Redmi K20 စီးရီးက ဒီဇိုင်းပိုင်း၊ ပါဝါပိုင်း၊ ကင်မရာပိုင်း၊ ဘက်ထရီပိုင်းလည်း ကောင်းမွန်တဲ့အပြင် ဈေးနှုန်းလည်း သက်သာတာကြောင့် စမတ်ဖုန်းဈေးကွက်တိုင်းလိုလိုမှာ အောင်မြင်မှုတွေ ရရှိနေပါတယ်။ စမတ်ဖုန်းကုမ္ပဏီ အမြောက်အမြားတို့ဟာ Redmi K20 ကို အတုယူပြီး စမတ်ဖုန်းကောင်းတွေကို သက်သာတဲ့ ဈေးနှုန်းနဲ့ ရောင်းချဖို့ ကြိုးစားလာကြပါတယ်။

Xiaomi ဟာ နောက်ပိုင်းမှာ သူတို့ရဲ့ စမတ်ဖုန်းတွေမှာ ဆန်းသစ်နည်းပညာတွေ ထည့်သွင်းလာသလို ကြိုးစားအားထုတ်မှုကလည်း မြင့်မားလာနေပါတယ်။ စမတ်ဖုန်းကောင်းဆိုတာ နည်းပညာသစ်ပါဝင်ရုံနဲ့မပြီးဘဲ ဈေးနှုန်းလည်း သက်သာရပါမယ်။ ဒါကြောင့်လည်း Redmi K20 စီးရီးက အောင်မြင်မှုတွေ ရရှိခဲ့တာပါ။

Xiaomi ဟာ လာမယ့် 2020 ခုနှစ်မှာ ထွက်လာမယ့် Redmi K30 စီးရီးမှာ ထူးခြားတဲ့ နည်းပညာသစ်တစ်ခု သုံးလာပါမယ်။ Redmi K30 မှာ LCD In-Display Fingerprint Scanner ထည့်သွင်းလာမှာဖြစ်ကြောင်း သိရပါတယ်။

လက်ရှိအချိန်မှာ In-Display Fingerprint Scanner က OLED မှာဘဲ အလုပ်လုပ်ပါတယ်။ OLED နဲ့ In-Display Fingerprint Scanner သုံးရမှုကြောင့် ဖုန်းရဲ့ဈေးနှုန်းက မြင့်မားလာပါတယ်။ အခြားတစ်ဖက်မှာ ဘက်ထရီသုံးစွဲမှုကလည်း မြင့်မားလာပါတယ်။ ယခုကဲ့သို့ LCD မှာ အသုံးပြုနိုင်တဲ့ In-Display Fingerprint Scanner ကို သုံးလာမှာဖြစ်လို့ Redmi K30 က ဈေးနှုန်းသက်သာလာဖို့ သေချာနေပါတယ်။

Redmi က Redmi K30 ကို လာမယ့် 2020 ခုနှစ်မှာ ကြေညာလာမှာဖြစ်ပြီး 5G ထောက်ပံ့လာမှာဖြစ်ကြောင်း အတည်ပြုပြောကြားထားပါတယ်။ဒီဖုန်းကို Snapdragon 730G နဲ့ ပါဝါထောက်ပံ့လာမယ်လို့ သိရပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Redmi K30 တြင္ LCD In-Display Fingerprint Scanner နည္းပညာသုံးလာမည္

Redmi K20 စီးရီးက ဒီဇိုင္းပိုင္း၊ ပါဝါပိုင္း၊ ကင္မရာပိုင္း၊ ဘက္ထရီပိုင္းလည္း ေကာင္းမြန္တဲ့အျပင္ ေဈးႏွုန္းလည္း သက္သာတာေၾကာင့္ စမတ္ဖုန္းေဈးကြက္တိုင္းလိုလိုမွာ ေအာင္ျမင္မွုေတြ ရရွိေနပါတယ္။ စမတ္ဖုန္းကုမၸဏီ အေျမာက္အျမားတို႔ဟာ Redmi K20 ကို အတုယူၿပီး စမတ္ဖုန္းေကာင္းေတြကို သက္သာတဲ့ ေဈးႏွုန္းနဲ႔ ေရာင္းခ်ဖို႔ ႀကိဳးစားလာၾကပါတယ္။

Xiaomi ဟာ ေနာက္ပိုင္းမွာ သူတို႔ရဲ့ စမတ္ဖုန္းေတြမွာ ဆန္းသစ္နည္းပညာေတြ ထည့္သြင္းလာသလို ႀကိဳးစားအားထုတ္မွုကလည္း ျမင့္မားလာေနပါတယ္။ စမတ္ဖုန္းေကာင္းဆိုတာ နည္းပညာသစ္ပါဝင္႐ုံနဲ႔မၿပီးဘဲ ေဈးႏွုန္းလည္း သက္သာရပါမယ္။ ဒါေၾကာင့္လည္း Redmi K20 စီးရီးက ေအာင္ျမင္မွုေတြ ရရွိခဲ့တာပါ။

Xiaomi ဟာ လာမယ့္ 2020 ခုႏွစ္မွာ ထြက္လာမယ့္ Redmi K30 စီးရီးမွာ ထူးျခားတဲ့ နည္းပညာသစ္တစ္ခု သုံးလာပါမယ္။ Redmi K30 မွာ LCD In-Display Fingerprint Scanner ထည့္သြင္းလာမွာျဖစ္ေၾကာင္း သိရပါတယ္။

လက္ရွိအခ်ိန္မွာ In-Display Fingerprint Scanner က OLED မွာဘဲ အလုပ္လုပ္ပါတယ္။ OLED နဲ႔ In-Display Fingerprint Scanner သုံးရမွုေၾကာင့္ ဖုန္းရဲ့ေဈးႏွုန္းက ျမင့္မားလာပါတယ္။ အျခားတစ္ဖက္မွာ ဘက္ထရီသုံးစြဲမွုကလည္း ျမင့္မားလာပါတယ္။ ယခုကဲ့သို႔ LCD မွာ အသုံးျပဳနိုင္တဲ့ In-Display Fingerprint Scanner ကို သုံးလာမွာျဖစ္လို႔ Redmi K30 က ေဈးႏွုန္းသက္သာလာဖို႔ ေသခ်ာေနပါတယ္။

Redmi က Redmi K30 ကို လာမယ့္ 2020 ခုႏွစ္မွာ ေၾကညာလာမွာျဖစ္ၿပီး 5G ေထာက္ပံ့လာမွာျဖစ္ေၾကာင္း အတည္ျပဳေျပာၾကားထားပါတယ္။ဒီဖုန္းကို Snapdragon 730G နဲ႔ ပါဝါေထာက္ပံ့လာမယ္လို႔ သိရပါတယ္။

NetGuide Journal (Every Wednesday)