Huawei ဟာ MatePad Pro ၊ Sound X တို့နဲ့အတူ လက်တော့ပ်သစ်များကို ကြေညာလာပါတယ်။ Huawei MateBook D စီးရီးကို ကြေညာလာပါတယ်။ Huawei MateBook D 15 နဲ့ MateBook D 14 တို့ ဖြစ်ပါတယ်။

Huawei MateBook D 15 က အမည်မှာ ဆိုထားသလို 15.6 လက်မ IPS Full HD ရုပ်ထွက်သုံးထားကာ 1920x1080px Resolution သုံးထားပါတယ်။ Screen-to Body Ratio 87 ရာခိုင်နှုန်းအထိ ရှိပြီး 16:9 Aspect Ratio သုံးထားပါတယ်။ 178 ဒီဂရီမြင်ကွင်းကျယ်ပါဝင်ပါတယ်။

Intel 10th Gen Core i7 Processor နှင့်အထိုင်ချထားပြီး NVIDIA GeForce MX250 GPU Processor ပါဝင်ပါတယ်။ RAM16GB ၊ 512GB SSD Storageနှင့် 1TB HDD ပါဝင်ပါတယ်။

Shark Fin 2.0 Silent Fan ပါဝင်ကာ အသံတိတ်ဆိတ်စွာဖြင့် Processor အပူကို လျှော့ချပေးပါမယ်။ USB 2.0 ပေါက်တစ်ခု၊ USB 3.0 ပေါက်တစ်ခု၊ နားကြပ်ပေါက်၊ HMD1 ပေါက်တစ်ခု၊ USB 3.0 နှင့် USB Type C ပေါက်တို့ ပါဝင်ပါတယ်။

ဒီလက်တော့ပ်ရဲ့ အထူက 16.9 မီလီမီတာရှိပြီး 1.9 ကီလိုဂရမ်ဘဲလေးပါတယ်။ 65W USB Type C Power Adaptor လည်း ပါဝင်ပါတယ်။ ယင်းရဲ့အလေးချိန်က 160 ဂရမ်ရှိပါတယ်။

Huawei MateBook D 14 က မျက်နှာပြင် 14 လက်မ FullHD ရုပ်ထွက်သုံးထားပါတယ်။ ကျန်တဲ့အချက်တွေ မှာတော့ D 15 နဲ့အတူတူ ဖြစ်ပါတယ်။

14 လက်မ မော်ဒယ်က 15.9 မီလီမီတာဘဲရှိကာ Apple MacBook Air နဲ့အထူ အတူတူဖြစ်ပါတယ်။ အလေး ချိန်ကလည်း 1.38 ကီလိုဂရမ်ဘဲ ရှိပါတယ်။

မော်ဒယ်နှစ်မျိုးလုံးမှာ One-Touch Power Button ပါဝင်သလို ယင်းမှာဘဲ လက်ဗွေရာစနစ်ကို ထည့်သွင်းထား ပါတယ်။

ဒါ့အပြင် Huawei ဟာ MateBook D Ryzen ဗားရှင်းကိုလည်း ကြေညာထားပါတယ်။ GPU ကို 30 ရာခိုင်နှုန်းအ ထိ မြှင့်လို့ရပါတယ်။ AMD R5 3500 U Chipset သုံးထားပြီး 16GB RAM ဗားရှင်းအထိ ရွေးနိုင်ပါတယ်။

ဗားရှင်းသုံးမျိုးလုံးမှာ Microsoft Windows 10 ပါဝင်ပါတယ်။

Huawei က ရုံးအလုပ်လုပ်မှုကို 13 နာရီအထိလည်းကောင်း၊ ရုပ်ရှင်ကြည့်မှုကို 13.2 နာရီနှင့် အင်တာနက်သုံးမှုကို 12 နာရီအထိပြုလုပ်နိုင်တဲ့ဘက်ထရီပါဝင်ကြောင်း ဆိုထားပါတယ်။ အနက်ရောင်၊ ခဲရောင်တို့နဲ့ ရွေးချယ်နိုင်ပါ မယ်။

ဈေးနှုန်းနှင့် ရောင်းချမယ့်ကာလ

Huawei MateBook D 15

  • I5/MX250/8GB/256GB SSD+1TB HDD – ဒေါ်လာ 753
  • I5/MX250/16GB/256GB SSD+1TB HDD- ဒေါ်လာ 795
  • I7/MX250/16GB/256GB SSD+1TB HDD – ဒေါ်လာ 937
  • Ryzen – R5/8GB/256GB SSD+1TB HDD -ဒေါ်လာ 568
  • Ryzen – R5/8GB/256GB SSD+1TB HHD – ဒေါ်လာ 611

Huawei MateBook D 14

  • I5/MX250/8GB/256GB SSD+1TB HDD – ဒေါ်လာ 738
  • I5/MX250/16GB/256GB SSD+1TB HDD -ဒေါ်လာ 781
  • I7/MX250/8GB/256GB SSD+1TB HDD – ဒေါ်လာ 923
  • Ryzen – R5/8GB/256GB SSD+1TB HDD -ဒေါ်လာ 568
  • Ryzen – R5/8GB/256GB SSD+1TB HHD – ဒေါ်လာ 710

လက်ရှိအချိန်မှာ အထက်ပါ လက်တော့ပ်များကို ကြိုတင်အမှာ လက်ခံနေပြီဖြစ်ပြီး လာမယ့် ဒီဇင်ဘာလ 3 ရက် နေ့မှာ စတင်ရောင်းချသွားပါမယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Huawei MateBook D 15 ႏွင့္ MateBook D 14 လက္ေတာ့ပ္သစ္မ်ားကို ေၾကညာ

Huawei ဟာ MatePad Pro ၊ Sound X တို႔နဲ႔အတူ လက္ေတာ့ပ္သစ္မ်ားကို ေၾကညာလာပါတယ္။ Huawei MateBook D စီးရီးကို ေၾကညာလာပါတယ္။ Huawei MateBook D 15 နဲ႔ MateBook D 14 တို႔ ျဖစ္ပါတယ္။
Huawei MateBook D 15 က အမည္မွာ ဆိုထားသလို 15.6 လက္မ IPS Full HD ႐ုပ္ထြက္သုံးထားကာ 1920x1080px Resolution သုံးထားပါတယ္။ Screen-to Body Ratio 87 ရာခိုင္ႏႈန္းအထိ ရွိၿပီး 16:9 Aspect Ratio သုံးထားပါတယ္။ 178 ဒီဂရီျမင္ကြင္းက်ယ္ပါဝင္ပါတယ္။
Intel 10th Gen Core i7 Processor ႏွင့္အထိုင္ခ်ထားၿပီး NVIDIA GeForce MX250 GPU Processor ပါဝင္ပါတယ္။ RAM16GB ၊ 512GB SSD Storageႏွင့္ 1TB HDD ပါဝင္ပါတယ္။
Shark Fin 2.0 Silent Fan ပါဝင္ကာ အသံတိတ္ဆိတ္စြာျဖင့္ Processor အပူကို ေလွ်ာ့ခ်ေပးပါမယ္။ USB 2.0 ေပါက္တစ္ခု၊ USB 3.0 ေပါက္တစ္ခု၊ နားၾကပ္ေပါက္၊ HMD1 ေပါက္တစ္ခု၊ USB 3.0 ႏွင့္ USB Type C ေပါက္တို႔ ပါဝင္ပါတယ္။
ဒီလက္ေတာ့ပ္ရဲ႕ အထူက 16.9 မီလီမီတာရွိၿပီး 1.9 ကီလိုဂရမ္ဘဲေလးပါတယ္။ 65W USB Type C Power Adaptor လည္း ပါဝင္ပါတယ္။ ယင္းရဲ႕အေလးခ်ိန္က 160 ဂရမ္ရွိပါတယ္။
Huawei MateBook D 14 က မ်က္ႏွာျပင္ 14 လက္မ FullHD ႐ုပ္ထြက္သုံးထားပါတယ္။ က်န္တဲ့အခ်က္ေတြ မွာေတာ့ D 15 နဲ႔အတူတူ ျဖစ္ပါတယ္။
14 လက္မ ေမာ္ဒယ္က 15.9 မီလီမီတာဘဲရွိကာ Apple MacBook Air နဲ႔အထူ အတူတူျဖစ္ပါတယ္။ အေလး ခ်ိန္ကလည္း 1.38 ကီလိုဂရမ္ဘဲ ရွိပါတယ္။
ေမာ္ဒယ္ႏွစ္မ်ိဳးလုံးမွာ One-Touch Power Button ပါဝင္သလို ယင္းမွာဘဲ လက္ေဗြရာစနစ္ကို ထည့္သြင္းထား ပါတယ္။
ဒါ့အျပင္ Huawei ဟာ MateBook D Ryzen ဗားရွင္းကိုလည္း ေၾကညာထားပါတယ္။ GPU ကို 30 ရာခိုင္ႏႈန္းအ ထိ ျမႇင့္လို႔ရပါတယ္။ AMD R5 3500 U Chipset သုံးထားၿပီး 16GB RAM ဗားရွင္းအထိ ေ႐ြးႏိုင္ပါတယ္။
ဗားရွင္းသုံးမ်ိဳးလုံးမွာ Microsoft Windows 10 ပါဝင္ပါတယ္။
Huawei က ႐ုံးအလုပ္လုပ္မႈကို 13 နာရီအထိလည္းေကာင္း၊ ႐ုပ္ရွင္ၾကည့္မႈကို 13.2 နာရီႏွင့္ အင္တာနက္သုံးမႈကို 12 နာရီအထိျပဳလုပ္ႏိုင္တဲ့ဘက္ထရီပါဝင္ေၾကာင္း ဆိုထားပါတယ္။ အနက္ေရာင္၊ ခဲေရာင္တို႔နဲ႔ ေ႐ြးခ်ယ္ႏိုင္ပါမယ္။
ေဈးႏႈန္းႏွင့္ ေရာင္းခ်မယ့္ကာလ
Huawei MateBook D 15
– I5/MX250/8GB/256GB SSD+1TB HDD –  ေဒၚလာ 753
– I5/MX250/16GB/256GB SSD+1TB HDD- ေဒၚလာ 795
– I7/MX250/16GB/256GB SSD+1TB HDD – ေဒၚလာ 937
– Ryzen – R5/8GB/256GB SSD+1TB HDD -ေဒၚလာ 568
– Ryzen – R5/8GB/256GB SSD+1TB HHD – ေဒၚလာ 611
Huawei MateBook D 14
– I5/MX250/8GB/256GB SSD+1TB HDD – ေဒၚလာ 738
– I5/MX250/16GB/256GB SSD+1TB HDD -ေဒၚလာ 781
– I7/MX250/8GB/256GB SSD+1TB HDD – ေဒၚလာ 923
– Ryzen – R5/8GB/256GB SSD+1TB HDD -ေဒၚလာ 568
– Ryzen – R5/8GB/256GB SSD+1TB HHD – ေဒၚလာ 710
လက္ရွိအခ်ိန္မွာ အထက္ပါ လက္ေတာ့ပ္မ်ားကို ႀကိဳတင္အမွာ လက္ခံေနၿပီျဖစ္ၿပီး လာမယ့္ ဒီဇင္ဘာလ 3 ရက္ ေန႔မွာ စတင္ေရာင္းခ်သြားပါမယ္။
NetGuide Journal (Every Wednesday)