ပြီးခဲ့တဲ့ 2 နှစ်တာ ကာလအတွင်းမှာ ကျွန်တော်တို့ဟာ ကြိုးမဲ့နဲ့ ကြိုးနှင့် အလျှင်အမြန် နည်းပညာ အလျှင်အမြန် တိုးတက်ကောင်းမွန်နေတာကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ကြရပါတယ်။ လက်ရှိစမတ်ဖုန်းဈေးကွက်မှာ အမြန်ဆုံးကြိုးဖြင့် အားသွင်းနည်းပညာအဖြစ် OPPO ရဲ့ 65W SuperVOOC 2.0 Fast Charging က ရပ်တည်နေပါတယ်။ 65W SuperVOOC 2.0 ကို OPPO Reno Ace မှာ အသုံးပြုထားပါတယ်။

OPPO Reno Ace ကို မကြေညာခင်ကာလအတွင်းမှာ Xiaomi က 100W Super Charge Turbo နည်းပညာကို ပြသခဲ့ပါတယ်။ ယခုအခါ Xiaomi က 100W Super Charge Turbo ကို လာမယ့် 2020 ခုနှစ်ထွက် အဆင့်မြင့်စမတ်ဖုန်းများမှာ စတင်အသုံးပြုလာတော့မှာဖြစ်ကြောင်း အတည်ပြုလာပါတယ်။

လက်ရှိအချိန်မှာ Xiaomi ဟာ 100W Super Charge Turbo ရဲ့ အချက်အလက်များနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ပြောကြားခြင်း မရှိသေးပါဘူး။ ဒါပေမယ့် OPPO Find X Lamborgini Edition မှာလို အားသွင်းတဲ့အခါ လုံခြုံရေးစိတ်ချရစေဖို့အတွက် Xiaomi စမတ်ဖုန်းမှာလည်း ဘက်ထရီနှစ်လုံး အသုံးပြုလာနိုင်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

လာမယ့္ႏွစ္တြင္ 100W Super Charge Turbo သုံး စမတ္ဖုန္းမ်ားကို Xiaomi ထုတ္လုပ္သြားမည္

ၿပီးခဲ့တဲ့ 2 ႏွစ္တာ ကာလအတြင္းမွာ ကၽြန္ေတာ္တို႔ဟာ ႀကိဳးမဲ့နဲ႔ ႀကိဳးႏွင့္ အလၽွင္အျမန္ နည္းပညာ အလၽွင္အျမန္ တိုးတက္ေကာင္းမြန္ေနတာကို မ်က္ဝါးထင္ထင္ ျမင္ေတြ႕ခဲ့ၾကရပါတယ္။ လက္ရွိစမတ္ဖုန္းေဈးကြက္မွာ အျမန္ဆုံးႀကိဳးျဖင့္ အားသြင္းနည္းပညာအျဖစ္ OPPO ရဲ့ 65W SuperVOOC 2.0 Fast Charging က ရပ္တည္ေနပါတယ္။ 65W SuperVOOC 2.0 ကို OPPO Reno Ace မွာ အသုံးျပဳထားပါတယ္။

OPPO Reno Ace ကို မေၾကညာခင္ကာလအတြင္းမွာ Xiaomi က 100W Super Charge Turbo နည္းပညာကို ျပသခဲ့ပါတယ္။ ယခုအခါ Xiaomi က 100W Super Charge Turbo ကို လာမယ့္ 2020 ခုႏွစ္ထြက္ အဆင့္ျမင့္စမတ္ဖုန္းမ်ားမွာ စတင္အသုံးျပဳလာေတာ့မွာျဖစ္ေၾကာင္း အတည္ျပဳလာပါတယ္။

လက္ရွိအခ်ိန္မွာ Xiaomi ဟာ 100W Super Charge Turbo ရဲ့ အခ်က္အလက္မ်ားနဲ႔ပတ္သက္ၿပီး တစ္စုံတစ္ရာ ေျပာၾကားျခင္း မရွိေသးပါဘူး။ ဒါေပမယ့္ OPPO Find X Lamborgini Edition မွာလို အားသြင္းတဲ့အခါ လုံျခဳံေရးစိတ္ခ်ရေစဖို႔အတြက္ Xiaomi စမတ္ဖုန္းမွာလည္း ဘက္ထရီႏွစ္လုံး အသုံးျပဳလာနိုင္ပါတယ္။

NetGuide Journal (Every Wednesday)