မေး – အစ်ကိုရေ ကျွန်တော့် iPad ကနေ Password ကိုဖွင့်ရာမှာ အကြိမ်ရေကျော်သွားတာ အဲ့ဒါ iPad is Disable ဆိုပြီး ပေါ်နေလို့ပါခင်ဗျာ။ ဘယ်လိုလုပ်ရမလဲအစ်ကိုရေ။
ဖြေ – iPad (or) iPhone တွေ Passcode မှားတာ အကြိမ်ရေများသွားရင် Disable ဖြစ်ပါမယ်။ ဒါဆိုရင် Software အသစ်ပြန်ရေးခြင်းဖြင့် ပြုပြင်နိုင်ပါတယ်။ Software ပြန်ရေးမယ်ဆိုရင် အထဲမှာ iCloud (Apple ID) ရှိနေရင် အဲ့အကောင့်နဲ့ Password သိမှသာအဆင်ပြေပါမယ်။ မသိခဲ့ရင်တော့ iCloud ကျပြီး ဘာမှသုံးမရ ဖြစ်တတ်တာကြောင့် iOS User တွေဟာ မိမိ Apple ID ကို မမေ့ဖို့နဲ့ သိမ်းဆည်းထားဖို့ အထူးလိုအပ်ပါတယ်။ အထက်ပါပြုပြင်ခြင်းများအားနားမလည်ပါက နီးစပ်ရာ Service ဆိုင်မှာ ပြုပြင်လို့ရပါတယ်ခင်ဗျာ။
မေး – Play Store ဝင်တဲ့အခါမှာ Auto Updates တက်နေလို့ပါခင်ဗျာ။ ဘယ်လိုပိတ်ရမလဲအစ်ကိုရေ။ ကူညီပေးပါဦးခင်ဗျာ။
ဖြေ – Play Store Auto Update လုပ်တယ်ဆိုတာကောင်းပါတယ်။ အချို့ App တွေက Update ဖြစ်နေမှသာ အလုပ်ကို အပြည့်အဝစုံလင်စွာ အလုပ်လုပ်နိုင်မှာပါ။ ဒါကိုမလုပ်ချင်ဘူးဆိုရင်တော့ Google Play Store ကို နှိပ်ပြီးရင် ဘယ်ဖက်အပေါ် ဘားပေါ်မှာပေါ်တဲ့ Menu Key အတုံးလေး 3 တုံးကိုနှိပ်လိုက်ပါ။ ကိုယ့်အကောင့်ပုံနဲ့ My App & Game ဆိုတဲ့ စာတွေကိုတွေ့ရပါလိမ့်မယ်။ အဲ့ဒီထဲကမှ Setting > Auto Update App > Don’t Auto Update Apps > Done ဆိုတာကို နှိပ်လိုက်ရင် ရပါပြီခင်ဗျာ။
မေး – ကျွန်တော့်ဖုန်းက အရမ်းလေးနေလို့ Reset ချမလို့ပါအစ်ကို။ အဲ့ဒါ Data တွေကိုလည်း မပျက်စေချင်ပါ ဘူးခင်ဗျာ။ ဘယ်လိုလုပ်ရင် အဆင်ပြေနိုင်မလဲအစ်ကိုရေ။
ဖြေ – ဖုန်းလေးတယ်ဆိုတာက အများကြီးရှိတယ်ဗျ။ ဖုန်းမှာပါတဲ့ IC တွေရဲ့သက်တမ်းကုန်နေလို့လား။ Software ညှိနေလို့လား။ User Data များနေလို့လားဆိုပြီးရှိပါတယ်။ အဲ့ဒီတော့ နီးစပ်ရာ Service ဆိုင်မှာသာ သွားရောက်ပြုပြင်ကြပါလို့ အကြံပေးပါရစေ။
မေး – အစ်ကိုရေ Facebook Password မေ့သွားလို့ပါ။ Email ကိုလည်း စဉ်းစားမရဖြစ်နေပါတယ်အစ်ကို။ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာလေး ရှင်းပြပေးပါဦးခင်ဗျာ။
ဖြေ – Facebook Password ကို မေ့နေရင်တော့ နီးစပ်ရာဆိုင်ကိုသာ သွားရောက်ပြီးကြိုးစားကြည့်ခိုင်းပေးပါ။ လုပ်ရတဲ့အဆင့်များလို့ ကိုယ်တိုင်လုပ်ဖို့က အဆင်မပြေနိုင်ပါဘူးခင်ဗျာ။
မေး – ကိုယ့်ဖုန်းပျောက်သွားလို့ ကိုယ်ဖျက်ထားတဲ့ File တွေ၊ Data တွေကို ဖုန်းရရှိသွားတဲ့သူက ပြန်ယူလို့ရ တယ်ဆိုတာဟုတ်ပါသလား ခင်ဗျာ။ ဖြေကြားပေးပါဦး။
ဖြေ – ကိုယ့်ဖုန်းအမျိုးအစားပေါ်လည်း မူတည်ပါတယ်ဗျာ။ အလွယ်ပြောရရင် iPhone တစ်လုံးဆိုပါစို့။ iPhone တွေမှာ Apple ID ထည့်ထားတဲ့ဖုန်းတွေဟာ ကိုယ့်ဖုန်းပျောက်သွားရင် Lost Mode တင်လိုက်တာနဲ့ Phone က Lock ကျပြီး သုံးလို့မရတဲ့အနေအထားကို ရောက်သွားပါတယ်။ ဒါကိုပြန်ဖြည်မယ်ဆိုရင် Update Software ပြန်ရေးရမှာမို့ အထဲက Data တွေပြန်မရနိုင်ပါဘူး။ အကောင့်သိမယ်ဆိုရင်တော့ iCloud အတွင်း Save လုပ် ထားတဲ့ပုံကိုသာပြန်ရမှာဖြစ်ပါတယ်။ နောက်ပိုင်းမော်ဒယ်အမြင့် Android ဖုန်းအမြင့်တွေမှာဆိုရင် Account ထည့်သုံးထားရင် ကိုယ့် Data တွေ အသင့်အတင့်လုံခြုံတယ်လို့မှတ်ယူနိုင်ပါတယ်။ မော်ဒယ်အနိမ့်ဖုန်းတွေက တော့ Android ဖုန်းတွေမှာ Root ဖောက်ပြီး User Lock ဖြုတ်ပြီး အတွင်းရှိ Data တွေကို ပြန်ယူနိုင်ပါတယ်။ အမြင့်တွေအတွက်တော့ ခက်ခဲတဲ့အဆင့်လို့ပဲ ပြောပါရစေ။
မေး – နောက်ထွက်ဖုန်းတွေမှာပါတဲ့ AI နည်းပညာဆိုတာက ဘာကိုပြောတာပါလဲခင်ဗျာ။ ရှင်းပြပေးပါဦး အစ်ကိုရေ။
ဖြေ – AI နည်းပညာမှာ Pure AI ဆိုတာနဲ့ Pragmatic AI ဆိုပြီး နှစ်မျိုးလောက်ရှိတယ်ဗျ။ အဲ့အကြောင်းကို ပြောဖို့က အရမ်းကျယ်ပြန့်လို့ ကျွန်တော်တို့အလွယ်တကူမှတ်ချင်တယ်ဆိုရင် AI နည်းပညာဆိုတာကို မှတ် ဉာဏ်တုလို့မှတ်ယူနိုင်ပါတယ်။ သူက ဘယ်အရာတွေပေါ်မှာ အမှီပြုပြီးအလုပ်လုပ်ရသလဲဆိုရင် အချက်အ လက်တွေပေါ်မှာ မှီငြမ်းပြီးအလုပ်လုပ်ပါတယ်။ ကျွန်တော်တို့နေ့စဉ် Facebook သုံးနေခြင်း Google သုံးနေခြင်း တွေဟာလည်း AI နည်းပညာကိုအသုံးပြုနေခြင်းသာဖြစ်ပါတယ်။ ကိုယ်အသုံးပြုထားတဲ့ အချက်အလက်တွေကို Data တစ်ခုအနေနဲ့သိမ်းထားပြီး နောက်ကို ရှာထားတဲ့အရာတွေ အချက်အလက်တွေကို ပြန်ရှာတဲ့အခါ အလွယ်တကူတွေ့နိုင်အောင် ရှာနိုင်အောင် Save လုပ်ထားပြီး လိုအပ်လို့ပြန်ဖော်တဲ့အခါ ပြန်ပေါ်လာတာမျိုး ဟာလည်း AI နည်းပညာကို အသုံးပြုထားတာပါ။
Hello Android Phone Service & Training (တာမွေ) ဖုန်း-09-5406286 , 09-450400006 မှ ကူညီပံ့ပိုးပါသည်။
NetGuide Journal (Every Wednesday)
—————————————————————————————
  • (Zawgyi Version)
“အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာ ပြဿနာများ”
ကူညီပံ့ပိုးပါသည်။