အဆင့်မြှင့်တင်ထားတဲ့ sensor design ကို အသုံးပြုထားတဲ့ Alpha a7 III Mirrorless Digital Camera ကတော့ အမျိုးမျိုးသော လုပ်ငန်းခွင်တွေမှာ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို အမိုက်စားရိုက်ကူးနိုင်မယ့် Sony က ထုတ်လုပ်ပေးလိုက်သော ကင်မရာတစ်လုံးပါ။ ပိုမိုတိုးတက်ကောင်းမွန်တဲ့ speed နှင့် low-light performance တွေအတွက် full-frame 24.2MP Exmor R BSI CMOS sensor နှင့် BIONZ X image processor တို့က ပေါင်းစပ်လုပ်ဆောင်ပေးကာ အထင်ကြီးဖွယ် 10fps continuous shooting rate နှင့် မြန်ဆန်တဲ့ autofocus performance ကို ပေးစွမ်းပြီး ကျယ်ပြန့်တဲ့ frame coverage နှင့်အတူ အရာဝတ္ထုတွေကို ခြေရာခံနိုင်မှာ ဖြစ်ပါတယ်။ အဆင့်မြင့် Fast Hybrid AF System ကလည်း 693 phase-detection points နှင့် 425 contrast-detection areas တို့ကို ပေါင်းစပ်ပေးကာ အမျိုးမျိုးသော အလင်းရောင်အနေအထားတွေမှာ focus ချိန်ညှိမှုကို တိကျမြန်ဆန်စွာ လုပ်ဆောင်နိုင်စေမှာပါ။ 5-axis SteadyShot INSIDE sensor-shift image stabilization က camera shake ကြောင့်ဖြစ်တတ်တဲ့ ပုံရိပ်များ ဝေဝါးခြင်းကနေ လျှော့ချပေးကာ အနောက်ဘက်က 3.0″ 922k-dot touchscreen LCD ကတော့ အမြင့်အနိမ့်ထောင့်ချိုးတွေကနေ အလုပ်လုပ်တဲ့အခါ အဆင်ပြေအောင် ဖန်တီးပေးပါတယ်။ 2.36m-dot Tru-Finder OLED EVF ကလည်း တောက်ပပြီး ပြတ်သားကြည်လင်တဲ့ eye-level monitoring ကို ပေးစွမ်းပါတယ်။ Picture Effect modes ၊ Creative Style modes ၊ Highlight and Average metering modes ၊ Ratings function အစရှိတာတွေလည်း စုံလင်စွာပါရှိပြီး တန်ဖိုးအနေနဲ့ 2,810,000 Ks ကျသင့်မှာဖြစ်ကာ Sony Showroom, Ph : 09-455533667 တွင် ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Sony Alpha 7 III

