Website စာမျက်နှာများ

www.tayplus.com/
www.tayplus.com ဟာ စိတ်ဝင်စားဖွယ် ရုပ်ရှင်၊ စီးရီး၊ တီဗီအစီအစဉ်ပေါင်းများစွာကို တစ်နေရာတည်းမှာ ကြည့်ရှုခံစားနိုင်တဲ့ မြန်မာနိုင်ငံရဲ့ပထမဆုံး Online Video Platform ကို အသုံးပြုနိုင်တဲ့ ဝက်ဘ်ဆိုက်ဖြစ်ပါ တယ်။ နိုင်ငံတကာ ရုပ်ရှင်ဇာတ်လမ်းတွဲတွေ၊ မြန်မာနိုင်ငံက အကျော်ကြားဆုံး ဗီဒီယိုဇာတ်ကားတွေ၊ ဘယ်မှာမှ မရနိုင်တဲ့ ထူးခြားတဲ့အစီအစဉ်ကဏ္ဍပေါင်းများစွာကို တစ်နေရာတည်းမှာ စိတ်ကြိုက်ရွေးချယ်ကြည့်ရှုနိုင်မှာဖြစ် ပါတယ်။ MPT အသုံးပြုသူတွေ အသုံးပြုနိုင်တဲ့ ဝန်ဆောင်မှုဖြစ်ပါတယ်။

www.drivemyanmar.com/
www.drivemyanmar.com ဟာ နောက်ဆုံးပေါ်ကားတွေ၊ ကားလောကရဲ့ဦးတည်ရာတွေ၊ ပြည်တွင်းနဲ့ နိုင်ငံတကာ ကားလောကမှာ ဘာတွေဖြစ်နေသလဲဆိုတာတွေကို ဖော်ပြပေးနေတဲ့ မြန်မာပြည်ရဲ့တစ်ခုတည်း သော ကားမဂ္ဂဇင်းဝက်ဘ်ဆိုက်ဖြစ်ပါတယ်။ သင့်ကားအတွက် ဘာတွေအများဆုံးရရှိနိုင်မလဲ၊ သင့်အတွက် မောင်းနှင်မှုအတွေ့အကြုံစတာတွေကို ဓာတ်ပုံတွေနဲ့ခံစားနိုင်မယ့် ကားတွေ့ဆုံဆွေးနွေးပွဲတစ်ခုလိုမျိုး ကားနဲ့ ပတ်သက်သမျှ သိရှိရမယ့်နေရာဖြစ်ပါတယ်။ ကားနဲ့ပတ်သက်တာတွေအားလုံးကို ဖတ်ရှုရမှာဖြစ်ပါတယ်။

www.mylasar.com/
www.mylasar.com ဟာ ကိုယ့်ရဲ့လစာမျှတမှုရှိမရှိ အဖြေရှာကြည့်နိုင်မယ့် ဝက်ဘ်ဆိုက်ဖြစ်ပြီး၊ အလုပ်ရာထူး ၆ဝဝ ကျော်အတွက် လစာနှိုင်းယှဉ်ချက်တွေထုတ်ပေးနိုင်ပါတယ်။ လက်ရှိအလုပ်မှာ ကိုယ်ရတဲ့လစာဟာ ကိုယ်ယူရတဲ့ရာထူးတာဝန်နဲ့ မျှတမှုရှိရဲ့ လားဆိုတာကို အဖြေရှာကြည့်နိုင်မှာဖြစ်ပြီး ကိုယ့်လိုရာထူးမျိုးနဲ့ အလုပ် လုပ်နေတဲ့ တစ်ခြားဝန်ထမ်းတွေရဲ့ လစာနှုန်းထားတွေ ဘယ်လောက်ရှိတယ်ဆိုတာကို သိရအောင် ဒီဝက်ဘ် ဆိုက်မှာ နှိုင်းယှဉ်ကြည့်နိုင်မှာဖြစ်ပါတယ်။

Facebook စာမျက်နှာများ

www.facebook.com/12minNotes/
12min Notes Myanmar ဟာ နာမည်ကျော်အင်္ဂလိပ်စာအုပ်တွေကို မြန်မာဘာသာနဲ့ အတိုချုပ်ဖတ်နိုင်မယ့် page ဖြစ်ပြီး၊ နာမည်ကျော်သုတစာအုပ်ကောင်း မြောက်များစွာကို တွေ့ရမှာဖြစ်ပါတယ်။ Personal Development, Self-Help, Business ?Enterpreneurship, Psychology, Management, Biography, Productivity, Leadership စတဲ့ နိုင်ငံတကာကနာမည်ကျော် အရောင်းရဆုံးသုတစာအုပ်ကောင်းတွေကို လက်လှမ်းမီဖတ်ရှုနိုင်စေဖို့အတွက် အဆိုပါမူရင်းစာအုပ်တွေထဲက အဖိုးတန်အသိပညာဗဟုသုတတွေကို မျှဝေ ပေးနေတာဖြစ်ပါတယ်။

www.facebook.com/groupbuyy/
Groupbuyy ဟာ မြန်မာနိုင်ငံမှာရှိတဲ့ အရည်အသွေးမြင့်ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုမျိုးစုံတို့ရဲ့ discount နဲ့ promotion ဈေးနှုန်းတွေကို အချိန်နဲ့တစ်ပြေးညီဖော်ပြပေးနေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာဖြစ်ပါတယ်။ အစား အသောက်ဆိုင်ရာ၊ ကုန်ပစ္စည်းအမျိုးမျိုး၊အဖျော် ယမကာ၊ ကျန်းမာရေးနဲ့ကိုယ်ကာယသင်တန်း၊ ဘာလုပ်ရန် ကောင်းမလဲ၊ လက်မှတ်နဲ့ပွဲ တော်ဆိုင်ရာ၊ အလှအပရေးရာနဲ့ Spa ၊ ပညာရေးဆိုင်ရာ၊ ခရီးသွားစတဲ့ ကဏ္ဍ တွေက လျှော့ဈေးသတင်းတွေကို တင်ပေးနေတာဖြစ်တဲ့အတွက် like လုပ်ထားသင့်ပါတယ်။

www.facebook.com/adsecretdiary/
AD – Secret Dirary ဟာ မြန်မာလူငယ်တွေအတွက် lifestyle tip တွေကို မျှဝေပေးနေ page ဖြစ်ပြီး၊ လူငယ်တွေအတွက် လိုက်နာကျင့်သုံးနိုင်မယ့်အကြောင်းအရာလေးတွေကိုသိရဖို့ like လုပ်ထားနိုင်ပါတယ်။ အထူးသဖြင့် အမြဲတမ်းကျန်းမာလှပတဲ့ အသား အရေဖြစ်ဖို့အတွက် အသားအရေထိန်းသိမ်းနည်း Skincare နဲ့ ပတ်သက်တာတွေကို လေ့လာနိုင်သလို၊ ဖက်ရှင်ကျကျဝတ်တတ်စားတတ်အောင် လေ့လာလိုသူတွေအတွက် Fashion ဆိုင်ရာတွေနဲ့ lifestyleန နဲ့ပတ်သက်သမျှတွေကို လေ့လာရမှာဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Website & Facebook စာမ်က္ႏွာမ်ား

Website စာမ်က္ႏွာမ်ား

www.tayplus.com/
www.tayplus.com ဟာ စိတ္ဝင္စားဖြယ္ ႐ုပ္ရွင္၊ စီးရီး၊ တီဗီအစီအစဥ္ေပါင္းမ်ားစြာကို တစ္ေနရာတည္းမွာ ၾကည့္ရႈခံစားႏိုင္တဲ့ ျမန္မာႏိုင္ငံရဲ႕ပထမဆုံး Online Video Platform ကို အသုံးျပဳႏိုင္တဲ့ ဝက္ဘ္ဆိုက္ျဖစ္ပါ တယ္။ ႏိုင္ငံတကာ ႐ုပ္ရွင္ဇာတ္လမ္းတြဲေတြ၊ ျမန္မာႏိုင္ငံက အေက်ာ္ၾကားဆုံး ဗီဒီယိုဇာတ္ကားေတြ၊ ဘယ္မွာမွ မရႏိုင္တဲ့ ထူးျခားတဲ့အစီအစဥ္က႑ေပါင္းမ်ားစြာကို တစ္ေနရာတည္းမွာ စိတ္ႀကိဳက္ေ႐ြးခ်ယ္ၾကည့္ရႈႏိုင္မွာျဖစ္ ပါတယ္။ MPT အသုံးျပဳသူေတြ အသုံးျပဳႏိုင္တဲ့ ဝန္ေဆာင္မႈျဖစ္ပါတယ္။

www.drivemyanmar.com/
www.drivemyanmar.com ဟာ ေနာက္ဆုံးေပၚကားေတြ၊ ကားေလာကရဲ႕ဦးတည္ရာေတြ၊ ျပည္တြင္းနဲ႔ ႏိုင္ငံတကာ ကားေလာကမွာ ဘာေတြျဖစ္ေနသလဲဆိုတာေတြကို ေဖာ္ျပေပးေနတဲ့ ျမန္မာျပည္ရဲ႕တစ္ခုတည္း ေသာ ကားမဂၢဇင္းဝက္ဘ္ဆိုက္ျဖစ္ပါတယ္။ သင့္ကားအတြက္ ဘာေတြအမ်ားဆုံးရရွိႏိုင္မလဲ၊ သင့္အတြက္ ေမာင္းႏွင္မႈအေတြ႕အႀကဳံစတာေတြကို ဓာတ္ပုံေတြနဲ႔ခံစားႏိုင္မယ့္ ကားေတြ႕ဆုံေဆြးေႏြးပြဲတစ္ခုလိုမ်ိဳး ကားနဲ႔ ပတ္သက္သမွ် သိရွိရမယ့္ေနရာျဖစ္ပါတယ္။ ကားနဲ႔ပတ္သက္တာေတြအားလုံးကို ဖတ္ရႈရမွာျဖစ္ပါတယ္။

www.mylasar.com/
www.mylasar.com ဟာ ကိုယ့္ရဲ႕လစာမွ်တမႈရွိမရွိ အေျဖရွာၾကည့္ႏိုင္မယ့္ ဝက္ဘ္ဆိုက္ျဖစ္ၿပီး၊ အလုပ္ရာထူး ၆ဝဝ ေက်ာ္အတြက္ လစာႏႈိင္းယွဥ္ခ်က္ေတြထုတ္ေပးႏိုင္ပါတယ္။ လက္ရွိအလုပ္မွာ ကိုယ္ရတဲ့လစာဟာ ကိုယ္ယူရတဲ့ရာထူးတာဝန္နဲ႔ မွ်တမႈရွိရဲ႕ လားဆိုတာကို အေျဖရွာၾကည့္ႏိုင္မွာျဖစ္ၿပီး ကိုယ့္လိုရာထူးမ်ိဳးနဲ႔ အလုပ္ လုပ္ေနတဲ့ တစ္ျခားဝန္ထမ္းေတြရဲ႕ လစာႏႈန္းထားေတြ ဘယ္ေလာက္ရွိတယ္ဆိုတာကို သိရေအာင္ ဒီဝက္ဘ္ ဆိုက္မွာ ႏႈိင္းယွဥ္ၾကည့္ႏိုင္မွာျဖစ္ပါတယ္။

Facebook စာမ်က္ႏွာမ်ား

www.facebook.com/12minNotes/
12min Notes Myanmar ဟာ နာမည္ေက်ာ္အဂၤလိပ္စာအုပ္ေတြကို ျမန္မာဘာသာနဲ႔ အတိုခ်ဳပ္ဖတ္ႏိုင္မယ့္ page ျဖစ္ၿပီး၊ နာမည္ေက်ာ္သုတစာအုပ္ေကာင္း ေျမာက္မ်ားစြာကို ေတြ႕ရမွာျဖစ္ပါတယ္။ Personal Development, Self-Help, Business ?Enterpreneurship, Psychology, Management, Biography, Productivity, Leadership စတဲ့ ႏိုင္ငံတကာကနာမည္ေက်ာ္ အေရာင္းရဆုံးသုတစာအုပ္ေကာင္းေတြကို လက္လွမ္းမီဖတ္ရႈႏိုင္ေစဖို႔အတြက္ အဆိုပါမူရင္းစာအုပ္ေတြထဲက အဖိုးတန္အသိပညာဗဟုသုတေတြကို မွ်ေဝ ေပးေနတာျဖစ္ပါတယ္။

www.facebook.com/groupbuyy/
Groupbuyy ဟာ ျမန္မာႏိုင္ငံမွာရွိတဲ့ အရည္အေသြးျမင့္ကုန္ပစၥည္းေတြနဲ႔ ဝန္ေဆာင္မႈမ်ိဳးစုံတို႔ရဲ႕ discount နဲ႔ promotion ေဈးႏႈန္းေတြကို အခ်ိန္နဲ႔တစ္ေျပးညီေဖာ္ျပေပးေနတဲ့ ေဖ့စ္ဘြတ္စာမ်က္ႏွာျဖစ္ပါတယ္။ အစား အေသာက္ဆိုင္ရာ၊ ကုန္ပစၥည္းအမ်ိဳးမ်ိဳး၊အေဖ်ာ္ ယမကာ၊ က်န္းမာေရးနဲ႔ကိုယ္ကာယသင္တန္း၊ ဘာလုပ္ရန္ ေကာင္းမလဲ၊ လက္မွတ္နဲ႔ပြဲ ေတာ္ဆိုင္ရာ၊ အလွအပေရးရာနဲ႔ Spa ၊ ပညာေရးဆိုင္ရာ၊ ခရီးသြားစတဲ့ က႑ ေတြက ေလွ်ာ့ေဈးသတင္းေတြကို တင္ေပးေနတာျဖစ္တဲ့အတြက္ like လုပ္ထားသင့္ပါတယ္။

www.facebook.com/adsecretdiary/
AD – Secret Dirary ဟာ ျမန္မာလူငယ္ေတြအတြက္ lifestyle tip ေတြကို မွ်ေဝေပးေန page ျဖစ္ၿပီး၊ လူငယ္ေတြအတြက္ လိုက္နာက်င့္သုံးႏိုင္မယ့္အေၾကာင္းအရာေလးေတြကိုသိရဖို႔ like လုပ္ထားႏိုင္ပါတယ္။ အထူးသျဖင့္ အၿမဲတမ္းက်န္းမာလွပတဲ့ အသား အေရျဖစ္ဖို႔အတြက္ အသားအေရထိန္းသိမ္းနည္း Skincare နဲ႔ ပတ္သက္တာေတြကို ေလ့လာႏိုင္သလို၊ ဖက္ရွင္က်က်ဝတ္တတ္စားတတ္ေအာင္ ေလ့လာလိုသူေတြအတြက္ Fashion ဆိုင္ရာေတြနဲ႔ lifestyleန နဲ႔ပတ္သက္သမွ်ေတြကို ေလ့လာရမွာျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)