Xiaomi ဟာ အိန္ဒိယဈေးကွက်မှာ Mi Band 3i ကို ကြေညာလာပါတယ်။ Xiaomi Mi Band 3i က Mi Band 3 နဲ့ ဒီဇိုင်းပိုင်း တူညီနေပေမယ့် နှလုံးခုန်နှုန်းတိုင်းဆင်ဆာ မဟုတ်ပါဘူး။ Xiaomio Mi Band 3 မှာတုန်းက နှလုံးခုန်နှုန်းတိုင်းဆင်ဆာ ပါဝင်ပါတယ်။ Mi Band 3i မှာ နှလုံးခုန်နှုန်းတိုင်းဆင်ဆာ မပါဝင်တာနဲ့အညီ ဈေးနှုန်းကလည်း 18 ဒေါ်လာဘဲ သတ်မှတ်ထားပါတယ်။

နှလုံးခုန်နှုန်းတိုင်း ဆင်ဆာကလွဲရင် ကျန်တဲ့အပိုင်းမှာတော့ Mi Band 3i နဲ့ Mi Band 3 က အတူတူ ဖြစ်ပါတယ်။ 0.78 လက်မ AMOLED အဖြူ/အမည်းရုပ်ထွက်၊ 128x80px Resolution တို့ ပါဝင်ပြီး UI ကို ထိန်းချုပ်ဖို့ Capacitive Button ပါဝင်ပါတယ်။ အားသွင်းဖို့အတွက် Pogo Pins နှစ်ခု ပါဝင်ပါတယ်။

Bluetooth 4.2 ဖြင့် Mi Fit App မှ တဆင့် စမတ်ဖုန်းနဲ့ ချိတ်ဆက်သုံးရပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

နှလုံးခုန်နှုန်းဆင်ဆာ ပါဝင်လာခြင်းမရှိတဲ့ Xiaomi Mi Band 3i ကို ကြေညာလာ



