US Commerce Department ဟာ Microsoft က Huawei နှင့် ကုန်သွယ်ရန် လိုင်စင်လျှောက်ထားမှုအား ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ Microsoft ဟာ Huawei နှင့် အလုပ်လုပ်ဖို့ ဘယ်လိုလိုင်စင် ရရှိလာသလဲဆိုတာ အခြားကွန်ပျူတာကုမ္ပဏီများကိုလည်း အသုံးပြုခွင့်ပေးနေတဲ့ ဆော့ဖ်ဝဲများကို Huawei ကိုလည်း အသုံးပြုခွင့်ပေးလာနိုင်ဖို့တော့ ရှိပါတယ်။

ဒါကြောင့် Huawei ဟာ သူတို့ထုတ် လက်တော့ပ်များမှာ Microsoft က ဖန်တီးထားတဲ့ ဆော့ဖ်ဝဲများကို ဆက်လက် အသုံးပြုနိုင်ပါမယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းက US Commerce Department က Huawei နှင့် ကုန်သွယ်မှုပြုလုပ်လိုတဲ့ ကုမ္ပဏီများကို အထူးလိုင်စင်ပေးသွားမယ်လို့ ကြေညာခဲ့ပြီး ကုမ္ပဏီပေါင်း 300 နီးပါးက လျှောက်ထားခဲ့ကြပါတယ်။

ယခုအခါ အစောပိုင်းတုန်းက အမေရိကန်အစိုးရဟာ Huawei အား စီးပွားရေးပိတ်ပင်ထားမှုကို နောက်ထပ် သုံးလဆိုင်းငံ့ခြင်း ခံခဲ့ရပါတယ်။

ဘာပဲဖြစ်ဖြစ် ယခုကဲ့သို့ Microsoft ကို Huawei နှင့် အလုပ်လုပ်ခွင့်ပေးလာတာကတော့ ကျေနပ်စရာကောင်းတဲ့သတင်းပါ။ အမေရိကန်အစိုးရဟာ Google ကိုကော Huawei နှင့် အလုပ်လုပ်ခွင့်ပေးလာမလား စောင့်ကြည့်ရပါဦး။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Huawei နှင့် ကုန်သွယ်ရန် Microsoft လိုင်စင်ရရှိ





