ယူကရိန်းလူငယ်ဘောက်ဆင်ချန်ပီယံတစ်ဦးဟာ နားကြပ်တပ် သီချင်းနားထောင်၊ သူမရဲ့ဖုန်းနဲ့ အင်တာနက် အသုံးပြုကာ မီးရထားလမ်းကို ဖြတ်ကူးစဉ် မီးရထားတိုက်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။

အသက် 18 နှစ်အရွယ်ရှိ အမီနာဘူလက်ခ်ဟာ မီးရထားအနားသို့ ရောက်တဲ့ရတဲ့အချိန်အထိ မီးရထားမောင်းလာတာကို လုံးဝ သတိမထားမိခဲ့ပါဘူး။ သူမဟာ မီးရထားကို တိမ်းရှောင်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ဘဲ အတိုက်ခံခဲ့ရကာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။

အမီနာကို ကိဗ်နယ်မြေရှိ တာရာဆီကာရွာမှ ဆေးရုံသို့ ပို့ခဲ့ပေမယ့် ဒဏ်ရာပြင်းထန်လွန်းနေတာကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။

သူမဟာ နားကြပ်ဖြင့် သီချင်းနားထောင်နေခဲ့တာကြောင့် မီးရထားချဉ်းကပ်လာခဲ့တာကို လုံးဝ မသိမထားမိခဲ့တဲ့အပြင် ဖုန်းဖြင့် အင်တာနက်အသုံးပြုနေကြောင်း မျက်မြင်သက်သေများက ဆိုကြပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

နားၾကပ္ျဖင့္ သီခ်င္းနားေထာင္၊ ဖုန္းသုံးရင္ မီးရထားလမ္းျဖတ္စဥ္ မီးရထားတိုက္ခံရၿပီး အမ်ိဳးသမီးလက္ေဝွ႕ခ်န္ပီယံတစ္ဦး ေသဆုံး

ယူကရိန္းလူငယ္ေဘာက္ဆင္ခ်န္ပီယံတစ္ဦးဟာ နားၾကပ္တပ္ သီခ်င္းနားေထာင္၊ သူမရဲ့ဖုန္းနဲ႔ အင္တာနက္ အသုံးျပဳကာ မီးရထားလမ္းကို ျဖတ္ကူးစဥ္ မီးရထားတိုက္ခံရၿပီး ေသဆုံးသြားခဲ့ပါတယ္။

အသက္ 18 ႏွစ္အရြယ္ရွိ အမီနာဘူလက္ခ္ဟာ မီးရထားအနားသို႔ ေရာက္တဲ့ရတဲ့အခ်ိန္အထိ မီးရထားေမာင္းလာတာကို လုံးဝ သတိမထားမိခဲ့ပါဘူး။ သူမဟာ မီးရထားကို တိမ္းေရွာင္နိုင္ဖို႔ ႀကိဳးစားခဲ့ေပမယ့္လည္း မေအာင္ျမင္ခဲ့ဘဲ အတိုက္ခံခဲ့ရကာ ဒဏ္ရာအျပင္းအထန္ ရရွိခဲ့ပါတယ္။

အမီနာကို ကိဗ္နယ္ေျမရွိ တာရာဆီကာရြာမွ ေဆး႐ုံသို႔ ပို႔ခဲ့ေပမယ့္ ဒဏ္ရာျပင္းထန္လြန္းေနတာေၾကာင့္ ကြယ္လြန္သြားခဲ့ပါတယ္။

သူမဟာ နားၾကပ္ျဖင့္ သီခ်င္းနားေထာင္ေနခဲ့တာေၾကာင့္ မီးရထားခ်ဥ္းကပ္လာခဲ့တာကို လုံးဝ မသိမထားမိခဲ့တဲ့အျပင္ ဖုန္းျဖင့္ အင္တာနက္အသုံးျပဳေနေၾကာင္း မ်က္ျမင္သက္ေသမ်ားက ဆိုၾကပါတယ္။

NetGuide Journal (Every Wednesday)