စမတ်ဖုန်းဆိုတာ မီးလောင်ပေါက်ကွဲနိုင်တဲ့ ပစ္စည်းတစ်ခုပါ။ 2016 ခုနှစ်တုန်းက Samsung Galaxy Note7 စမတ်ဖုန်းတွေ တစ်ကမ္ဘာလုံးမှာ ပေါက်ကွဲမှုဖြစ်ပြီး ပြန်သိမ်းခဲ့ရတာ ပရိသတ်အားလုံးလည်း အမှတ်ရကြဦးမှာ ဖြစ်ပါတယ်။ Samsung Galaxy Note7 နဲ့ စမတ်ဖုန်းတွေဟာ ဘက်ထရီကြောင့် ပေါက်ကွဲခဲ့ကြတာလည်း ဖြစ်ပါတယ်။

ယခု Redmi Note 7s ပေါက်ကွဲမှု ဖြစ်လာပါတယ်။ Redmi Note 7s က အိန္ဒိယဈေးကွက်တစ်ခုတည်းမှာဘဲ ရောင်းချတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ Redmi Note 7s က Redmi Note 7 နဲ့ ကင်မရာပိုင်းမှာသာ ကွဲပြားပြီး ကျန်တဲ့အချက်တွေမှာ အားလုံးအတူတူဖြစ်တဲ့စမတ်ဖုန်း ဖြစ်ပါတယ်။

ယခုပေါက်ကွဲမှုဖြစ်ခဲ့တဲ့ Redmi Note 7s ကို အသုံးပြုခဲ့တဲ့ ချာဗန်က ယင်းစမတ်ဖုန်းကို အောက်တိုဘာလ 1 ရက်နေ့တုန်းက Flipkart မှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ နိုဝင်ဘာလ 2 ရက်နေ့တုန်းက စားပွဲပေါ်တွင် တင်ထားစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ ဖုန်းဟာ ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ အားသွင်းခြင်းမရှိပါဘူး။

သူဟာ Redmi Note 7s ကို Xiaomi Service Center မှ တာဝန်ရှိသူများကို ပြောကြားမှုပြုလုပ်ခဲ့ပေမယ့် ဖုန်းသစ် ပြန်မရပါဘူး။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Redmi Note 7s မီးေလာင္ေပါက္ကြဲမွု ျဖစ္ပြား

စမတ္ဖုန္းဆိုတာ မီးေလာင္ေပါက္ကြဲနိုင္တဲ့ ပစၥည္းတစ္ခုပါ။ 2016 ခုႏွစ္တုန္းက Samsung Galaxy Note7 စမတ္ဖုန္းေတြ တစ္ကမၻာလုံးမွာ ေပါက္ကြဲမွုျဖစ္ၿပီး ျပန္သိမ္းခဲ့ရတာ ပရိသတ္အားလုံးလည္း အမွတ္ရၾကဦးမွာ ျဖစ္ပါတယ္။ Samsung Galaxy Note7 နဲ႔ စမတ္ဖုန္းေတြဟာ ဘက္ထရီေၾကာင့္ ေပါက္ကြဲခဲ့ၾကတာလည္း ျဖစ္ပါတယ္။

ယခု Redmi Note 7s ေပါက္ကြဲမွု ျဖစ္လာပါတယ္။ Redmi Note 7s က အိႏၵိယေဈးကြက္တစ္ခုတည္းမွာဘဲ ေရာင္းခ်တဲ့ စမတ္ဖုန္း ျဖစ္ပါတယ္။ Redmi Note 7s က Redmi Note 7 နဲ႔ ကင္မရာပိုင္းမွာသာ ကြဲျပားၿပီး က်န္တဲ့အခ်က္ေတြမွာ အားလုံးအတူတူျဖစ္တဲ့စမတ္ဖုန္း ျဖစ္ပါတယ္။

ယခုေပါက္ကြဲမွုျဖစ္ခဲ့တဲ့ Redmi Note 7s ကို အသုံးျပဳခဲ့တဲ့ ခ်ာဗန္က ယင္းစမတ္ဖုန္းကို ေအာက္တိုဘာလ 1 ရက္ေန႔တုန္းက Flipkart မွ ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း၊ နိုဝင္ဘာလ 2 ရက္ေန႔တုန္းက စားပြဲေပၚတြင္ တင္ထားစဥ္ ေပါက္ကြဲမွုျဖစ္ပြားခဲ့ပါတယ္။ ဖုန္းဟာ ေပါက္ကြဲမွုျဖစ္ပြားခ်ိန္မွာ အားသြင္းျခင္းမရွိပါဘူး။

သူဟာ Redmi Note 7s ကို Xiaomi Service Center မွ တာဝန္ရွိသူမ်ားကို ေျပာၾကားမွုျပဳလုပ္ခဲ့ေပမယ့္ ဖုန္းသစ္ ျပန္မရပါဘူး။

NetGuide Journal (Every Wednesday)