.facebook.com/lannpya.myjustice/

Lann Pya ဟာ သင့်ရဲ့အခွင့်အရေးတွေနဲ့ ပတ်သက်လို့ messenger ကနေ အလွယ်တကူ လေ့လာနိုင်ဖို့အတွက် သိထားသင့်တဲ့ page တစ်ခု ဖြစ်ပါတယ်။ သင့်ရဲ့လယ်ယာမြေကို ဘယ်လိုမှတ်ပုံတင်ရမလဲ၊ သင့်ရဲ့မြေအသိမ်းခံလိုက်ရရင် ဘာဆက်လုပ်ရမလဲ၊ အမှုအခင်းတွေကိုရော ဘယ်လိုတိုင်ကြားရမလဲ၊ ရှေ့နေတစ်ယောက်ဆီကနေ ဘာတွေကို မျှော်လင့်နိုင်သလဲ ဒါမှမဟုတ် တရားမျှတမှုနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို စိတ်ဝင်စားတယ်ဆိုရင် ဒီ page ရဲ့ Message ခလုတ်ကို နှိပ်လိုက်ရုံနဲ့ လေ့လာနိုင်မှာ ဖြစ်ပါတယ်။

www.facebook.com/TalkingAboutSomething/

Talking About Something – TAS ဟာ ဘဝမှာ အောင်မြင်ဖို့ ကြိုးစားနေသူတိုင်းအတွက် motivation ဖြစ်စေတဲ့ ဗီဒီယိုလေးတွေကို တင်ပေးနေတဲ့ page တစ်ခု ဖြစ်ပါတယ်။ ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့ စိတ်ထဲမှာ တစ်ခုခုမှတ်သားစရာရသွားစေမယ့် စိတ်ဓာတ်လှုံ့ဆော်ပေးတဲ့ စိတ်ဓာတ်မြှင့်တင်ရေးဆိုင်ရာ ဗီဒီယိုတွေကို ဘာသာပြန်ပြီး တင်ပေးနေတာ ဖြစ်ပါတယ်။ ဗီဒီယိုတွေကလည်း အရှည်ကြီးမဟုတ်ဘဲ 2 မိနစ် 3 မိနစ်စာလောက်ပဲရှိတဲ့အတွက် ကြည့်ရှုရတာ ပျင်းရိမသွားစေဘဲ တိုတိုနဲ့ ထိရောက်မှုရှိတဲ့ ဗီဒီယိုလေးတွေ ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Websites & Facebook စာမ်က္ႏွာမ်ား

Websites

welldone.im/

https://welldone.im ဟာ စီးပြားေရးလုပ္ငန္းေတြနဲ႔ freelancer ေတြကို ခ်ိတ္ဆက္ေပးမယ့္ Freelance Platform တစ္ခု ျဖစ္ပါတယ္။ freelancer ေတြအတြက္လည္း ကိုယ္ကြၽမ္းက်င္တဲ့ပညာကို အားလပ္ခ်ိန္အတြင္းမွာ အက်ဳိးရွိစြာ အသံုးခ်ႏိုင္ေအာင္ ဝင္ေရာက္ေလ့လာသင့္ပါတယ္။ Freelancer အျဖစ္ ေလွ်ာက္မယ့္သူေတြအတြက္ welldone account ဖြဲ႕ၿပီး login ဝင္ကာ ေလွ်ာက္ထားႏိုင္ပါတယ္။ Graphic Design, Programming & Tech, Photo and Video, Writing & Translation, Sale & Marketing, Business, Consultation ဆိုတဲ့ က႑ေတြ ရွိပါတယ္။

www.thihathetraveller.com/blog/

www.thihathetraveller.com/blog ဟာ ခရီးသြားအေၾကာင္းအရာေတြ ဖတ္႐ႈရမယ့္ေနရာတစ္ခုျဖစ္ၿပီး ေဒသတစ္ခုကို ကိုယ္တိုင္ေရာက္ရွိသြားရသလုိ ခံစားရေစတဲ့ အေရးအသားကို ေတြ႕ရမွာ ျဖစ္ပါတယ္။ မတူညီတဲ့ ရသနဲ႔ လက္ေတြ႕အသံုးတည့္မယ့္ အခ်က္အလက္ေတြကို ေဝမွ်ေပးေနတာျဖစ္လုိ႔ ခရီးသြားလာေရးနဲ႔ ပတ္သက္လုိ႔ ဗဟုသုတရေအာင္ ဝင္ေရာက္ေလ့လာသင့္ပါတယ္။ ျပည္တြင္းျပည္ပခရီးစဥ္ေတြ အေၾကာင္းကိုပါ ဖတ္႐ႈႏိုင္ၿပီး Hotel Review ေတြနဲ႔အတူ Food Tour အစီအစဥ္ကိုပါ သိရမွာပါ။

www.joox.com.mm/

www.joox.com.mm ဟာ သီခ်င္းခ်စ္သူေတြအတြက္ အြန္လိုင္းေပၚမွာ သီခ်င္းေတြ နားဆင္ႏိုင္ဖုိ႔အတြက္ အသံုးျပဳႏိုင္တဲ့ ဝက္ဘ္ဆိုက္တစ္ခုပါ။ သင့္အႀကိဳက္အႏုပညာရွင္ေတြ၊ သီခ်င္းေတြ၊ အယ္လ္ဘမ္ေတြနဲ႔ playlist ေတြကို နားဆင္ရမွာျဖစ္ၿပီး တစ္ပတ္တာ Myanmar Top 100 Chart မွာ လူႀကိဳက္အမ်ားဆံုးနဲ႔ hot အျဖစ္ဆံုးသီခ်င္းေတြကို နားဆင္ရမွာပါ။ ေန႔စဥ္သီခ်င္းအသစ္ေတြနဲ႔အတူ Online Radio က႑လည္းပါၿပီး ေရဒီယိုအသံလႊင့္ဌာနေပါင္းမ်ားစြာကို အခမဲ့ဆက္တိုက္ နားဆင္ရမွာ ျဖစ္ပါတယ္။

Facebook

www.facebook.com/MSMKC/

Myanmar Social Media Knowledge Center ဟာ Social Media နဲ႔ Mobile အသိပညာေပးနဲ႔ ဗဟုသုတဆိုင္ရာ Post ေတြကို အစဥ္မျပတ္ဖတ္႐ႈရဖုိ႔အတြက္ like လုပ္ထားသင့္တဲ့ page တစ္ခု ျဖစ္ပါတယ္။ ျပည္သူေတြၾကား မီဒီယာနဲ႔ သတင္းအခ်က္အလက္ သိနားလည္မႈဆုိင္ရာ အသိပညာေတြကို ဒီ page ကေန ျဖန္႔ေဝေပးေနတာျဖစ္လို႔ လူမႈမီဒီယာကို ခ်င့္ခ်င့္ခ်ိန္ခ်ိန္နဲ႔ စိစစ္စဥ္းစားၿပီး အက်ိဳးအျပစ္ခ်ိန္ဆသံုးစြဲတတ္ေအာင္ ဗဟုသုတေတြ ေလ့လာႏိုင္မွာ ျဖစ္ပါတယ္။

www.facebook.com/lannpya.myjustice/

Lann Pya ဟာ သင့္ရဲ႕အခြင့္အေရးေတြနဲ႔ ပတ္သက္လုိ႔ messenger ကေန အလြယ္တကူ ေလ့လာႏိုင္ဖုိ႔အတြက္ သိထားသင့္တဲ့ page တစ္ခု ျဖစ္ပါတယ္။ သင့္ရဲ႕လယ္ယာေျမကို ဘယ္လုိမွတ္ပံုတင္ရမလဲ၊ သင့္ရဲ႕ေျမအသိမ္းခံလုိက္ရရင္ ဘာဆက္လုပ္ရမလဲ၊ အမႈအခင္းေတြကိုေရာ ဘယ္လိုတိုင္ၾကားရမလဲ၊ ေရွ႕ေနတစ္ေယာက္ဆီကေန ဘာေတြကို ေမွ်ာ္လင့္ႏိုင္သလဲ ဒါမွမဟုတ္ တရားမွ်တမႈနဲ႔ဆိုင္တဲ့ အေၾကာင္းအရာေတြကို စိတ္ဝင္စားတယ္ဆိုရင္ ဒီ page ရဲ႕ Message ခလုတ္ကို ႏွိပ္လုိက္႐ံုနဲ႔ ေလ့လာႏိုင္မွာ ျဖစ္ပါတယ္။

www.facebook.com/TalkingAboutSomething/

Talking About Something – TAS ဟာ ဘဝမွာ ေအာင္ျမင္ဖုိ႔ ႀကိဳးစားေနသူတိုင္းအတြက္ motivation ျဖစ္ေစတဲ့ ဗီဒီယိုေလးေတြကို တင္ေပးေနတဲ့ page တစ္ခု ျဖစ္ပါတယ္။ ေဖ့စ္ဘြတ္အသံုးျပဳသူေတြရဲ႕ စိတ္ထဲမွာ တစ္ခုခုမွတ္သားစရာရသြားေစမယ့္ စိတ္ဓာတ္လံႈ႔ေဆာ္ေပးတဲ့ စိတ္ဓာတ္ျမႇင့္တင္ေရးဆိုင္ရာ ဗီဒီယုိေတြကို ဘာသာျပန္ၿပီး တင္ေပးေနတာ ျဖစ္ပါတယ္။ ဗီဒီယိုေတြကလည္း အရွည္ႀကီးမဟုတ္ဘဲ 2 မိနစ္ 3 မိနစ္စာေလာက္ပဲရွိတဲ့အတြက္ ၾကည့္႐ႈရတာ ပ်င္းရိမသြားေစဘဲ တိုတိုနဲ႔ ထိေရာက္မႈရွိတဲ့ ဗီဒီယိုေလးေတြ ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)