တရုတ်နိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့ပထမဆုံးရုပ်ထွက်နည်းပညာပြပွဲမှာ Visionox ဟာ စိတ်ဝင်စားဖို့ကောင်းတဲ့ ဆန်းသစ်ဖန်တီးမှုအသစ်နှစ်ခုကို ပြသလာပါတယ်။ တစ်ခုက ခေါက်ဖုန်းဒီဇိုင်းသုံးထားတဲ့ ခေါက်နိုင်တဲ့ ရုပ်ထွက်ပါစမတ်ဖုန်းဖြစ်ပြီး ကျန်တစ်ခုက လိပ်နိုင်တဲ့ AMOLED ရုပ်ထွက် ဖြစ်ပါတယ်။ ယင်းဆန်းသစ်နည်းပညာနှစ်ခုက လာမယ့် တစ်နှစ်မှ နှစ်နှစ်အတွင်းမှာ ရေပန်းစားလာဖို့ သေချာနေပါတယ်။ Visonox က Xiaomi Mi Mix Alpha မှာ အသုံးပြုထားတဲ့ Waterfall Display ဒီဇိုင်းကို ဖန်တီးထားတဲ့ ရုပ်ထွက်ကုမ္ပဏီ ဖြစ်ပါတယ်။

ခေါက်ဖုန်းဒီဇိုင်းသုံး ခေါက်နိုင်တဲ့ရုပ်ထွက်ပါ စမတ်ဖုန်းပုံကြမ်းက မကြာသေးမီတုန်းက ကြေညာခဲ့တဲ့ Motorola Razr 2019 ဒီဇိုင်းနှင့် အတူတူ ဖြစ်ပါတယ်။ ယင်းဒီဇိုင်းသုံးစမတ်ဖုန်းကို Samsung ကလည်း လာမယ့် 2020 ခုနှစ် ပထမခြောက်လအတွင်းမှာ ထုတ်လုပ်ရောင်းချဖို့ လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် ယခု Visionox က ဖန်တီးလာတဲ့ရုပ်ထွက်က Motorola Razr မှာ သုံးထားတဲ့ ရုပ်ထွက်ထက် ပိုမိုကောင်းမွန်တာ တွေ့ရပါတယ်။ မျက်နှာပြင် 6.47 လက်မ AMOLED ရုပ်ထွက်ဖြစ်ပြီး ခါးလယ်တစ်ဝက်မှ ခေါက်သုံးရတာ ဖြစ်ပါတယ်။

ဒုတိယပြသခဲ့တဲ့ လိပ်နိုင်တဲ့ AMOLED ရုပ်ထွက်က 7 မီလီမီတာအထိ ကွေးခေါက်နိုင်စွမ်း ရှိပါတယ်။ ဒါပေမယ့် Visionox က ပြသလာတဲ့ ပုံကြမ်းမှာ အားနည်းချက်က ရှိနေဆဲဖြစ်ပြီး နောက်ထပ် ပိုကောင်းအောင်လုပ်ဆောင်ဖို့ အများကြီး ရှိပါသေးတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

ေခါက္ဖုန္းဒီဇိုင္း႐ုပ္ထြက္ပါ စမတ္ဖုန္းနဲ႔ လိပ္နိုင္တဲ့ AMOLED ကို Visionox ျပသလာ

တ႐ုတ္နိုင္ငံမွာ က်င္းပတဲ့ ကမၻာ့ပထမဆုံး႐ုပ္ထြက္နည္းပညာျပပြဲမွာ Visionox ဟာ စိတ္ဝင္စားဖို႔ေကာင္းတဲ့ ဆန္းသစ္ဖန္တီးမွုအသစ္ႏွစ္ခုကို ျပသလာပါတယ္။ တစ္ခုက ေခါက္ဖုန္းဒီဇိုင္းသုံးထားတဲ့ ေခါက္နိုင္တဲ့ ႐ုပ္ထြက္ပါစမတ္ဖုန္းျဖစ္ၿပီး က်န္တစ္ခုက လိပ္နိုင္တဲ့ AMOLED ႐ုပ္ထြက္ ျဖစ္ပါတယ္။ ယင္းဆန္းသစ္နည္းပညာႏွစ္ခုက လာမယ့္ တစ္ႏွစ္မွ ႏွစ္ႏွစ္အတြင္းမွာ ေရပန္းစားလာဖို႔ ေသခ်ာေနပါတယ္။ Visonox က Xiaomi Mi Mix Alpha မွာ အသုံးျပဳထားတဲ့ Waterfall Display ဒီဇိုင္းကို ဖန္တီးထားတဲ့ ႐ုပ္ထြက္ကုမၸဏီ ျဖစ္ပါတယ္။

ေခါက္ဖုန္းဒီဇိုင္းသုံး ေခါက္နိုင္တဲ့႐ုပ္ထြက္ပါ စမတ္ဖုန္းပုံၾကမ္းက မၾကာေသးမီတုန္းက ေၾကညာခဲ့တဲ့ Motorola Razr 2019 ဒီဇိုင္းႏွင့္ အတူတူ ျဖစ္ပါတယ္။ ယင္းဒီဇိုင္းသုံးစမတ္ဖုန္းကို Samsung ကလည္း လာမယ့္ 2020 ခုႏွစ္ ပထမေျခာက္လအတြင္းမွာ ထုတ္လုပ္ေရာင္းခ်ဖို႔ လုပ္ေဆာင္ေနပါတယ္။ ဒါေပမယ့္ ယခု Visionox က ဖန္တီးလာတဲ့႐ုပ္ထြက္က Motorola Razr မွာ သုံးထားတဲ့ ႐ုပ္ထြက္ထက္ ပိုမိုေကာင္းမြန္တာ ေတြ႕ရပါတယ္။ မ်က္ႏွာျပင္ 6.47 လက္မ AMOLED ႐ုပ္ထြက္ျဖစ္ၿပီး ခါးလယ္တစ္ဝက္မွ ေခါက္သုံးရတာ ျဖစ္ပါတယ္။

ဒုတိယျပသခဲ့တဲ့ လိပ္နိုင္တဲ့ AMOLED ႐ုပ္ထြက္က 7 မီလီမီတာအထိ ေကြးေခါက္နိုင္စြမ္း ရွိပါတယ္။ ဒါေပမယ့္ Visionox က ျပသလာတဲ့ ပုံၾကမ္းမွာ အားနည္းခ်က္က ရွိေနဆဲျဖစ္ၿပီး ေနာက္ထပ္ ပိုေကာင္းေအာင္လုပ္ေဆာင္ဖို႔ အမ်ားႀကီး ရွိပါေသးတယ္။

NetGuide Journal (Every Wednesday)