Crayon Icon Pack ကို သင့်ရဲ့ mobile screen ကို သူများနဲ့မတူ တမူထူးခြားတဲ့အမြင် ပြောင်းသွားအောင် လုပ်ဖို့အတွက်အသုံးပြုနိုင်ပါတယ်။ Cartoon theme တွေနဲ့ လှပတဲ့အရောင်နု၊ အရောင်ဖျော့တွေပါဝင်တဲ့ အ ထူးသီးသန့်ရောင်စုံ icon တွေနဲ့ screen ကို အလှဆင်နိုင်မှာပါ။ ပြီးပြည့်စုံပြီး ထူးခြားတဲ့ အတွေ့အကြုံကို ရဖို့အတွက် Icon တစ်ခုစီကို သီးသန့်ဒီဇိုင်းထုတ်ထားပါတယ်။လုံးဝပြောင်မြောက်တဲ့ Icon ပေါင်း 4490 ကျော်ပါဝင်တဲ့အပြင် အရည်အသွေးမြင့် wallpaper မြောက်များစွာကို ပါအသုံးပြုနိုင်တာကြောင့် ရောင်စုံ icon လေးတွေနဲ့ ဝေဆာလှပနေတဲ့ screen ကို ရရှိမှာဖြစ်ပါတယ်။ ဈေးကွက်ထဲရရှိနိုင်သမျှ အကောင်းဆုံး အရောင်နုနု icon pack ပါ။ Icon အရွယ်အစားကိုလည်း ကိုယ့်စိတ်ကြိုက်ပြောင်းနိုင်တဲ့အတွက် icon အရွယ် အစားသေးတာကိုကြိုက်သူတွေအတွက် 85% ထားနိုင်သလို၊ အရွယ်အစားကြီးကြီးထားချင်သူတွေ အတွက် တော့ 100% ကနေ 120% ကြားရွေးပေးနိုင်ပါတယ်။ အမြင်ရိုးနေပြီဖြစ်တဲ့ သမရိုးကျကနေခွဲထွက်ပြီး ကာတွန်း ဆန်ဆန် icon လေးတွေပြောင်းသုံးရအောင် ဒီ app ကို install လုပ်ထားပါ။ အသုံးပြုဖို့အတွက် Android 4.1 နဲ့အထက် လိုအပ်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Crayon Icon Pack

