MSI ရဲ့ Entry – Level Gaming Sereis ဖြစ်တဲ့ GF Series ဟာ အလေးချိန် 2.1cm ပဲရှိတဲ့ အထူတွေကြောင့် သယ်ရ ပြုရ လွယ်ကူစေမှာပါ။ CPU မှာ 9th generation Intel Core i5/i7 Processor  နှစ်မျိုးနဲ့ ရရှိနိုင်ပြီးတော့ H-Series Processor တွေဖြစ်တဲ့အတွက် Video Rendering တို့လို၊ 3D modeling တို့လို Software တွေ သုံးတဲ့အခါမှာလည်း အဆင်ပြေစေမှာပါ။ GPU မှာတော့ Nvidia ရဲ့ GTX 1650 ထည့်ထားပြီး 8GB DDR4 RAM ကို 64GB အထိ တိုးလို့ရမှာပါ။ Display ကိုတော့ FullHD IPS-Panel ကို သုံးပေးထားပါတယ်။ Entry-Level GPU တွေဖြစ်တဲ့ GTX1050Ti / GTX 1650 တို့ကနေ ထွက်လာတဲ့ FPS အတွက် မလိုအပ်တဲ့ 120Hz Panel ကို မသုံးပေးဘဲနဲ့ လိုက်ဖက်ညီတဲ့ 60Hz Panel ကိုပဲ သုံးထားပေးပါတယ်။ ဘေးဘောင်လေးတွေကတော့ ပါးပါးလေးတွေဖြစ်တဲ့အတွက် 15.6 လက်မရှိတဲ့ ဒီ GF63 ဟာ ပုံမှန် 14 လက်မ Laptop လို့တောင် ထင်ရနိုင်ပါတယ်။ Software တွေ ဖွင့်တဲ့အခါ Windows တက်တဲ့အခါ ပိုမြန်စေဖို့အတွက်လည်း 128GB SSD ပါတဲ့အပြင် Game Data တွေ၊ အလုပ် Data တွေ သိမ်းဖို့အတွက်လည်း 1TB 7200rpm Hard Drive ပါ၀င်ပါတယ်။ ညဘက်စာရိုက်ရတဲ့အခါ အဆင်ပြေဖို့ အပြင်မှာ အလုပ်လုပ်ရတဲ့အခါ Cool ဖြစ်တဲ့ ခံစားချက်ကို ရဖို့အတွက် Red Backlit Keyboard ကို သုံးပေးထားပါတယ်။ Ports တွေ အနေနဲ့ကတော့ USB Type-A 3.2 Gen1 3 ပေါက် ၊ USB Type-C 3.2 Gen1 1 ပေါက် ပါသလို 4K 30Hz ထုတ်ပေးနိုင်တဲ့ HDMI ပေါက်၊ Ethernet Jack နဲ့ High resolution audio ကို Support ပေးနိုင်တဲ့ 3.5 mm jack ပေါက်တို့ ပါ၀င်ပါတယ်။
Price : Core i7  – USD 1149 / Core i5 – USD 1029
Ph : 09-443020981

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

MSI GF63 9SC – Best Laptop for School & Game

Ph : 09-443020981
