Parlor ဟာ နံပါတ်တစ် social talking network ဖြစ်ပြီး တစ်ယောက်ယောက်စာပို့ပြီး စကားပြောတာမျိုးမဟုတ်ဘဲ ဒီအတိုင်း စကားထိုင်ပြောချင်တဲ့သူတိုင်းကို ချက်ချင်းချိတ်ဆက်ပေးနိုင်တဲ့ app ဖြစ်ပါတယ်။ ဘယ်အသက်အရွယ်အပိုင်းအခြားအတွက်မဆို သင့်တော်တဲ့အကြောင်းအရာတွေ၊ အသုံးပြုသူတွေရှိတာဖြစ်လို့ သင်က 17 နှစ်အရွယ်ဖြစ်စေ၊ အသက် 55 နှစ်အရွယ်ဖြစ်နေပါစေ ပြဿမရှိပါဘူး။ မိမိအသုံးပြုမယ့် topic ကို ရွေးလိုက်တာနဲ့ စက္ကန့်ပိုင်းအတွင်းမှာ အခြားအသုံးပြုသူတစ်ယောက်ကို ချိတ်ဆက်မိမှာ ဖြစ်ပါတယ်။ Parlor မှာ အချိန်နဲ့အမျှ စကားပြောနေတဲ့ အသုံးပြုသူထောင်ပေါင်းများစွာ အမြဲရှိတာကြောင့် ဒီ app ကို ဖွင့်လိုက်တိုင်းမှာ လူအသစ်တွေနဲ့ သေချာပေါက်တွေ့နိုင်မှာ ဖြစ်ပါတယ်။ Parlor ဟာ လူကြိုက်အများဆုံး Celebrity app သစ်တစ်ခုလည်းဖြစ်တာကြောင့် နေ့စဉ် celebrity ထောင်ပေါင်းများစွာဟာ သူတို့ရဲ့ပရိသတ်တွေကို စကားပြောဖို့နဲ့ သူတို့ရဲ့ message board တွေမှာ update ပို့စ်တွေတင်ဖို့အတွက် Parlor ကို အသုံးပြုနေကြတာဖြစ်လို့ celebrity တွေအကြောင်းလည်း သိရမှာဖြစ်ပြီး iOS 9.0 နဲ့အထက် လိုအပ်မှာ ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Parlor : The Social Talking App

