Realme ဟာ Realme 5s ကို ကြေညာလာပါတယ်။ Realme 5s စမတ်ဖုန်းက တန်ဖိုးသင့် စမတ်ဖုန်း ဆိုပေမယ့် 48MP ကင်မရာပါ ကျောဘက်ကင်မရာလေးလုံးအထိ ပါဝင်ပါတယ်။ ဒါ့အပြင် ဒီဖုန်းမှာ များပြားတဲ့ ဘက်ထရီ လည်း ပါဝင်ပါတယ်။ Realme 5s ရဲ့ ဈေးနူန်းက ဒေါ်လာ 139 ဖြစ်ပါတယ်။

Realme 5s Specifications နှင့် Features

Realme 5s က အလယ်အလတ်တန်း စမတ်ဖုန်းမျှသာဖြစ်သော်လည်း Nono Holographic Color သုံးထား တာကြောင့် ကြည့်တဲ့ထောင့်အပေါ်မူတည်ပြီး တောက်ပမှုကွဲပြားပါတယ်။ ဒီဖုန်းမှာ မျက်နှာပြင် 6.51 လက်မ IPS LCD သုံးထားပြီး Waterdrop Notch ပါဝင်ပါတယ်။ HD+(720×1600 pixels) နှင့် 20:9 Aspect Ratio သုံး ထားပါတယ်။ Gorilla Glass မှန်ဖြင့် အကာအကွယ်ပေးထားပါတယ်။ Screen-to Body Ratio 89 ရာခိုင်နှုန်း ရှိ ပါတယ်။

11nm Snapdragon 665 ဖြင့် အထိုင်ချထားပြီး RAM4GB ဖြင့် ထောက်ပံ့ထားပါတယ်။Memory အနေဖြင့် 64GB နဲ့ 128GB တို့ကို ရွေးချယ်နိုင်ပါမယ်။ microSD ကနေ ထပ်တိုးလို့ရပါသေးတယ်။

ကျောဘက်ကင်မရာလေးလုံး ပါဝင်ပါတယ်။ အဓိကကင်မရာက 48MP Samsung GM1 Sensor ဖြစ်ပါတယ်။  ဒုတိယကင်မရာက 119 ဒီဂရီမြင်ကွင်းကျယ်ရိုက်ကူးနိုင်တဲ့ 8MP ကင်မရာဖြစ်ပြီး ကျန်ကင်မရာများက 2MP Macro နှင့် 2MP Depth Sensor ဖြစ်ပါတယ်။ ရှေ့ကင်မရာက 13MP f/2.0 ဖြစ်ပါတယ်။ 4-in-1 Pixel Binning Technology သုံးထားတာကြောင့် အလင်းရောင်အားနည်းချိန်မှာလည်း ဓာတ်ပုံကောင်းတွေ ရိုက်ကူးနိုင်ပါမယ်။ ဓာတ်ပုံနဲ့ ဗီဒီယိုရိုက်ကူးမှုများအနေဖြင့် AI Sense Recognition ၊ Chrome Boost ၊ Super Nightscape ၊ Bokeh Mode ၊ AI HDR ၊ EIS ၊ 240fps Slow-Motion Video Recording ၊ 4K@30fps ဗီဒီယိုရိုက်ကူးမှုတို့ ပြု လုပ်နိုင်ပါမယ်။

ဘက်ထရီ 5000 mAhပါဝင်ပြီး 10W Charging လုပ်နိုင်ပါမယ်။ Standby ထားမယ်ဆိုရင် 48.9 နာရီ၊ ကင်မရာ သုံးမယ်ဆိုရင် 48.9 နာရီ၊ သီချင်းဖွင့်မယ်ဆိုရင် 20.8 နာရီ၊ YouTube ကြည့်မယ်ဆိုရင် 19.1 နာရီ အသုံးပြု နိုင်ပါမယ်။ Dual SIM ၊ 4G VoLTE ၊ Bluetooth 5.0 ၊ GPS ၊ microUSB 2.0 ၊ နားကြပ်ပေါက်၊ လက်ဗွေ ရာစနစ်တို့ ပါဝင်ပါတယ်။

Realme 5s ဈေးနူန်းနှင့် ရွေးချယ်နိုင်မယ့်အရောင်

Realme 5s ရဲ့ 4/64GB မော်ဒယ်ကို ဒေါ်လာ 130 နှင့် 4/128GB မော်ဒယ်ကို ဒေါ်လာ 153 သတ်မှတ်ထား ပါတယ်။ အရောင်များအနေဖြင့် Crystal Blue ၊ Crystal Purple နှင့် Crystal Red အရောင်တို့ကို ရွေးချယ်နိုင်ပါ တယ်။ ဒီဖုန်းကို အိန္ဒိယဈေးကွက်မှာ နိုဝင်ဘာလ 29 ရက်နေ့မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

48MP ကင္မရာပါ ေက်ာဘက္ကင္မရာေလးလုံး၊ Snapdragon 665 SoC ၊ ဘက္ထရီ 5000 mAh ပါဝင္ၿပီး ေဈးႏွုန္း ေဒၚလာ 139 သတ္မွတ္ထားတဲ့ Realme 5s

Realme ဟာ Realme 5s ကို ေၾကညာလာပါတယ္။ Realme 5s စမတ္ဖုန္းက တန္ဖိုးသင့္ စမတ္ဖုန္း ဆိုေပမယ့္ 48MP ကင္မရာပါ ေက်ာဘက္ကင္မရာေလးလုံးအထိ ပါဝင္ပါတယ္။ ဒါ့အျပင္ ဒီဖုန္းမွာ မ်ားျပားတဲ့ ဘက္ထရီ လည္း ပါဝင္ပါတယ္။ Realme 5s ရဲ့ ေဈးႏူန္းက ေဒၚလာ 139 ျဖစ္ပါတယ္။

Realme 5s Specifications ႏွင့္ Features

Realme 5s က အလယ္အလတ္တန္း စမတ္ဖုန္းမၽွသာျဖစ္ေသာ္လည္း Nono Holographic Color သုံးထား တာေၾကာင့္ ၾကည့္တဲ့ေထာင့္အေပၚမူတည္ၿပီး ေတာက္ပမွုကြဲျပားပါတယ္။ ဒီဖုန္းမွာ မ်က္ႏွာျပင္ 6.51 လက္မ IPS LCD သုံးထားၿပီး Waterdrop Notch ပါဝင္ပါတယ္။ HD+(720×1600 pixels) ႏွင့္ 20:9 Aspect Ratio သုံး ထားပါတယ္။ Gorilla Glass မွန္ျဖင့္ အကာအကြယ္ေပးထားပါတယ္။ Screen-to Body Ratio 89 ရာခိုင္ႏွုန္း ရွိ ပါတယ္။

11nm Snapdragon 665 ျဖင့္ အထိုင္ခ်ထားၿပီး RAM4GB ျဖင့္ ေထာက္ပံ့ထားပါတယ္။Memory အေနျဖင့္ 64GB နဲ႔ 128GB တို႔ကို ေရြးခ်ယ္နိုင္ပါမယ္။ microSD ကေန ထပ္တိုးလို႔ရပါေသးတယ္။
ေက်ာဘက္ကင္မရာေလးလုံး ပါဝင္ပါတယ္။ အဓိကကင္မရာက 48MP Samsung GM1 Sensor ျဖစ္ပါတယ္။ ဒုတိယကင္မရာက 119 ဒီဂရီျမင္ကြင္းက်ယ္ရိုက္ကူးနိုင္တဲ့ 8MP ကင္မရာျဖစ္ၿပီး က်န္ကင္မရာမ်ားက 2MP Macro ႏွင့္ 2MP Depth Sensor ျဖစ္ပါတယ္။ ေရွ႕ကင္မရာက 13MP f/2.0 ျဖစ္ပါတယ္။ 4-in-1 Pixel Binning Technology သုံးထားတာေၾကာင့္ အလင္းေရာင္အားနည္းခ်ိန္မွာလည္း ဓာတ္ပုံေကာင္းေတြ ရိုက္ကူးနိုင္ပါမယ္။ ဓာတ္ပုံနဲ႔ ဗီဒီယိုရိုက္ကူးမွုမ်ားအေနျဖင့္ AI Sense Recognition ၊ Chrome Boost ၊ Super Nightscape ၊ Bokeh Mode ၊ AI HDR ၊ EIS ၊ 240fps Slow-Motion Video Recording ၊ 4K@30fps ဗီဒီယိုရိုက္ကူးမွုတို႔ ျပဳ လုပ္နိုင္ပါမယ္။

ဘက္ထရီ 5000 mAhပါဝင္ၿပီး 10W Charging လုပ္နိုင္ပါမယ္။ Standby ထားမယ္ဆိုရင္ 48.9 နာရီ၊ ကင္မရာ သုံးမယ္ဆိုရင္ 48.9 နာရီ၊ သီခ်င္းဖြင့္မယ္ဆိုရင္ 20.8 နာရီ၊ YouTube ၾကည့္မယ္ဆိုရင္ 19.1 နာရီ အသုံးျပဳ နိုင္ပါမယ္။ Dual SIM ၊ 4G VoLTE ၊ Bluetooth 5.0 ၊ GPS ၊ microUSB 2.0 ၊ နားၾကပ္ေပါက္၊ လက္ေဗြ ရာစနစ္တို႔ ပါဝင္ပါတယ္။

Realme 5s ေဈးႏူန္းႏွင့္ ေရြးခ်ယ္နိုင္မယ့္အေရာင္

Realme 5s ရဲ့ 4/64GB ေမာ္ဒယ္ကို ေဒၚလာ 130 ႏွင့္ 4/128GB ေမာ္ဒယ္ကို ေဒၚလာ 153 သတ္မွတ္ထား ပါတယ္။ အေရာင္မ်ားအေနျဖင့္ Crystal Blue ၊ Crystal Purple ႏွင့္ Crystal Red အေရာင္တို႔ကို ေရြးခ်ယ္နိုင္ပါ တယ္။ ဒီဖုန္းကို အိႏၵိယေဈးကြက္မွာ နိုဝင္ဘာလ 29 ရက္ေန႔မွာ စတင္ေရာင္းခ်မွာ ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)