PlayStation 5 က ဂိမ်းစက်သမိုင်းမှာ ဂိမ်းကစားသမားတွေ စိတ်အလှုပ်ရှားဆုံးနဲ့ အစောင့်မျှော်ရဆုံး ဂိမ်းစက်ဖြစ်ပါတယ်။ ယနေ့မှာတော့ ကျွန်တော်တို့ဟာ PlayStation 5 ကို ရောင်းချမယ့်နေ့ရက်အား သိခွင့်ရလာပြီ ဖြစ်ပါတယ်။

အစောပိုင်းတုန်းက Sony က PlayStation 5 ကို 2020 ခုနှစ် ဆောင်းရာသီအားလပ်ရက်မှာ ရောင်းချလာမယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် ယနေ့ထွက်ပေါ်လာတဲ့သတင်းအရ PlayStation 5 ကို Sony ပြောထားတာထက် စောပြီးရောင်းချလာတော့မှာ ဖြစ်ပါတယ်။

LetsGoDigital ရဲ့ ဖော်ပြချက်အရ PlayStation 5 ကို 2020 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်နေ့မှာ ရောင်းချလာမှာဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် PlayStation 5 ရဲ့ ဈေးနှုန်းကိုလည်း ဖော်ပြထားပါတယ်။ PS 5 ကို ဈေးနှုန်း ဒေါ်လာ 499 ဖြင့် ရောင်းချလာမှာ ဖြစ်ပါတယ်။

2020 ခုနှစ်၊ နိုဝင်ဘာလ 20 လို့ ဆိုထားတာဖြစ်တာကြောင့် PS 5 ကို မြင်တွေ့ရဖို့ တစ်နှစ်စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Sony ဟာ ဇွန်လမှာ PS 5 မှာ ပါဝင်လာမယ့် စနစ်များကို ကြေညာလာဖို့ ရှိပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

PlayStation 5 ကို ေရာင္းခ်မယ့္ေန႔ ေပါက္ၾကားလာ

PlayStation 5 က ဂိမ္းစက္သမိုင္းမွာ ဂိမ္းကစားသမားေတြ စိတ္အလွုပ္ရွားဆုံးနဲ႔ အေစာင့္ေမၽွာ္ရဆုံး ဂိမ္းစက္ျဖစ္ပါတယ္။ ယေန႔မွာေတာ့ ကၽြန္ေတာ္တို႔ဟာ PlayStation 5 ကို ေရာင္းခ်မယ့္ေန႔ရက္အား သိခြင့္ရလာၿပီ ျဖစ္ပါတယ္။

အေစာပိုင္းတုန္းက Sony က PlayStation 5 ကို 2020 ခုႏွစ္ ေဆာင္းရာသီအားလပ္ရက္မွာ ေရာင္းခ်လာမယ္လို႔ ဆိုထားပါတယ္။ ဒါေပမယ့္ ယေန႔ထြက္ေပၚလာတဲ့သတင္းအရ PlayStation 5 ကို Sony ေျပာထားတာထက္ ေစာၿပီးေရာင္းခ်လာေတာ့မွာ ျဖစ္ပါတယ္။

LetsGoDigital ရဲ့ ေဖာ္ျပခ်က္အရ PlayStation 5 ကို 2020 ခုႏွစ္၊ နိုဝင္ဘာလ 20 ရက္ေန႔မွာ ေရာင္းခ်လာမွာျဖစ္ေၾကာင္း သိရပါတယ္။ ဒါ့အျပင္ PlayStation 5 ရဲ့ ေဈးႏွုန္းကိုလည္း ေဖာ္ျပထားပါတယ္။ PS 5 ကို ေဈးႏွုန္း ေဒၚလာ 499 ျဖင့္ ေရာင္းခ်လာမွာ ျဖစ္ပါတယ္။

2020 ခုႏွစ္၊ နိုဝင္ဘာလ 20 လို႔ ဆိုထားတာျဖစ္တာေၾကာင့္ PS 5 ကို ျမင္ေတြ႕ရဖို႔ တစ္ႏွစ္ေစာင့္ဆိုင္းရဦးမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ Sony ဟာ ဇြန္လမွာ PS 5 မွာ ပါဝင္လာမယ့္ စနစ္မ်ားကို ေၾကညာလာဖို႔ ရွိပါတယ္။

NetGuide Journal (Every Wednesday)