ဒီတစ်ပတ်မှာ ထွက်ရှိလာတာကတော့ နာမည်ကျော်ဆိုရှယ်ဂိမ်းစီးရီး The Sims 4 အတွက် Expansion Pack ဖြစ်တဲ့ Discover University ပါ။ ဘဝတစ်ခုကို ကိုယ်ကြိုက်တဲ့ပုံစံမျိုးနဲ့ ဖန်တီးကိုင်တွယ်ကစားနိုင်တဲ့ The Sims 4 ကို 2014 ကတည်းက ပွဲထုတ်ပေးထားခဲ့တာဖြစ်ပြီး အခု Discover University ကတော့ 8 ခွေမြောက် Expansion ဖြစ်ပါတယ်။ Developer ကတော့ ထုံးစံအတိုင်း The Sims Studio အုပ်စုဖြစ်ပြီး Publisher(s) ကလည်း ယခင်မူပိုင် နာမည်ကျော် Electronic Arts ပါ။
ဒီခွေလေးမှာတော့ မိမိတို့ရဲ့ Sim တွေကို တက္ကသိုလ်ကျောင်းသားကျောင်းသူတွေအဖြစ် ဖန်တီးခွင့်ရရှိမှာဖြစ်ပြီး ၎င်းတို့ရဲ့ Life Style တွေကို ပြင်ပက တကယ့်လူနေမှုဘဝပုံစံမျိုးတွေ ကစားရမှာ ဖြစ်ပါတယ်။ ယခင်ထွက်ခဲ့သမျှထဲက The Sims 2: University, The Sims 3: University Life, The Sims 2: Open for Business, The Sims 2: Apartment Life, The Sims 3: Ambitions, The Sims 3: Into the Future တို့ရဲ့ Themes တွေ၊ Elements တွေကို ဒီဂိမ်းလေးမှာ ပြန်လည်မြင်တွေ့ရမှာဖြစ်ပြီး သမိုင်းဝင်တက္ကသိုလ် University of Britechester ရဲ့ ကျောင်းသားတစ်ဦးအဖြစ် စတင်ရမှာပါ။
Campus ကို University of Britechester  နဲ့ Foxbury Institute ဆိုပြီး Arts ပိုင်းနဲ့ Science ပိုင်း ဝိဇ္ဇာ/သိပ္ပံတွေနဲ့ သက်မွေးပိုင်း 2 ပိုင်း ခွဲပေးထားတာ တွေ့ရပါမယ်။ ကျောင်းသားတွေရဲ့ ဘဝပုံစံတွေဖြစ်တဲ့ စာသင်ရတာတွေ၊ Study လုပ်ရတာတွေ၊ ကြိုဆိုပွဲ၊ နှုတ်ဆက်ပွဲတွေ၊ အားကစားပွဲတွေ၊ ရာသီအလိုက်ပွဲတော်တွေ၊ စာမေးပွဲတွေ၊ စာတမ်းဖတ်ပွဲတွေ၊ စကားရည်လုပွဲတွေ၊ သိပ္ပံပြပွဲပြိုင်ပွဲတွေ အစရှိတဲ့ Gameplay တွေအားလုံး ဆော့ကစားရမှာ ဖြစ်ပါတယ်။
ယခင် Features တွေအပြင် Object သစ်တွေအနေနဲ့ တစ်ဦးချင်းရေချိုးခန်းတွေ၊ ဘုံရေချိုးကန်၊ မီနီရေခဲသေတ္တာ၊ အအေးပုံး၊ ကော်ဖီဆိုင်၊ တင်းနစ်စားပွဲ၊ ဘောလုံး အစရှိတာတွေ ပါ၀င်လာမှာဖြစ်သလို New Careers တွေအဖြစ် Education, Engineer, E-Sports Competitor, Law, Soccer Team Player ဆိုပြီး ထည့်သွင်းပေးထားမှာပါ။
Features သစ်တွေအနေနဲ့ကတော့ Facial piercings, Minimalistic tattoos, Repo-menu, Roommates, Scholarships, Secret society, Shower WooHoo, Skill classes, Student loans, Student organizations စတာတွေ ပါ၀င်မှာဖြစ်ပြီး နောက်ခံ Music ပိုင်းအနေနဲ့ Faboo Lorb – butter, Onset – Haiku Hands feat. Mad Zach, Dollar – Electric Guest, Charlie – Mallrat, Millie Turner – Ride This Train စတဲ့ မြူးကြွတဲ့ သံစဉ်တွေနဲ့ သွက်သွက်လက်လက် ဆော့ကစားခွင့်ရမှာ ဖြစ်ပါတယ်။
ဒီဂိမ်းလေးကို ကစားမယ်ဆိုရင်တော့ OS : Windows 7 (SP1), Windows 8, Windows 8.1, or Windows 10 64 bit, CPU : 1.8 GHz Intel Core 2 Duo, AMD Athlon 64 Dual-Core 4000+ or equivalent, RAM : 4 GB, HDD : 15 GB, VIDEO : 128 MB of NVIDIA GeForce 6600, ATI Radeon X1300, Intel GMA X4500 အနည်းဆုံး လိုအပ်မှာပါ။ ၀ယ်ယူမယ်ဆိုရင်တော့ အမြို့မြို့အနယ်နယ်တိုင်းက Excellent Softwares & Games ဆိုင်တိုင်းမှာ The Sims 4 : Discover University အခွေလေးကို ရရှိနိုင်ပြီဖြစ်တဲ့အကြောင်း သတင်းကောင်းလေး ပေးလိုက်ရပါတယ်။
စာရေးသူ : GT (Excellent)

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

The Sims 4 : Discover University (PC)

ဒီတစ္ပတ္မွာ ထြက္ရွိလာတာကေတာ့ နာမည္ေက်ာ္ဆိုရွယ္ဂိမ္းစီးရီး The Sims 4 အတြက္ Expansion Pack ျဖစ္တဲ့ Discover University ပါ။ ဘ၀တစ္ခုကို ကိုယ္ႀကိဳက္တဲ့ပံုစံမ်ိဳးနဲ႔ ဖန္တီးကိုင္တြယ္ကစားႏိုင္တဲ့ The Sims 4 ကို 2014 ကတည္းက ပြဲထုတ္ေပးထားခဲ့တာျဖစ္ၿပီး အခု Discover University ကေတာ့ 8 ေခြေျမာက္ Expansion ျဖစ္ပါတယ္။ Developer ကေတာ့ ထံုးစံအတိုင္း The Sims Studio အုပ္စုျဖစ္ၿပီး Publisher(s) ကလည္း ယခင္မူပိုင္ နာမည္ေက်ာ္ Electronic Arts ပါ။
ဒီေခြေလးမွာေတာ့ မိမိတို႔ရဲ႕ Sim ေတြကို တကၠသိုလ္ေက်ာင္းသားေက်ာင္းသူေတြအျဖစ္ ဖန္တီးခြင့္ရရွိမွာျဖစ္ၿပီး ၎တို႔ရဲ႕ Life Style ေတြကို ျပင္ပက တကယ့္လူေနမႈဘ၀ပံုစံမ်ိဳးေတြ ကစားရမွာ ျဖစ္ပါတယ္။ ယခင္ထြက္ခဲ့သမွ်ထဲက The Sims 2: University, The Sims 3: University Life, The Sims 2: Open for Business, The Sims 2: Apartment Life, The Sims 3: Ambitions, The Sims 3: Into the Future တို႔ရဲ႕ Themes ေတြ၊ Elements ေတြကို ဒီဂိမ္းေလးမွာ ျပန္လည္ျမင္ေတြ႕ရမွာျဖစ္ၿပီး သမိုင္း၀င္တကၠသိုလ္ University of Britechester ရဲ႕ ေက်ာင္းသားတစ္ဦးအျဖစ္ စတင္ရမွာပါ။
Campus ကို University of Britechester  နဲ႔ Foxbury Institute ဆိုၿပီး Arts ပိုင္းနဲ႔ Science ပိုင္း ဝိဇၨာ/သိပၸံေတြနဲ႔ သက္ေမြးပိုင္း 2 ပိုင္း ခြဲေပးထားတာ ေတြ႕ရပါမယ္။ ေက်ာင္းသားေတြရဲ႕ ဘ၀ပံုစံေတြျဖစ္တဲ့ စာသင္ရတာေတြ၊ Study လုပ္ရတာေတြ၊ ႀကိဳဆိုပြဲ၊ ႏႈတ္ဆက္ပြဲေတြ၊ အားကစားပြဲေတြ၊ ရာသီအလိုက္ပြဲေတာ္ေတြ၊ စာေမးပြဲေတြ၊ စာတမ္းဖတ္ပြဲေတြ၊ စကားရည္လုပြဲေတြ၊ သိပၸံျပပြဲၿပိဳင္ပြဲေတြ အစရွိတဲ့ Gameplay ေတြအားလံုး ေဆာ့ကစားရမွာ ျဖစ္ပါတယ္။
ယခင္ Features ေတြအျပင္ Object သစ္ေတြအေနနဲ႔ တစ္ဦးခ်င္းေရခ်ိဳးခန္းေတြ၊ ဘံုေရခ်ိဳးကန္၊ မီနီေရခဲေသတၱာ၊ အေအးပံုး၊ ေကာ္ဖီဆိုင္၊ တင္းနစ္စားပြဲ၊ ေဘာလံုး အစရွိတာေတြ ပါ၀င္လာမွာျဖစ္သလို New Careers ေတြအျဖစ္ Education, Engineer, E-Sports Competitor, Law, Soccer Team Player ဆိုၿပီး ထည့္သြင္းေပးထားမွာပါ။
Features သစ္ေတြအေနနဲ႔ကေတာ့ Facial piercings, Minimalistic tattoos, Repo-menu, Roommates, Scholarships, Secret society, Shower WooHoo, Skill classes, Student loans, Student organizations စတာေတြ ပါ၀င္မွာျဖစ္ၿပီး ေနာက္ခံ Music ပိုင္းအေနနဲ႔ Faboo Lorb – butter, Onset – Haiku Hands feat. Mad Zach, Dollar – Electric Guest, Charlie – Mallrat, Millie Turner – Ride This Train စတဲ့ ျမဴးႂကြတဲ့ သံစဥ္ေတြနဲ႔ သြက္သြက္လက္လက္ ေဆာ့ကစားခြင့္ရမွာ ျဖစ္ပါတယ္။
ဒီဂိမ္းေလးကို ကစားမယ္ဆိုရင္ေတာ့ OS : Windows 7 (SP1), Windows 8, Windows 8.1, or Windows 10 64 bit, CPU : 1.8 GHz Intel Core 2 Duo, AMD Athlon 64 Dual-Core 4000+ or equivalent, RAM : 4 GB, HDD : 15 GB, VIDEO : 128 MB of NVIDIA GeForce 6600, ATI Radeon X1300, Intel GMA X4500 အနည္းဆံုး လိုအပ္မွာပါ။ ၀ယ္ယူမယ္ဆိုရင္ေတာ့ အၿမိဳ႕ၿမိဳ႕အနယ္နယ္တိုင္းက Excellent Softwares & Games ဆိုင္တိုင္းမွာ The Sims 4 : Discover University အေခြေလးကို ရရွိႏိုင္ၿပီျဖစ္တဲ့အေၾကာင္း သတင္းေကာင္းေလး ေပးလိုက္ရပါတယ္။
စာေရးသူ : GT (Excellent)

NetGuide Journal (Every Wednesday)