ပြီးခဲ့တဲ့နှစ်များစွာအတွင်း OnePlus ဟာ အဆင့်မြင့်စမတ်ဖုန်းကို တစ်လုံးပြီးတစ်လုံးပိုကောင်းအောင် လုပ်ဆောင်လာခဲ့ပါတယ်။ မကြာသေးမီတုန်းက OnePlus ဟာ Snapdragon 855+ Chipset အသုံးပြုထားတဲ့ အဆင့်မြင့်စမတ်ဖုန်း OnePlus 7T Pro ကို ကြေညာခဲ့ပါတယ်။ OnePlus 7T Pro က စနစ်သစ်များပါဝင်တဲ့အပြင် OnePlus ဖုန်းတွေထဲမှာ အကောင်းဆုံးဖုန်းတစ်လုံးဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။

တကယ်လို့များ OnePlus 7T Pro ကို OnePlus 7T နဲ့ နှိုင်းယှဉ်သုံးသပ်ကြည့်ရင် ဘယ်လိုနေမလဲ။ OnePlus 7T Pro က ဈေးပိုကြီးပြီး OnePlus ရဲ့ အကောင်းဆုံးဖုန်းဖြစ်တာကြောင့် ပိုကောင်းနေတာကတော့ သံသယဖြစ်စရာ မရှိပါဘူး။ ဒါပေမယ့် ဈေးနှုန်းသက်သာတဲ့ OnePlus 7T ကကော ရွေးချယ်သင့်တဲ့ ဖုန်းတစ်လုံးလား ကြည့်လိုက်ရအောင်။

OnePlus 7T Rundown

OnePlus 7T မှာ မျက်နှာပြင် 6.55 လက်မရှိပြီး OnePlus 7 ထက် အနည်းငယ်ကြီးပါတယ်။ 90Hz Fluid AMOLED Display သုံးထားပြီး HDR10+(YouTube ၊ Amazon Prime Video ၊ Netflix) တို့ထောက်ပံ့ထားကာ 1080 x 2340 px Resolution သုံးထားပါတယ်။ မျက်နှာပြင်မှာ 3D Corning Gorilla Glass မှန် သုံးထားပါတယ်။

Snapdragon 855+ Processor နဲ့ပါဝါထောက်ပံ့ထားကာ RAM8GB သုံးထားပါတယ်။ Storage 128GB နဲ့ 256GB UFS 3.0 နဲ့ ရွေးချယ်နိုင်ပါမယ်။ microSD မထောက်ပံ့ထားပါဘူး။

OnePlus 7T မှာ ကျောဘက်ကင်မရာသုံးလုံး ပါဝင်ပါတယ်။ 48MP f/1.6 Sony IMX586 Sensor သုံးထားကာ OIS နဲ့ EIS ထောက်ပံ့ထားပါတယ်။ ဒုတိယကင်မရာက 12MP f/2.0 Telephoto ဖြစ်ကာ 2x Optical Zoom သုံးနိုင်ပါတယ်။ တတိယကင်မရာက 117 ဒီဂရီမြင်ကွင်းကျယ်ရိုက်ကူးနိုင်တဲ့ 16MP f/2.2 Ultrawide Angle သုံးထားပါတယ်။ 4K ဗီဒီယိုရိုက်ကူးမှုနဲ့ အနှေးဗီဒီယိုရိုက်ကူးမှုကို 1080p@240fps ဖြင့်လည်းကောင်း၊ 720p@480fps ဖြင့်လည်းကောင်း ရိုက်ကူးနိုင်ပါတယ်။ OnePlus က အနာဂတ် ဆော့ဖ်ဝဲ Update မှာ 720p@960fps ဖြင့် အနှေးဗီဒီယိုရိုက်ကူးမှုထောက်ပံ့လာမယ်လို့ ဆိုထားပါတယ်။

OnePlus 7T မှာ In-Display Fingerprint Scanner ၊ Face Unlock ၊ NFC ၊ Bluetooth 5.0 ပါဝင်ပြီး Vibration Motor နဲ့ Dolby Atmos ထောက်ပံ့ထားတဲ့ စတီရီယိုစပီကာနှစ်လုံး ပါဝင်ပါတယ်။ ဘက်ထရီ 3800 mAh ပါဝင်ကာ Warp Charge 30T ဖြင့် အားသွင်းနိုင်ပါမယ်။ မိနစ် 30 အားသွင်းရုံဖြင့် 0 ရာခိုင်နှုန်းမှ 70 ရာခိုင်နှုန်းအထိ ရရှိပါမယ်။

OnePlus 7T ကို Glacer Blue ၊ Frosted Silver အရောင်တို့နဲ့ ရွေးချယ်နိုင်ပါမယ်။

OnePlus 7T Pro Rundown

OnePlus 7T Pro မှာ မျက်နှာပြင် 6.67 လက်မထောင့်ကွေး AMOLED QHD+ ရုပ်ထွက်နှင့် 90Hz Refresh Rate သတ်မှတ်ထားပါတယ်။ 516PPI နဲ့ 10000:1 Contrast Ratio သုံးထားပါတယ်။ ကျောဘက်နဲ့ မျက်နှာပြင်မှာ 3D Corning Gorilla Glass မှန်သုံးထားသလို In-Display Fingerprint Scanner ပါဝင်ပါတယ်။

ဒီဖုန်းကိုလည်း Snapdragon 855+ ၊ 8GB LPDDR4X RAM နဲ့ 256GB UFS 3.0 သုံးထားပါတယ်။ ယင်းဗားရှင်းတစ်မျိုးတည်းနဲ့ဘဲ ရွေးချယ်နိုင်ပါမယ်။

OnePlus 7T Pro မှာ OnePlus 7 Pro လိုဘဲ ကျောဘက်ကင်မရာသုံးလုံး ပါဝင်ပါတယ်။ အဓိကကင်မရာက Sony IMX586 48MP f/1.6 ဖြစ်ပြီး OIS+EIS ထောက်ပံ့ထားပါတယ်။ ဒုတိယကင်မရာက 8MP Telephoto ဖြစ်ကာ 3x Optical Zoom သုံးနိုင်ပါတယ်။ တတိယကင်မရာက 16MP f/2.2 Ultrawide-Angle ကင်မရာ ဖြစ်ပါတယ်။ ရှေ့ကင်မရာက 16MP f/2.0 ဖြစ်ပါတယ်။

OnePlus 7T Pro မှာ NFC ၊ Dual GPS ၊ Dolby Atmos ထောက်ပံ့ထားတဲ့ စတီရီယိုစပီကာနှစ်လုံး၊ Bluetooth 5.0 ပါဝင်ပါတယ်။ ဘက်ထရီ 4085 mAhပါဝင်ပြီး Warp Charge 30T ဖြင့် အားသွင်းနိုင်ပါမယ်။ USB 3.1 GEN 1 Type C ပေါက်သုံးထားကာ သီချင်းနားထောင်မှုလည်း ပြုလုပ်နိုင်ပါမယ်။ Android 10 အခြေခံ OxygenOS 10 သုံးထားပါတယ်။ စနစ်သစ်များစွာပါဝင်ပါတယ်။ ဒီဖုန်းကို Haze Blue တစ်ရောင်တည်းနဲ့ ရွေးချယ်နိုင်ပါမယ်။

OnePlus 7T Vs OnePlus 7T Pro

ဒီဖုန်းနှစ်လုံးအကြားမှာကြီးမားတဲ့ ကွာခြားချက် မရှိပါဘူး။ စွမ်းဆောင်ရည်ပိုင်း၊ အားသွင်းမှုပိုင်းတူညီသလို ကင်မရာကလည်း အတူတူပါ။ ကင်မရာပိုင်းမှာ OnePlus 7T Pro က 3x Optical Zoom သုံးနိုင်မှုက ထူးခြားချက် ဖြစ်ပါတယ်။ OnePlus 7T Pro မှာ 8MP Telephoto သုံးထားပေမယ့် OnePlus 7T မှာ 12MP Telephoto သုံးထားပါတယ်။

မျက်နှာပြင်အရွယ်အစားနဲ့ ရုပ်ထွက်ပိုင်းမှာ OnePlus 7T Pro က ပိုကောင်းပါတယ်။ ဒါ့အပြင် ဘက်ထရီကလည်း ပိုများပါတယ်။ အခြားတစ်ဖက်မှာ OnePlus 7T Pro မှာ Notch မပါဝင်ပါဘူး။

အကြီးမားဆုံးကွာခြားချက်ကဈေးနှုန်းဖြစ်ပါတယ်။ onePlus 7T ကို ပေါင် 549 သာ သတ်မှတ်ထားပြီး OnePlus 7T Pro ကို ပေါင် 699 သတ်မှတ်ထားပါတယ်။ တကယ်လို့ သင့်အနေဖြင့် အရွယ်အစားကြီးကြီးလိုလိုချင်ပြီး ဈေးနှုန်းက ပြဿနာမဟုတ်ဘူးဆိုရင် OnePlus 7T Pro ကို ရွေးချယ်သင့်ပေမယ့် ဈေးနှုန်းနဲ့ သုံးထားတဲ့ပစ္စည်းကို ချိန်ထိုးမယ်ဆိုရင်တော့ OnePlus 7T က ရွေးချယ်ဖို့ အသင့်တော်ဆုံးလို့ ပြောလို့ ရပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

OnePlus 7T Vs OnePlus 7T Pro : ဘယ္စမတ္ဖုန္းကို ေရြးခ်ယ္သင့္သလဲ

ၿပီးခဲ့တဲ့ႏွစ္မ်ားစြာအတြင္း OnePlus ဟာ အဆင့္ျမင့္စမတ္ဖုန္းကို တစ္လုံးၿပီးတစ္လုံးပိုေကာင္းေအာင္ လုပ္ေဆာင္လာခဲ့ပါတယ္။ မၾကာေသးမီတုန္းက OnePlus ဟာ Snapdragon 855+ Chipset အသုံးျပဳထားတဲ့ အဆင့္ျမင့္စမတ္ဖုန္း OnePlus 7T Pro ကို ေၾကညာခဲ့ပါတယ္။ OnePlus 7T Pro က စနစ္သစ္မ်ားပါဝင္တဲ့အျပင္ OnePlus ဖုန္းေတြထဲမွာ အေကာင္းဆုံးဖုန္းတစ္လုံးဆိုတာ သံသယျဖစ္စရာ မရွိပါဘူး။

တကယ္လို႔မ်ား OnePlus 7T Pro ကို OnePlus 7T နဲ႔ ႏွိုင္းယွဥ္သုံးသပ္ၾကည့္ရင္ ဘယ္လိုေနမလဲ။ OnePlus 7T Pro က ေဈးပိုႀကီးၿပီး OnePlus ရဲ့ အေကာင္းဆုံးဖုန္းျဖစ္တာေၾကာင့္ ပိုေကာင္းေနတာကေတာ့ သံသယျဖစ္စရာ မရွိပါဘူး။ ဒါေပမယ့္ ေဈးႏွုန္းသက္သာတဲ့ OnePlus 7T ကေကာ ေရြးခ်ယ္သင့္တဲ့ ဖုန္းတစ္လုံးလား ၾကည့္လိုက္ရေအာင္။

OnePlus 7T Rundown

OnePlus 7T မွာ မ်က္ႏွာျပင္ 6.55 လက္မရွိၿပီး OnePlus 7 ထက္ အနည္းငယ္ႀကီးပါတယ္။ 90Hz Fluid AMOLED Display သုံးထားၿပီး HDR10+(YouTube ၊ Amazon Prime Video ၊ Netflix) တို႔ေထာက္ပံ့ထားကာ 1080 x 2340 px Resolution သုံးထားပါတယ္။ မ်က္ႏွာျပင္မွာ 3D Corning Gorilla Glass မွန္ သုံးထားပါတယ္။

Snapdragon 855+ Processor နဲ႔ပါဝါေထာက္ပံ့ထားကာ RAM8GB သုံးထားပါတယ္။ Storage 128GB နဲ႔ 256GB UFS 3.0 နဲ႔ ေရြးခ်ယ္နိုင္ပါမယ္။ microSD မေထာက္ပံ့ထားပါဘူး။

OnePlus 7T မွာ ေက်ာဘက္ကင္မရာသုံးလုံး ပါဝင္ပါတယ္။ 48MP f/1.6 Sony IMX586 Sensor သုံးထားကာ OIS နဲ႔ EIS ေထာက္ပံ့ထားပါတယ္။ ဒုတိယကင္မရာက 12MP f/2.0 Telephoto ျဖစ္ကာ 2x Optical Zoom သုံးနိုင္ပါတယ္။ တတိယကင္မရာက 117 ဒီဂရီျမင္ကြင္းက်ယ္ရိုက္ကူးနိုင္တဲ့ 16MP f/2.2 Ultrawide Angle သုံးထားပါတယ္။ 4K ဗီဒီယိုရိုက္ကူးမွုနဲ႔ အေႏွးဗီဒီယိုရိုက္ကူးမွုကို 1080p@240fps ျဖင့္လည္းေကာင္း၊ 720p@480fps ျဖင့္လည္းေကာင္း ရိုက္ကူးနိုင္ပါတယ္။ OnePlus က အနာဂတ္ ေဆာ့ဖ္ဝဲ Update မွာ 720p@960fps ျဖင့္ အေႏွးဗီဒီယိုရိုက္ကူးမွုေထာက္ပံ့လာမယ္လို႔ ဆိုထားပါတယ္။

OnePlus 7T မွာ In-Display Fingerprint Scanner ၊ Face Unlock ၊ NFC ၊ Bluetooth 5.0 ပါဝင္ၿပီး Vibration Motor နဲ႔ Dolby Atmos ေထာက္ပံ့ထားတဲ့ စတီရီယိုစပီကာႏွစ္လုံး ပါဝင္ပါတယ္။ ဘက္ထရီ 3800 mAh ပါဝင္ကာ Warp Charge 30T ျဖင့္ အားသြင္းနိုင္ပါမယ္။ မိနစ္ 30 အားသြင္း႐ုံျဖင့္ 0 ရာခိုင္ႏွုန္းမွ 70 ရာခိုင္ႏွုန္းအထိ ရရွိပါမယ္။

OnePlus 7T ကို Glacer Blue ၊ Frosted Silver အေရာင္တို႔နဲ႔ ေရြးခ်ယ္နိုင္ပါမယ္။

OnePlus 7T Pro Rundown

OnePlus 7T Pro မွာ မ်က္ႏွာျပင္ 6.67 လက္မေထာင့္ေကြး AMOLED QHD+ ႐ုပ္ထြက္ႏွင့္ 90Hz Refresh Rate သတ္မွတ္ထားပါတယ္။ 516PPI နဲ႔ 10000:1 Contrast Ratio သုံးထားပါတယ္။ ေက်ာဘက္နဲ႔ မ်က္ႏွာျပင္မွာ 3D Corning Gorilla Glass မွန္သုံးထားသလို In-Display Fingerprint Scanner ပါဝင္ပါတယ္။

ဒီဖုန္းကိုလည္း Snapdragon 855+ ၊ 8GB LPDDR4X RAM နဲ႔ 256GB UFS 3.0 သုံးထားပါတယ္။ ယင္းဗားရွင္းတစ္မ်ိဳးတည္းနဲ႔ဘဲ ေရြးခ်ယ္နိုင္ပါမယ္။

OnePlus 7T Pro မွာ OnePlus 7 Pro လိုဘဲ ေက်ာဘက္ကင္မရာသုံးလုံး ပါဝင္ပါတယ္။ အဓိကကင္မရာက Sony IMX586 48MP f/1.6 ျဖစ္ၿပီး OIS+EIS ေထာက္ပံ့ထားပါတယ္။ ဒုတိယကင္မရာက 8MP Telephoto ျဖစ္ကာ 3x Optical Zoom သုံးနိုင္ပါတယ္။ တတိယကင္မရာက 16MP f/2.2 Ultrawide-Angle ကင္မရာ ျဖစ္ပါတယ္။ ေရွ႕ကင္မရာက 16MP f/2.0 ျဖစ္ပါတယ္။

OnePlus 7T Pro မွာ NFC ၊ Dual GPS ၊ Dolby Atmos ေထာက္ပံ့ထားတဲ့ စတီရီယိုစပီကာႏွစ္လုံး၊ Bluetooth 5.0 ပါဝင္ပါတယ္။ ဘက္ထရီ 4085 mAhပါဝင္ၿပီး Warp Charge 30T ျဖင့္ အားသြင္းနိုင္ပါမယ္။ USB 3.1 GEN 1 Type C ေပါက္သုံးထားကာ သီခ်င္းနားေထာင္မွုလည္း ျပဳလုပ္နိုင္ပါမယ္။ Android 10 အေျခခံ OxygenOS 10 သုံးထားပါတယ္။ စနစ္သစ္မ်ားစြာပါဝင္ပါတယ္။ ဒီဖုန္းကို Haze Blue တစ္ေရာင္တည္းနဲ႔ ေရြးခ်ယ္နိုင္ပါမယ္။

OnePlus 7T Vs OnePlus 7T Pro

ဒီဖုန္းႏွစ္လုံးအၾကားမွာႀကီးမားတဲ့ ကြာျခားခ်က္ မရွိပါဘူး။ စြမ္းေဆာင္ရည္ပိုင္း၊ အားသြင္းမွုပိုင္းတူညီသလို ကင္မရာကလည္း အတူတူပါ။ ကင္မရာပိုင္းမွာ OnePlus 7T Pro က 3x Optical Zoom သုံးနိုင္မွုက ထူးျခားခ်က္ ျဖစ္ပါတယ္။ OnePlus 7T Pro မွာ 8MP Telephoto သုံးထားေပမယ့္ OnePlus 7T မွာ 12MP Telephoto သုံးထားပါတယ္။

မ်က္ႏွာျပင္အရြယ္အစားနဲ႔ ႐ုပ္ထြက္ပိုင္းမွာ OnePlus 7T Pro က ပိုေကာင္းပါတယ္။ ဒါ့အျပင္ ဘက္ထရီကလည္း ပိုမ်ားပါတယ္။ အျခားတစ္ဖက္မွာ OnePlus 7T Pro မွာ Notch မပါဝင္ပါဘူး။

အႀကီးမားဆုံးကြာျခားခ်က္ကေဈးႏွုန္းျဖစ္ပါတယ္။ onePlus 7T ကို ေပါင္ 549 သာ သတ္မွတ္ထားၿပီး OnePlus 7T Pro ကို ေပါင္ 699 သတ္မွတ္ထားပါတယ္။ တကယ္လို႔ သင့္အေနျဖင့္ အရြယ္အစားႀကီးႀကီးလိုလိုခ်င္ၿပီး ေဈးႏွုန္းက ျပႆနာမဟုတ္ဘူးဆိုရင္ OnePlus 7T Pro ကို ေရြးခ်ယ္သင့္ေပမယ့္ ေဈးႏွုန္းနဲ႔ သုံးထားတဲ့ပစၥည္းကို ခ်ိန္ထိုးမယ္ဆိုရင္ေတာ့ OnePlus 7T က ေရြးခ်ယ္ဖို႔ အသင့္ေတာ္ဆုံးလို႔ ေျပာလို႔ ရပါတယ္။

NetGuide Journal (Every Wednesday)