Tools & AmazFit ဟာ AmazFitBip ၊ AmazFit Arc နဲ့ AmazFitCor ၊ Band Mi Dong တို့လို စမတ်လက် ပတ်တွေ၊ စမတ်နာရီတွေ အသုံးပြုလေ့ရှိသူတွေအတွက် အလွန်အသုံးဝင်တဲ့ Android app တစ်ခုပါ။ အသုံးပြု ရလွယ်ကူတဲ့ feature တွေအများကြီးရှိပြီး၊ နာမည်ကြီးစမတ်နာရီတွေနဲ့ တွဲသုံးနိုင်သလို၊ Android version အားလုံးမှာ ကောင်းကောင်းအလုပ်လုပ်ပါတယ်။ အဝင် call တွေနဲ့ application အတွက် notification တွေကို set up လုပ်ထားနိုင်ပြီး၊ notification တွေကို ကိုယ်ပိုင်ပုံစံရအောင် စိတ်ကြိုက် customize လုပ်နိုင်ပါတယ်။ ပင်ပန်းတဲ့နေ့တွေမှာ ဦးနှောက်လန်းဆန်းပြီး အားရှိသွားအောင် တရေးတမောအိပ်မယ်ဆိုရင်တော့ Power Nap feature ကို ဖွင့်ထားကာခေတ္တတိတ်ဆိတ်စေနိုင်မှာပါ။ လွတ်သွားတဲ့ notification တွေမရှိရအောင်လည်း သင့်ကို alert လုပ်ပေးပါတယ်။ တုန်ခါမှုနဲ့သင့်ကိုနှိုးပေးနိုင်မှာလည်းဖြစ်သလို၊ တက်ကြွ မှုမရှိတဲ့အခါမျိုးမှာ ပြန်လည်တက်ကြွမှုရှိလာအောင်လို့လည်း တဝီဝီသံနဲ့ alert လုပ်ခိုင်းနိုင်ပါတယ်။ အလုပ်များတဲ့သူတွေအတွက် အချိန်ကိုထိရောက်စွာစီမံနိုင်စေမှာဖြစ်ပြီး၊ နေ့စဉ်ဆေးသောက်နေရသူတွေ၊ ကာယလေ့ကျင့်ခန်းလုပ်သူတွေ အတွက် အချိန်မလွဲသွားရအောင် reminder လုပ်ထားနိုင်မှာပါ။ Android 4.3 နဲ့အထက်မှာ အသုံးပြုနိုင်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Tools & AmazFit

