Samsung Galaxy A80 ကို ပြီးခဲ့တဲ့ ဧပြီလတုန်းက ကြေညာခဲ့တာဖြစ်ပြီး ဇူလိုင်လမှာ စတင်ရောင်းချပါတယ်။ Samsung Galaxy A80 မှာ Notch-Less Display ဒီဇိုင်းသုံးထားပြီး ကျောဘက်ကင်မရာသုံးလုံးကို ရှေ့ကင်မရာအဖြစ်လည်း အသုံးပြုနိုင်အောင် Rotate စနစ် သုံးထားပါတယ်။ လက်ရှိအချိန်မှာ Samsung Galaxy A80 ကို RAM8GB ၊ 128GB Storage ဗားရှင်းတစ်မျိုးတည်းဘဲ ရောင်းချပါသေးတယ်။ ဒါပေမယ့် မကြာမီကာလအတွင်းမှာ Samsung Galaxy A80 ကို RAM8GB ၊ 256GB Storage ဗားရှင်းနဲ့လည်း ရောင်းချလာတော့မှာ ဖြစ်ပါတယ်။

Samsung Galaxy A80 ရဲ့ RAM8GB/256GB ဗားရှင်းကို ရောင်းချဖို့အတွက် TENNA မှာ ထောက်ခံချက် ရယူလာပြီ ဖြစ်ပါတယ်။ ဒါကြောင့် Samsung Galaxy A80 ရဲ့ RAM8GB/256GB ဗားရှင်းကို မကြာမီကာလအတွင်းမှာ ကြေညာရောင်းချလာဖို့ ရှိပါတယ်။

Samsung Galaxy A80 မှာ မျက်နှာပြင် 6.7 လက်မ Super AMOLED FHD+ရုပ်ထွက်၊ Snapdragon 730G Processor ၊ 48MP+8MP Ultrawide+ToF 3D ကင်မရာသုံးလုံး ပါဝင်ပါတယ်။ In-Display Fingerprint Scanner သုံးထားပါတယ်။ ဘက်ထရီ 3700 mAhပါဝင်ကာ 25W Fast Charging သုံးနိုင်ပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Samsung Galaxy A80 ကို 256GB ဗားရွင္းနဲ႔လည္း ထုတ္လုပ္ေရာင္းခ်သြားမည္

Samsung Galaxy A80 ကို ၿပီးခဲ့တဲ့ ဧၿပီလတုန္းက ေၾကညာခဲ့တာျဖစ္ၿပီး ဇူလိုင္လမွာ စတင္ေရာင္းခ်ပါတယ္။ Samsung Galaxy A80 မွာ Notch-Less Display ဒီဇိုင္းသုံးထားၿပီး ေက်ာဘက္ကင္မရာသုံးလုံးကို ေရွ႕ကင္မရာအျဖစ္လည္း အသုံးျပဳနိုင္ေအာင္ Rotate စနစ္ သုံးထားပါတယ္။ လက္ရွိအခ်ိန္မွာ Samsung Galaxy A80 ကို RAM8GB ၊ 128GB Storage ဗားရွင္းတစ္မ်ိဳးတည္းဘဲ ေရာင္းခ်ပါေသးတယ္။ ဒါေပမယ့္ မၾကာမီကာလအတြင္းမွာ Samsung Galaxy A80 ကို RAM8GB ၊ 256GB Storage ဗားရွင္းနဲ႔လည္း ေရာင္းခ်လာေတာ့မွာ ျဖစ္ပါတယ္။

Samsung Galaxy A80 ရဲ့ RAM8GB/256GB ဗားရွင္းကို ေရာင္းခ်ဖို႔အတြက္ TENNA မွာ ေထာက္ခံခ်က္ ရယူလာၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ Samsung Galaxy A80 ရဲ့ RAM8GB/256GB ဗားရွင္းကို မၾကာမီကာလအတြင္းမွာ ေၾကညာေရာင္းခ်လာဖို႔ ရွိပါတယ္။

Samsung Galaxy A80 မွာ မ်က္ႏွာျပင္ 6.7 လက္မ Super AMOLED FHD+႐ုပ္ထြက္၊ Snapdragon 730G Processor ၊ 48MP+8MP Ultrawide+ToF 3D ကင္မရာသုံးလုံး ပါဝင္ပါတယ္။ In-Display Fingerprint Scanner သုံးထားပါတယ္။ ဘက္ထရီ 3700 mAhပါဝင္ကာ 25W Fast Charging သုံးနိုင္ပါမယ္။

NetGuide Journal (Every Wednesday)