Vivo ဟာ ဖိလစ်ပိုင်မှာ Vivo S1 Pro ကို ကြေညာလာပါတယ်။ ဖိလစ်ပိုင်မှာ ကြေညာလာတာ Vivo S1 Pro က အခြားဈေးကွက်များမှာ Vivo S1 Pro အမည်နဲ့ ရောင်းချနေတဲ့ဖုန်းများနှင့် ကွဲပြားပါတယ်။

ဖိလစ်ပိုင် Vivo S1 Pro က မကြာသေးမီတုန်းက ကြေညာခဲ့တဲ့ Vivo S5 နဲ့ ဒီဇိုင်းတူပေမယ့် အတွင်းပိုင်းမှာ ကွဲပြားပါတယ်။ တရုတ်မှာ မေလတုန်းက ကြေညာခဲ့တဲ့ Vivo S1 Pro မှာလို Pop-Up Selfie Camera အသုံးပြုထားခြင်း မရှိပါဘူး။

ဖိလစ်ပိုင် Vivo S1 Pro မှာ ကျောဘက်ကင်မရာလေးလုံးပါဝင်ကာ ကင်မရာများကို စိန်ပွင့်ဒီဇိုင်းမှာ ထည့်သွင်းထားပါတယ်။ ဒီဖုန်းကို အရောင်နှစ်ရောင်နှင့် ရွေးချယ်နိုင်ပြီး ပါဝါခလုတ်ကို အနီရောင်ဖြင့် ခြယ်ထားပါတယ်။

Vivo S1 Pro မှာ မျက်နှာပြင် 6.38 လက်မ Super AMOLED (2340 x 1080) FullView Display သုံးထားပါတယ်။ Waterdrop Notch သုံးထားကာ ယင်းမှာ ရှေ့ကင်မရာ 32MP f/2.0 ထည့်သွင်းထားပါတယ်။ AI Face Beauty ပါဝင်ပါတယ်။ Snapdragon 665 Chipset ၊ RAM8GB နှင့် အထိုင်ချထားပြီး Storage 128GB ပါဝင်ပါတယ်။ microSD ကနေ နောက်ထပ် 256GB အထိ ထပ်တိုးလို့ ရပါတယ်။

ကျောဘက်ကင်မရာလေးလုံးမှာ Main Camera က 48MP f/1.8 Samsung GM1 Sensor ဖြစ်ပါတယ်။ ဒုတိယ ကင်မရာက 120 ဒီဂရီမြင်ကွင်းကျယ်ရိုက်ကူးမှု ထောက်ပံ့ပေးမယ့် 8MP ဖြစ်ပြီး ကျန်ကင်မရာနှစ်ခုက 2MP Macro နှင့် 2MP Depth Sensor ဖြစ်ပါတယ်။ Camera App မှာ Voice Control ၊ Palm Capture ၊ Slo-Mo ၊ Portrait Light Effects တို့ ပါဝင်ပါတယ်။

Vivo S1 Pro မှာ Android 9 Pie အခြေခံ Funtouch OS 9.2 ပါဝင်ပါတယ်။ Multi Turbo ပါဝင်ပြီး ယင်းမှာ Game Center ၊ Dark Mode ၊ Voice Changer စတဲ့စနစ်များ ပါဝင်ပါတယ်။

ဘက်ထရီ 4500 mAh အထိ ပါဝင်ပြီး Vivo Dual-Engine (18W) ဖြင့် အားသွင်းနိုင်ပါမယ်။ USB Type C၊ Bluetooth 5.0၊ USB OTG ၊ FM Radio ၊ နားကြပ်ပေါက်နှင့် Dual-SIM ပါဝင်ပါတယ်။ လုံခြုံရေးအတွက် In-Display Fingerprint Scanner ပါဝင်ပါတယ်။

Vivo S1 Pro ကို ဈေးနှုန်း ဒေါ်လာ 314 သတ်မှတ်ပြီး ဒီဖုန်းကို Fancy Sky ၊ Knight Black အရောင်တို့နှင့် ရွေးချယ်နိုင်ပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

ေက်ာဘက္ကင္မရာေလးလုံး ၊ ေရွ႕ကင္မရာ 32MP ၊ Snapdragon 665 SoC ၊ ဘက္ထရီ 4500 mAh ပါဝင္တဲ့ Vivo S1 Pro ကို ေၾကညာ

Vivo ဟာ ဖိလစ္ပိုင္မွာ Vivo S1 Pro ကို ေၾကညာလာပါတယ္။ ဖိလစ္ပိုင္မွာ ေၾကညာလာတာ Vivo S1 Pro က အျခားေဈးကြက္မ်ားမွာ Vivo S1 Pro အမည္နဲ႔ ေရာင္းခ်ေနတဲ့ဖုန္းမ်ားႏွင့္ ကြဲျပားပါတယ္။

ဖိလစ္ပိုင္ Vivo S1 Pro က မၾကာေသးမီတုန္းက ေၾကညာခဲ့တဲ့ Vivo S5 နဲ႔ ဒီဇိုင္းတူေပမယ့္ အတြင္းပိုင္းမွာ ကြဲျပားပါတယ္။ တ႐ုတ္မွာ ေမလတုန္းက ေၾကညာခဲ့တဲ့ Vivo S1 Pro မွာလို Pop-Up Selfie Camera အသုံးျပဳထားျခင္း မရွိပါဘူး။

ဖိလစ္ပိုင္ Vivo S1 Pro မွာ ေက်ာဘက္ကင္မရာေလးလုံးပါဝင္ကာ ကင္မရာမ်ားကို စိန္ပြင့္ဒီဇိုင္းမွာ ထည့္သြင္းထားပါတယ္။ ဒီဖုန္းကို အေရာင္ႏွစ္ေရာင္ႏွင့္ ေရြးခ်ယ္နိုင္ၿပီး ပါဝါခလုတ္ကို အနီေရာင္ျဖင့္ ျခယ္ထားပါတယ္။

Vivo S1 Pro မွာ မ်က္ႏွာျပင္ 6.38 လက္မ Super AMOLED (2340 x 1080) FullView Display သုံးထားပါတယ္။ Waterdrop Notch သုံးထားကာ ယင္းမွာ ေရွ႕ကင္မရာ 32MP f/2.0 ထည့္သြင္းထားပါတယ္။ AI Face Beauty ပါဝင္ပါတယ္။ Snapdragon 665 Chipset ၊ RAM8GB ႏွင့္ အထိုင္ခ်ထားၿပီး Storage 128GB ပါဝင္ပါတယ္။ microSD ကေန ေနာက္ထပ္ 256GB အထိ ထပ္တိုးလို႔ ရပါတယ္။

ေက်ာဘက္ကင္မရာေလးလုံးမွာ Main Camera က 48MP f/1.8 Samsung GM1 Sensor ျဖစ္ပါတယ္။ ဒုတိယ ကင္မရာက 120 ဒီဂရီျမင္ကြင္းက်ယ္ရိုက္ကူးမွု ေထာက္ပံ့ေပးမယ့္ 8MP ျဖစ္ၿပီး က်န္ကင္မရာႏွစ္ခုက 2MP Macro ႏွင့္ 2MP Depth Sensor ျဖစ္ပါတယ္။ Camera App မွာ Voice Control ၊ Palm Capture ၊ Slo-Mo ၊ Portrait Light Effects တို႔ ပါဝင္ပါတယ္။

Vivo S1 Pro မွာ Android 9 Pie အေျခခံ Funtouch OS 9.2 ပါဝင္ပါတယ္။ Multi Turbo ပါဝင္ၿပီး ယင္းမွာ Game Center ၊ Dark Mode ၊ Voice Changer စတဲ့စနစ္မ်ား ပါဝင္ပါတယ္။

ဘက္ထရီ 4500 mAh အထိ ပါဝင္ၿပီး Vivo Dual-Engine (18W) ျဖင့္ အားသြင္းနိုင္ပါမယ္။ USB Type C၊ Bluetooth 5.0၊ USB OTG ၊ FM Radio ၊ နားၾကပ္ေပါက္ႏွင့္ Dual-SIM ပါဝင္ပါတယ္။ လုံျခဳံေရးအတြက္ In-Display Fingerprint Scanner ပါဝင္ပါတယ္။

Vivo S1 Pro ကို ေဈးႏွုန္း ေဒၚလာ 314 သတ္မွတ္ၿပီး ဒီဖုန္းကို Fancy Sky ၊ Knight Black အေရာင္တို႔ႏွင့္ ေရြးခ်ယ္နိုင္ပါမယ္။

NetGuide Journal (Every Wednesday)